Wednesday, September 9, 2009

**** ပြည်(သရေခေတ္တရာ) ****

မကြီးကျယ်မခမ်းနားပေမဲ့
ရာဇဝင်ထဲကမြို့တစ်မြို့ပါ
မြို့ပြတွေလောက်မစည်ကားပေမဲ့
ယှက်နွယ်နေတဲ့လမ်းတွေနဲ့အေးဆိတ်မှုက
ကဗျာဆန်ဆန်လှပပါတယ်
အားလုံးသောစိတ်ဓာတ်တွေမှာ
နွေးထွေး၊ ရိုင်းပင်းမှုတွေက
ရှေ့မှာရံထားတယ်
သမိုင်းဝင်ဆံတော်ရွှေစေတီကြီးက
အေးမြတဲ့မေတ္တာတွေနဲ့
ငါတို့မြို့ကိုလွှမ်းခြုံပေးထားတယ်
နိစ္စဒူဝလှုပ်ရှားမှုတွေနဲ့ လှပမှုက
အနောက်တိုင်းကအရှုံးပေးလောက်ရဲ့
မြို့ရဲ့ရင်သွေးငယ်တွေက
မြို့ပြလူငယ်တွေလိုခေတ်မဆန်ပေဘဲ
အိနြေ္ဒပြည့်ဝတဲ့ဆင်ယင်ထုံးဖွဲ့မှုနဲ့
ရောင်စုံပန်းပွင့်ငယ်တွေက
မြို့ရဲ့အလှကိုအားဖြည့်ထားတယ်
ပညာပန်းတွေမွေးထုတ်ပေးတဲ့
အနီရင့်ရောင်ကျောင်းတော်ကြီးက
အထင်ကရလှပနေပေရဲ့
အသွေးရောင်စုံလူတန်းစားတွေပေမဲ့
ရိုးသားမှုကိုအခြေခံထားကြတယ်
သက်တမ်းရင့်နေပေမဲ့
နုပျိုနေဆဲမြို့တစ်မြို့ပါ
လမ်းကြုံရင်တော့
တစ်ခေါက်တစ်ခါလှမ်းခဲ့ပေါ့
ငါတို့မြို့လေးကနွေးထွေးမှုတွေနဲ့
အမြဲလက်ကမ်းကြိုနေမယ်။ ။



7 comments:

မင်းနေဝေး said...

ဟုတ်ပါ့ .... ဘယ် ပေါင်မုန့်မှမလိုဘူး ...
ကိုယ့် မုန့်စိမ်းပေါင်းနဲ့ ကိုယ်ပေါ့... :D
ဘာမှမဆိုင်ဘူးနော် .. :P

ဇီးကုန်းသာယာ said...

အေး လာလည်မှ မသိချင်ယောင်ဆောင်ပြီး ထွက်မပြေးနဲ့နော် တူတူ... :D

. said...

အပဲာ . . .ကြော်ငြာဝင်တယ် .........

ဝက်ဝံလေး said...

ဟုတ်ကဲ့ပါရှင့်နော် ဖတ်သွားပါတယ်နော် ရောက်တယ်နော် ဘိုင်တာ့တာ

မိုးစက်အိမ် said...

ဒီကဗျာလေးကို အရမ်းသဘောကျမိတယ်ဗျာ

လင်းကြယ်ဖြူ said...

ဟုတ်တယ်..အဲ့ဒီ့မြို့လေးမှာမွေး...ငယ်ငယ်ကလေးဘ၀က နေခဲ့တဲ့ အချိန်လေးတွေက အခုထက်ထိ ကို မျက်စိထဲမှာ မြင်ယောင်ရင်းတစ်ခါတစ်ခါ
အိပ်မက်တွေထဲမှာတောင်
မွေးရပ်မြေကို ပြန်ပြန်ရောက်နေတဲ့ အကြိမ်တွေမနည်းဘူး..
အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်..သရေခေတ္တရာ..ပြည်မြို့ငယ်..
ပျော်ပါစေခင်ဗျာ...

Unknown said...

ကဗျာဖတ်ပြီး
ပြည်ကိုပြန်ပြေးချင်စိတ်ပေါက်လာပီ :((

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner