Wednesday, December 30, 2009
♪♫•*¨*•.¸¸❤¸¸.•*¨*•♫♪ Happy New Year ✿ •.¸¸.•´¯`•.♥.•´¯`•.¸¸.•.♫♪
သူငယ်ချင်းတို့ရေ...
မင်္ဂလာရှိသော နှစ်သစ်လေးမှာ 
စိတ်သစ် လူသစ် 
အားအင်သစ်တွေနဲ့ 
ဘဝရဲ့အောင်မြင်မှု ပန်းတိုင်ကို 
ပျော်ရွှင်ချမ်းမြေ့စွာ
လျှောက်လှမ်းနိုင်ကြပါစေ  ....နော်....
သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး လိုတရကြပါစေလို့ 
မိုးစက်ပွင့်လေးက ဆုတောင်းပေးလိုက်ပါတယ်နော်.......
Monday, December 28, 2009
ချန်ခဲ့သူနဲ့ကျန်တဲ့သူ..သယ်သူပိုလွမ်းမလဲ .....
အခြေအနေအကြောင်းကြောင်းကြောင့်ချစ်သူတွေခွဲခွါကြရတယ်...
ဥပမာ..တစ်ခြားနေရာကိုထွက်သွားတာမျိုးပေါ့
အဲဒီအခါမှာ...ချန်ခဲ့သူနဲ့...ကျန်ခဲ့သူ..ဘယ်သူပိုလွမ်းမယ်လို့ ထင်လဲ...
မိုးစက်ပွင့်လေးကတော့...ကျန်ခဲ့သူပိုလွမ်းမယ်လို့ထင်တယ်....
ဘာလို့လဲဆိုတော့......နေရာတကာမှာသူ့အရိပ်တွေချည်းပဲလေ....
ချန်ခဲ့တဲ့သူအနေနဲ့ကလွမ်းရရင်တောင်....ပတ်ဝန်းကျင်သစ်ဖြစ်တဲ့အတွက်....
အနည်းအကျင်းတော့...ခံစားရတာသက်သာမယ်လို့ထင်တယ်...
သူငယ်ချင်းတို့အမြင်လေးကိုပြောပြပေးပါဦး..........
Sunday, December 27, 2009
လွမ်း
မတွေ့ လဲလွမ်း
တွေ့ လဲလွမ်း
အချိန်တိုင်းလွမ်း
နေ့တိုင်းလွမ်းနေ
အလွမ်းဝေဒနာ
ရင်မှာဖြစ်တည်
လွမ်းရက်ရှည်ရှည်..
လွမ်းငွေ့ ဝေဝေ..
လွမ်းတသသ ..
နေ့ မှ ရက်ဆက်
ဆ ထက်တိုးကာ
လွမ်း..လွမ်း..လွမ်း... နေပါတော့သည်....
Saturday, December 26, 2009
အသိတရားနဲ့ တရားအသိ ..
မိတ်ဆွေ
လူငယ်တော်တော်များများက တွေးကြတယ်၊ ပြောကြတယ်။ “တရားလုပ်တယ်ဆိုတာ လူကြီးတွေရဲ့ အလုပ်တဲ့” “လူငယ်တွေနဲ့ ဘာမှ မဆိုင်သေးပါဘူး” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်ဆိုတာ သေခြင်းတရား နဲ့ ဝေးသေးလို့ တဲ့။ လူကြီးတွေ ကတော့ သေခြင်းတရားနဲ့ နီးလာလို့ တရားကို မဖြစ်မနေ လုပ်ကို လုပ်ကြရတာပါတာ တဲ့။
ဟုတ်ပါရဲ့လား။ ဒီစကား မှန်နိုင်ပါ့မလား။ မိတ်ဆွေ ရော ဒီလို ယူဆပါသလား။
မဟုတ်ပါဘူးမိတ်ဆွေ။ သတင်းစာ နာရေးကြော်ငြာတွေကို တစ်ချက်လောက် ကြည့်လိုက်စမ်းပါ။ နေ့စဉ် နဲ့အမျှ သေဆုံးနေကြ တဲ့ အသက်အရွယ်မျိုးစုံနဲ့ လူတွေကို တွေ့ပါလိမ့်မယ်။ ဒါက သတင်းစာထဲ ထည့်နိုင်တဲ့ လူတန်းစားလောက်ပါ။ မထည့်နိုင်တဲ့ လူတန်းစားအရေအတွက် က ဒီထက် ပိုများပါလိမ့်မယ်။
ဒီလူတွေရဲ့ အသက်တွေကိုရော ကြည့်လိုက်စမ်းပါ။ အရွယ်စုံ အသက်စုံကို တွေ့ရပါလိမ့်မယ်။ အသက် (၆၀) (၇၀)တွေက များတယ် ဆိုပေမယ့် အသက် (၃၀)(၄၀) ၀န်းကျင်တွေလည်း မနည်းလှပါဘူး။ အရွယ်ကောင်းလေးတွေဘဲနော်။ လောကကြီးရဲ့ အကြောင်း၊ ဘ၀ရဲ့ အရသာဆိုတာတွေကို မခံစားလိုက်ရဘဲ အသက် (၃)(၄)(၅)နှစ်နဲ့ သေသွားတဲ့ ကလေးငယ်တွေလည်း တွေ့ရပါလိမ့်မယ်။
တကယ်တော့ သေခြင်းတရားဟာ အရွယ် (၃)ပါး ရွေးမနေပါဘူး။ ယောင်္ကျား/မိန်းမ၊ ကြီးသူ/ငယ်သူ၊ ချမ်းသာ/ဆင်းရဲ ဘယ်သူ့ကိုမှ ရွေးနေမှာ မဟုတ်ပါဘူး။ သတ္တ၀ါရယ်လို့ ဖြစ်လာရင် မွေးလာကတည်းက ကိုယ့်နောက်က ကပ်လိုက်နေတဲ့ တရားဟာ သေခြင်းတရားပါဘဲ။ သူက နောက်ကလိုက်၊ ကိုယ်က ရှေ့ကပြေး ။ လိုက်တမ်း ပြေးတမ်း ကစားနေသလိုပါဘဲ။ မှီလာတဲ့အချိန်မှာ ဘယ်အသက်အရွယ်ဘဲ ဖြစ်နေနေ သေမင်းက ဖမ်းချုပ်ခေါ်ဆောင်သွားတော့ တာပါဘဲ။
တကယ်တော့ တရားလုပ်တယ်ဆိုတာ သေခြင်းတရားကို ကြောက်ရွံ့ခြင်း၊ သေခြင်းတရားကို ထိတ်လန့်ခြင်းတွေကြောင့်သာ လုပ်သင့်တာမျိုး မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေရဲ့ “အသိတရား” ဟာ “တရားအသိ” နဲ့ တိုက်ရိုက် ပတ်သက် နေလို့ပါဘဲ။
တိုတောင်းလှတဲ့ လူ့ဘ၀လေးထဲမှာ လူဟာ “လူ့အသိတရား” ရှိရပါမယ်။ သတ္တလောကကြီးတစ်ခုလုံးမှာ ရှိတဲ့ သတ္တ၀ါ အားလုံးထက် လူသားတွေကပိုမို သာလွန်နေရတာဟာလည်း ဒီအသိတရားကြောင့်ပါဘဲ။ အသိတရားမြင့်မားမှု (သို့) အသိဉာဏ် မြင့်မားမှုဟာ လူ နဲ့ တိရိစ္ဆာန်တွေကို ကွဲပြားစေပါတယ်။
ဒါပေမယ့် ဒီလူသားမျိုးနွယ်ထဲမှာသော်မှ လူတစ်ယောက်နဲ့တစ်ယောက် အသိတရားခြင်း မတူကြပါဘူး။ တစ်ချို့ကြ အသိတရား မြင့်မားကြတယ်။ တစ်ချို့ကျတော့ လူလို့သာ ခေါ်ရပေမယ့် တိရိစ္ဆာန်လောက်နီးပါး အသိတရား နည်းပါးကြသူတွေလည်း ရှိကြ ပါတယ်။ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ လူလူခြင်း အကြမ်းဖက်မှု၊ အနိုင်ထက် ပြုကျင့်မှုတွေဟာလည်း လူ့အသိတရား နည်းပါးမှုရဲ့ ပြယုဂ်တွေပါဘဲ။ ဒီလို လူ့အသိတရား နည်းပါးလာခြင်းကြောင့် အမှားကို အမှန်ထင်၊ မကောင်းမှုကို ကောင်းမှုထင်၊ အမည်းကို အဖြူ ထင်ပြီး “အစွန်းရောက်ဝါဒီ” တွေဖြစ်ပေါ်လာပြီး လူသားအခြင်းခြင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ၊ ရာဇ၀တ်မှု တွေဟာ တစ်နေ့ထက် တစ်နေ့များပြားလာနေပါပြီ။
နေ့စဉ်လူနေမှု ဘ၀ထဲမှာလည်း တစ်ဦး နဲ့ တစ်ဦး ညှာတာထောက်ထားမှုရယ်လို့ မရှိကြဘဲ ဦးသူစားစတမ်း၊ လျှင်သူက စားစတမ်း ဆိုသလို အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလုပ်နေကြတာတွေ ၊ နည်းမျိုးစုံသော မသမာမှုတွေနဲ့ စီးပွားရှာ နေကြတာလည်း အသိတရား ခေါင်းပါးလာခြင်းရဲ့ ပြယုဂ်များဘဲဖြစ်ပါတယ်။
တဖက်က တစ်နေ့ထက်တစ်နေ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေဟာ အံ့မခန်းလိလိ ဖြစ်နေပေမယ့်၊ တဖက်ကကြည့်ရင် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကတော့ တစ်နေ့ထက် တစ်နေ့ ကျဆင်းလို့သာ နေပါတော့တယ်။ တကယ်တော့ တိုးတက် နေတဲ့ ခေတ်ကြီးမှာ ပေါ်ထွန်းနေတဲ့ ရုပ်ဝတ္တုပစ္စည်းအမျိုးမျိုးတွေဟာ စိတ်ပိုင်းနဲ့အသိဉာဏ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူ မပေးနိုင်တဲ့အပြင် ပိုပြီး ဆုတ်ယုတ်ကျဆင်းစေတာကိုတောင် သတိထားမိရင် တွေ့ရပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့တဲ့ ဘယ်ဘာသာတရားမှာမဆို ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေေ
နာက်ကို မလိုက်စားကြဖို့ သတိပေး ထားတာကို အမြဲလို တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာတရားတွေဟာ နောက်ဆုံး “အန္တိမရည်မှန်းချက်” ပိုင်းမှာသာ ကွဲပြားသွားပေမယ့် အခြေခံကျတဲ့ လူ့ကျင့်ဝတ်(သီလ)ပိုင်းမှာတော့ တစ်ခုနဲ့တစ်ခု သိပ်မကွာခြားကြပါဘူး။ လူသားတွေကို ပိုပြီး ယဉ်ကျေးလိမ္မာစေဖို့ သွန်သင်ဆုံးမကြတဲ့ ဘာသာတရားချည်းသာ ဖြစ်ကြပါတယ်။ ဒါပေမယ့် သိပ္ပံပညာက သိပ်တိုးတက် လာတော့ ဒီဘာသာတရားဆိုတဲ့ ကိစ္စတွေဟာ လူငယ်တွေအမြင်မှာ မော်ဒယ်အောက်နေတဲ့ အတွေးအခေါ် များလို့ ယူဆထင်မြင် လာကြပါတော့တယ်။
“ဖန်ဆင်းရှင်ဝါဒ” ကို မယုံကြည်လာကြသလို “ကမ္မနိယာမ” ကိုလည်း မယုံကြည်ကြတော့ပါဘူး။ အမေရိကန်နိုင်ငံလို စစ်တမ်း ကောက်ယူနိုင်တဲ့ နိုင်ငံမျိုးမှာ စစ်တမ်းကောက်ယူချက်အရ ဘာသာတရားမဲ့သူအရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ များသည်ထက် များလာပါတော့တယ်။ ဒီအကျိုးရလဒ်ကတော့ အင်မတန် ရုပ်ဝါဒ တိုးတက်လှတဲ့ အမေရိကန်နိုင်ငံကြီးဟာ လူတွေအဖို့ ကိုယ့်ဘ၀လုံခြုံရေးကို အမြဲစိတ်မချရဘဲ လူလူခြင်း ယုံကြည်စိတ်ချရမှု နည်းသထက် နည်းလာပါတော့တယ်။
ကျန်တဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဒီထက်ပိုဆိုးပါတယ်။ အာဏာ နဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားတဲ့ အုပ်စုတွေက အာဏာမဲ့သူ၊ ဆင်းရဲသူတွေအပေါ်မှာ အကြင်နာကင်းမဲ့စွာ နိုင်ငံရေး နဲ့ တစ်မျိုး ၊ စီးပွားရေး နဲ့ တဖုံ နှိပ်စက်နေကြတာတွေဟာ ကြည့်လို့မြင်လို့မကောင်းအောင်ကို ဖြစ်နေပါတော့တယ်။
ဒါတွေအားလုံးဟာ လူသားတွေမှာ ဘာသာရေး အသိစိတ် နိမ့်ကျလာရတာကြောင့် ဖြစ်တယ်ဆိုတာ ငြင်းနိုင်မယ် မထင်ပါဘူး။ ဘာသာတရားတိုင်းဟာ တစ်ကိုယ်ကောင်းစိတ်မမွေးကြဖို့၊ လူလူခြင်း ညှာတာထောက်ထားကြဖို့၊ စိတ်ကို ဖြူစင်သန့်ရှင်း အောင် နေထိုင်တတ်ကြဖို့၊ ရောင့်ရဲလွယ်ဖို့၊ မှန်ကန်သော အသက်မွေးမှုနှင့်သာ အသက်မွေးကြဖို့သာ သင်ကြားခဲ့ကြတာပါ။
အခုတော့ ဒီလို ဘာသာတရားတွေရဲ့ သွန်သင်ဆုံးမမှုတွေဟာ ပြောင်းပြန်ဖြစ်ကုန်ပါပြီ။ လူတွေဟာ တစ်ကိုယ်ကောင်းစိတ် တွေကို ပိုမွေးလာကြတယ်၊ လူလူခြင်း လုံးဝညှာတာမှု မရှိကြတော့ဘူး၊ စိတ်ထားတွေကလည်း အစွမ်းကုန် ညစ်ပတ် စုတ်ပဲ့ နေကြပါပြီ။ ရောင့်ရဲခြင်းဆိုတာ ကြားတောင်မကြားဘူးတော့ဘဲ ငွေ နဲ့ ရုပ်ဝတ္တုပစ္စည်းတွေနောက်ကို အာသာတငမ်းငမ်းနဲ့ လိုက်လို့မဆုံးအောင် လိုက်နေကြပါတယ်။ သမ္မာအာဇီဝ ဆိုတာလည်း ပြတိုက်ထဲမှာ ဖုန်အလိမ်းလိမ်း တက်နေတဲ့ အရာတစ်ခု ဖြစ်သွားပါပြီ။
ဒါတွေရဲ့ အကျိုးဆက်ကတော့ လူ့ကမ္ဘာ လူ့လောကကြီးဟာ လူလူခြင်းလုပ်တဲ့ ဘေးဒုက္ခတွေ၊ သဘာဝဘေးဥပဒ် တွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ အမျိုးမျိုးသော ကူးစက်ရောဂါဆန်းတွေကြောင့် ကမ္ဘာလောကကြီးဟာ ဘေးမကင်း ရန်မရှင်းတဲ့ ကမ္ဘာ လောကကြီး ဖြစ်လာနေပါပြီ။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးဟာ ပျက်သုဉ်းတော့မယ့်ဘေးအန္တရာယ်ရဲ့  ခြောက်လှန့်မှုကို ခံနေကြရပါပြီ။ ဒါမေပယ့် လူတွေကတော့ ဆက်ပြီး မိုက်လို့ ကောင်းတုန်းဘဲ ရှိပါသေးတယ်။
လူ့လောကကြီး တစ်ခုလုံးကို မပျက်သုန်းအောင် ကယ်တင်နိုင်မှာကတော့ “ဘာသာတရား” အပြင် အခြားမရှိပါဘူး။
အလုံးစုံသော မကောင်းမှု ဟူသမျှဟာ “ငါ” တည်းဟူသော အထင်ရောက်မှု နဲ့ မာန်မာနကနေ ပေါက်ဖွားလာကြတာချည်းသာ ဖြစ်တယ် ။ “ငါ” “ငါ့ဥစ္စာ” “ငါ့ပစ္စည်း” “ငါ့မိသားစု” “ငါ့နိုင်ငံ ငါ့လူမျိုး” “ငါ့နိုင်ငံ ငါ့ဝါဒ” “ငါ့ဘာသာတရား” “ငါ့အုပ်စု ငါ့ပါတီ” စတဲ့ “တ, ငါတည်းငါ” နေကြတဲ့အတွက် ကမ္ဘာပေါ်မှာ ပြဿနာမျိုးစုံ၊ ဘေးအန္တရာယ်မျိုးစုံ၊ ဆင်းရဲ ဒုက္ခမျိုးစုံကို ကြုံတွေ့ နေကြရတာပါ။
ဘာသာတရားကို နက်နဲစွာ လေ့လာလိုက်စားခြင်းဟာ “ငါဆိုတဲ့အတ္တမာန” ကို လျော့နည်းစေရုံမက၊ နောက်ဆုံးမှာ ခန္ဓာကိုယ်၌ “ငါတည်းဟူသော အတ္တကောင်” မရှိတဲ့ အဖြစ်ကိုပါ သိမြင်လာစေတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တည်းဟူသော (၆) ဒွာယ နဲ့ အာရုံ(၆)ပါးနဲ့ ထိတွေ့မှုတွေအပေါ်မှာ တပ်မက်စွဲလန်းမှုဖြစ်တာကိုဘဲ ငါမြင်တယ်၊ ငါသိတယ်၊ ငါလိုချင်တယ်ဆိုတဲ့ “အတ္တဒိဌိ” က ပူးကပ်လိုက်တဲ့အခါ အလွန်ကြီးမားလှတဲ့ လောဘ၊ ဒေါသ၊ မောဟနဲ့ သက္ကာယ များ ဖြစ်လာရခြင်းဖြစ်တယ်။
ခန္ဓာကိုယ် အတ္တဘောကြီးထဲမှာ “ငါ” တည်းဟူသော “အတ္တ” မရှိတာကို အမှန်တကယ် သိမြင်ရိပ်စားလာမိချိန်မှာတော့ သတ္တ၀ါ ဟူသမျှဟာ အာရုံ(၆)ပါးရဲ့ စေခိုင်းမှုနောက်ကို တစ်ကောက်ကောက်လိုက်ပါနေရပြီး “ငါ” ခိုင်းတာကို လုပ်နေကြရတဲ့ “အတ္တကျေးကျွန် လုံးလုံးသာ” ဖြစ်တယ်ဆိုတာကို သဘောပေါက်လာစေပါတယ်။ နေ့စဉ် လုပ်နေကြရတဲ့ အလုပ်တွေ၊ အသက် မသေသေးသမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်နေကြရတဲ့ အလုပ်တွေဟာ ဒီ “ငါ” ဆိုတဲ့ အတ္တ နဲ့ လောဘရဲ့ စေခိုင်းမှုကြောင့် မမောနိုင် မပန်းနိုင်လုပ်နေရတာကို သဘောပေါက်လာရင်တော့ တရားအသိ တစ်ခု ဖြစ်ထွန်းလာပြီလို့ ဆိုရပါတော့မယ်။
ဒီလို “ငါမဟုတ်တဲ့” တရားအမှန်ကို သိတဲ့ “တရားအသိ” ကြောင့် ကိုယ့်ရဲ့ “အသိတရား”တွေဟာ ရင့်ကျက်လာပါလိမ့်မယ်။ “ငါ” တည်းဟူသော အတ္တရဲ့ မညှာမတာ စေခိုင်းမှုကို သိလာတဲ့အချိန်မှာ “လောဘသက္ကာယ နဲ့ မာန” တရားတွေ လျော့ကျလာ ပါလိမ့်မယ်။ “ကိုယ့်ကိုယ်ကို ငါလို့ ထင်နေတာ အထင်မှားမှု သက်သက်သာဖြစ်ပြီး တကယ်တော့ အာရုံ(၆)ပါးအပေါ်မှာ ကပ်ညိ မိတဲ့ “တဏှာ” နဲ့ “ဒိဌိ” ရဲ့ စေခိုင်းမှုအောက်မှာ ကျွဲလို နွားလို ရုန်းနေရတဲ့ ကိုယ့်အဖြစ်ကို သဘောပေါက်လာပါလိမ့်မယ်။
အဲဒီအခါမှာ ကိုယ့်သဏ္ဍန်မှာ ရှိတဲ့ “လောဘ၊ ဒေါသ၊ အတ္တ၊ မာန” ကြီးမားမှုတွေနည်းလာပြီး “ကိုယ်ခြင်းစာတရား” ခေါင်းပါးမှု ကနေလွတ်မြောက်လာပါလိမ့်မယ်။ သူလည်း တဏှာလောဘရဲ့ အခိုင်းခံ၊ ငါလည်း တဏှာလောဘရဲ့ အခိုင်းခံ – - အတူတူ နဲ့ အနူနူပါဘဲ လားဆိုတာ သဘောပေါက်လာတော့ လူအချင်းချင်းအပေါ်မှာ ဂရုဏာ ထားနိုင်လာပါလိမ့်မယ်။ ဒီလို စိတ်ထားမျိုး ထားနိုင် လာတာဟာ အသိတရားမြင့်မားလို့သာ ထားနိုင်လာဆိုတာ ငြင်းနိုင်ပါ့မလား။
ဒီလို တရားအသိ မြင့်မားလာတဲ့လူဟာ တွေးခေါ်မျှော်မြင်ရေးဘက်မှာ သိသိသာသာ အဆင့်မြင့်မားလာတာကို တွေ့ရပါမယ်။ တရားအသိကြောင့် အတုအယောင်နဲ့ အစစ်အမှန်ကို ခွဲခြားသိမြင်လာတာမို့ လောကမှာ လူတွေတန်ဖိုးတကယ် ထားအပ်တဲ့ အရာတွေက ဘာတွေ၊ တန်ဖိုးမထားအပ်တဲ့အရာတွေက ဘာတွေဆိုတာ ပိုင်ပိုင်နိုင်နိုင် သိမြင်လာပါလိမ့်မယ်။ လူတွေဟာ ဘာမှ တန်ဖိုးမရှိတဲ့အရာတွေ၊ တန်ဖိုးမရှိတဲ့ ကိစ္စတွေနဲ့ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်နွမ်းနယ်နေကြတာကို သိမြင် တရားကျလာပါ လိမ့်မယ်။
တရားအသိ ပိုင်ပိုင်နိုင်နိုင်ရှိလာလို့ အသိတရားမြင့်မားလာတဲ့သူဟာ ရုပ်သွင်လက္ခဏာက အစ ပြောင်းလဲလာပါလိမ့်မယ်။ လောဘတရား၊ မာနတရားတွေကြောင့် ဂဏှာ မငြိမ်တဲ့ အမူအယာ၊ ပြာလောင်ခတ်နေတဲ့အမူအယာ၊ ဘ၀င်မြင့်နေတဲ့ အမူအယာ မျိုးတွေ မရှိတော့ဘဲ အေးချမ်းတည်ငြိမ်တဲ့ ရုပ်ရည်ရူပကာမျိုးပါ ဖြစ်လာစေနိုင်ပါတယ်။ လုပ်သမျှ ကိုင်သမျှမှာလည်း အမှားနည်း လာပြီး အမှန်များလာပါလိမ့်မယ်။ မှန်ကန်မျှတတဲ့ အပြောအဆို အလုပ်အကိုင်တွေကြောင့် အထက်လူ , အောက်လူ၊ ကြီးသူ, ငယ်သူတို့အကြား မှာလည်း ကြည်ညိုလေးစားစရာ ပုဂ္ဂိုလ် ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် တရားအားထုတ်လေ့လာလိုက်စားခြင်းဟာ ဆုတ်နစ်တဲ့ ကိစ္စမဟုတ်ဘဲ “တရားအသိကြောင့် အသိတရားပါ” မြင့်မား လာစေပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာနိုင်စေတဲ့အပြင် ၊ လူတိုင်းလူတိုင်း မလွဲမသွေ ရင်ဆိုင်ရမယ့် “သေခြင်းတရား” ကိုပါ မကြောက် မရွံ့ တည်ငြိမ်အေး ချမ်းစွာ လက်ခံနိုင်စွမ်းရှိသူ တစ်ဦးဖြစ်လာစေပါတယ်။
ဒါကြောင့် လူငယ်တိုင်း လူငယ်တိုင်း တရားကို ကိုယ်နဲ့ မဆိုင်ဟု ထင်မြင်ယူဆခြင်းမှ ဖယ်ခွာပြီး လက်တွေ့ ကိုယ်တိုင် တရားဓမ္မ အားထုတ်ပြီး “အသိတရားမြင့်မားရင့်ကျက်သူများ” ဖြစ်လာစေခြင်းဖြင့် လူ့ကမ္ဘာလောကကြီး လူ့လောကကြီးအား အကျိုးပြု နိုင်သူများ ဖြစ်ကြပါစေဟု ဆန္ဒမွန် များစွာဖြင့် ရပ်နားပါဦးမည်။
အနေတတ်၊ အသေတတ်ခြင်း မှသည် အနေကင်း၊ အသေကင်းရာဆီသို့ တက်လှမ်းနိုင်ကြပါစေ။
www.baydathukhuma.com မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်.
Wednesday, December 16, 2009
*☆အပြစ်တင်မှာလား☆*
နူးညံ့တဲ့စကားလှလှတွေပြောပြီး...
ယုံကြည်အောင်လုပ်ခဲ့တာ..
နင်ပါ.....
နင့်ရဲ့မာယာတွေနဲ့ 
ငါ့ရဲ့ အချစ်ကို လိမ်ယူခဲ့တာလဲ
နင်ပဲလေ...
လိမ်ညာတာကို
ယုံကြည်စွာ ချစ်ခဲ့မိတာကတော့ ..
ငါပေါ့.....
ကဗျာတွေ.စာတွေနဲ့ ...
သံယောဇဉ်ရစ်ပတ်မိအောင်လုပ်ခဲ့တာ..
နင်ပါ.....
ငါ့ရဲ့ အသဲနုနု...
ကွဲအက်သွားရတယ်..
ခုတော့...
မင်းအပေါ်ထားခဲ့တဲ့.....
အချစ်နဲ့ သံယောဇဉ်ကို...
ဖြတ်တောက်ပစ်ဖို့ .....
ကြိုးစားနေတာ.......
ငါကိုယ်တိုင်ပါလို့ ပြောရင်...
နင် ငါ့ကိုအပြစ်တင်မှာလား.........
Tuesday, December 8, 2009
♥♥♥ ချစ်သူ့ အတွက် ♥♥♥
ဆုံစည်းခဲ့တဲ့ နေ့ ရက်လေးရယ်
ဘာရယ်မဟုတ်ပေမယ့်
ရင်မှာ အမြဲ အမှတ်ရနေတယ်..။...။
အမှတ်ရစေတဲ့ နေ့ရက်လေးတွေ
ပျော်ရွှင်စွာ ဖြတ်သန်းပြီး
သိပ်ချစ်ကြတဲ့ချစ်သူတောင်ဖြစ်ခဲ့ကြပြီနော်...။...။
အမြဲတမ်းဆိုတာထက်
ထာဝရက ပိုပါတယ်
ချစ်သူ...။....။
ချစ်တယ်ဆိုတာ ထက်
ထာဝရ မခွဲချင်တဲ့အချစ်မျိုးနဲ့ ပါ
ချစ်သူ..။....။
ချစ်တယ် . . . သက်ဆုံးတိုင်
လွမ်းတယ် . . . စက္ကန့် တိုင်း
အသက်ရှူနေတဲ့ အချိန်တိုင်း
ရင်ခုန်သံက သတိပေးနေတယ်
♥ ------- ချစ်သူရေ ------- ♥
ရင်ထဲကအချစ်တွေကတော့
ဘယ်တော့မှ
ရိုးမသွားဘူးဆိုတာ
ချစ်သူ သိပါစေနော်....။...။
( ချစ်သူ အတွက် တလပြည့်(6.12.2009) အမှတ်တရ ကဗျာလေးပါ ..)
Tuesday, December 1, 2009
မင်းအတွက်
ကဗျာတဲ့
မင်းထားခဲ့လို့
ရင်ခွင်မှာ ဗလာဖြစ်ခဲ့တာပါ။
မစာနာတတ်လို့
ဒဏ်ရာပေးသွားတဲ့မင်းကို
ငိုနေတဲ့မျက်လုံးတွေနဲ့
ပြုံးပြ နှုတ်ဆက်ရဦးမယ်ဆို
နောင်ဘယ်တော့မှ မငိုတော့ဘူး ချစ်သူ။
ငါ့ကို ထားခဲ့ဖို့
စကားလုံးခါးခါးတွေ မလိုဘူး ချစ်သူ။
အေးစက်တဲ့ မင်းမျက်ဝန်းတွေထဲ
ရက်စက်မယ့် နိမိတ်ကို
ငါ - မြင်ခဲ့ပြီချစ်သူ။
နင့်ဘဝအတွက်- ငါ
သုံးမရတော့လို့ ထားခဲ့မယ် စဉ်းစားရင်လည်း
ရင်ခွင်ဗလာနဲ့ငါက
လိုအပ်ရင်နင့်အတွက်
ကာရံမဲ့ကဗျာတွေ စပ်နေဦးမယ်။
(ဟဲဟဲ..အတဲကွဲနေတူညားအတွက်ပါချင့်........ )
Monday, November 30, 2009
☆☆ တည်မြဲခြင်း ☆☆
ပျော်ရွှင်နေတဲ့
မင်းရဲ့ မျက်နှာ
သိပ်ချစ်ကြတဲ့
ငါ့တို့ နှစ်ယောက်
တည်မြဲခြင်းဆိုတဲ့
သင်္ခါရတရား၊
ဒါတွေအားလုံး ပေါင်းလိုက်ရင်
ငါတို့ အတွက်
လှပတဲ့ ကမ္ဘာလေး ဖြစ်လာမှာပါ......
Saturday, October 31, 2009
+++အချစ်မိုးစက်ပွင့်လေးသို့တမ်းချင်း+++
မျှော်လင့်စောင့်စားရင်း..
ရင်တွေလည်းမောလှပါပြီ။
အချစ်ဆိုတဲ့မိုးစက်လေးတွေ…
ဘယ်အချိန်ခြွေချမလဲလို့လေ။
မြတ်နိုးတွယ်တာချစ်ရသူရဲ့ဘ၀ကို..
နှလုံးသားလေးနဲ့စာနာတတ်ခဲ့ရင်..
အိုလေ..
ရွာသာရွာချပေးလိုက်ကြပါတော့…
အချစ်မိုးစက်ပွင့်လေးတို့ရယ်…
( တယောက်သောသူရေးထားတာလေး တင်လိုက်ခြင်းဖြစ်ပါတယ်ချင့်.. :PPP )
Wednesday, October 14, 2009
♥♥♥ ရက်စက်သူ ♥♥♥
နင်နဲ့ ငါ ရဲ့  အတိတ်က
နွေမှာစချစ်ခဲ့ကြတာ
မိုးရာသီမှာ ပြတ်တိပြတ်တည်း
ဆောင်းရာသီမှာ နောက်ဆုံးပါ......
မေ့လို.မရတဲ့ဧပရယ်ဟာ
ချစ်ခြင်းတွေ အပြည့်နဲ့ပါ
လွမ်းရင်းနဲ.ပဲအော်ငိုကာ.....
စဉ်းစားမရတဲ့ ရက်စက်ခြင်း
ထားခဲ့ခြင်းကမျက်နှာကြောတင်း
သူငယ်ချင်းတွေ သိတယ်ဟန်ဆောင်ရင်း
ထားသွားခဲ့ပြီ နင်ကတော့ ...........
အချစ်ဦးမှာအမုန်းမျက်နှာ
ဇူလိုင်မှသာလာ.......
အချစ်ကိုလိမ်ညာဟန်ဆောင်ရင်း
တန်ဖိုးမဲ့စွာ ထားရစ်ခဲ့ပြီပဲ.....
ဒလဟောစီးဆင်းငါ့ချစ်ခြင်း
ပိတ်ပင်ခဲ့ပြီပဲ......
ငါစိတ်ကူးယဉ် ဘ၀လေး
တိမ်တိုက်လို လေမှာပျောက်ရင်း
သူ.ကိုထာဝရချစ်မယ်တဲ့.....
ဒီလိုတင်ပဲငါ့ကိုဖြတ်ခဲ့.....။
အသစ်တွေ.တော့အဟောင်းမေ့
ဒီလိုနဲ.ပဲ တခန်းရပ်
အလွမ်းတွေနဲ့  ဇာတ်သိမ်းသွားပြီပဲ.....
နောက်တခါဆိုဝေးဝေးပြေး
သူ.လိုလူကိုမတွေ.အောင်ရွေး......
Thursday, October 8, 2009
“ ကိုယ့်ရဲ့ကဗျာလေး ”
 စိတ်ထဲရှိရှိသမျှနဲ့ 
                                          အပြင်ဖက်ကလက်တွေ့ဘ၀တွေက
                                          ကွာခြားလွန်းလှပေါ့ ချစ်သူ
                                          ကိုယ်ရှာချစ်ခဲ့တဲ့
                                          မိန်းကလေးတွေထဲမှာတော့
                                          မင်းဟာ ကဗျာဆန်အောင်မလှပပေမယ့်
                                          ရိုးသားမှုတွေနဲ့သီကုံးထားတဲ့
                                          မင်းရဲ့စကားလုံးတွေဟာ
                                          ကိုယ့်ရဲ့ကဗျာလေးတွေပါ့  ။
                                          အတူနေရရင်တော့ သိပ်ကောင်းမှာပေါ့ချစ်သူ့ 
                                          အနေဝေးနေပေမယ့်
                                          မင်းအပေါ်ချစ်နေတဲ့အချစ်တွေဟာ
                                          အေးခဲမနေပဲ
                                          ရေလိုက်ငါးလိုက်မက
                                          အကြင်နာပိုကာ မင်းကိုချစ်ခဲ့တာ
                                          မင်းအသိဖြစ်မှာပါ့  ။
                                          နေမြင့်လေအရူးရင့်လေဆိုတဲ့စကာ့း့ 
                                          ငါ့ကိုတိုက်ရိုက်လာမှန်မှာလည်းစိုးမိသား
                                          အမ္မပါလီ မင်းသမီးဟာ
                                          ပြတ်သားတဲ့ရပ်တည်ချက်မထားပဲ
                                          ဟိုတယောက်အတွက်လည်းပေးဆပ်ချင်
                                          ဒီတယောက်အတွက်လည်းပေးဆပ်ချင်လုပ်နေတော့
                                          နောက်ဆုံးရလာတဲ့အဖြေက
                                          ခုနှစ်ပြည်ထောင်မင်းတို့ကို
                                          ကပြအသုံးတော်ခံဖျော်ဖြေဖို့
                                          သူမဟာ့  ကခြေသည်မအဖြစ်နဲ့
                                          သူ့အချစ်တွေကိုခွဲဝေချစ်ပေးခဲ့ရပေါ့  ။
                                          လောကီသားတိုင်းဆိုတာက့ 
                                          အပြစ်မကင်းကြပါဘူး ချစ်သူ
                                          တချို့သူတွေက အမှားကိုသိရင်
                                          အမှန်ကိုပြင်ရဲတော့
                                          လေးစားစရာသူစာရင်းထဲ ပါသွားခဲ့ပေါ့
                                          မင်းကို ကိုယ်က ယုံကြည်စွာချစ်ခဲ့လို့
                                         တော်လေး၀၀င်ကိုနောက်တယောက်ထပ်တိုးကာ
                                         တော်ငါးဝ စာရင်းဝင်ဆိုပြီး
                                         မှတ်တမ်းတင်ကာ ချစ်နေချင်သူပါ
                                         ဒါပေမယ့့် 
                                         နေမြင့်လေအရူးရင့်လေဆိုတဲ့စကား
                                         မင်းအဖြစ်ခံနိုင်မလားဆိုတာကိုတော့
                                         ကိုယ်ပိုင်အသိနဲ့ပဲ မင်းဆုံးဖြတ်ပေါ့
                                         ချစ်သူရေ့ 
                                         မင်းဟာကဗျာဆန်အောင်မလှပပေမယ့်
                                         ကိုယ့်ဘ၀ထဲမှာတော့
                                         မင်းဟာကဗျာလေးပါ့  ။
                                                              ဇာနည်မောင်
                                                                       ၈ - ၁၀ - ၂၀၀၉
 မိုးစက်လေးကို ဖွားဖွားလို့ ခေါ်တဲ့ တားတားလေး ဇာနည်မောင်ရဲ့ ကဗျာလေးပါ..
ချစ်တဲ့သူနဲ့ ထာဝရ လက်တွဲနိုင်ပါစေနော်...
့♥♥ အဖြူရောင်အချစ် ♥♥
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ တောက်ပနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။
 ဖြစ်နိုင်မယ်ဆိုရင်…
 နင့်နာမည်  စာသုံးလုံးကို
 စီရီသီကုံးပေးချင်တယ်…။
နင့်ကို   ချစ်တတ်အောင် ပြုစားဖို့
ဘယ်လိုများဆုတောင်းလာခဲ့သလဲ  ....
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ အရာတခုပါပဲ …။
ချစ်သူကို မြတ်နိုးယုံ
ချစ်နေယုံ နဲ့  
ဘဝဆိုတာ မပြီးပြည့်စုံနိုင်ပါဘူး......
နေနဲ့လက…
တယောက်ကိုတယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…ငါတို့ဝေးလိုက်ကြပါစို့ ...
ဂစ်တာတီးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင်း …
နင်.. …ငါ့ကို မေ့သွားမှာပါ …..
ဘာပဲဖြစ်ဖြစ်
 အားလုံးအတွက်
သေချာတဲ့... ငါ့…ကြေညာချက်ကတော့
ကာလာမပါတဲ့  အဖြူရောင်ချစ်ခြင်းတွေနဲ့ 
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။
မနက်ဖြန်ခါတိုင်းမှာ ပျော်ရွှင်နေပါစေ... 
Wednesday, October 7, 2009
♥♥ ရနံ့ သခင် ♥♥
ပြာလဲ့လဲ့မိုးကောင်းကင်အောက်
ငါတယောက်တည်း
ယောင်လည်လည်နဲ့ 
လမ်းလျှောက်ထွက်ခဲ့တယ်
ညင်သာတဲ့လေအဝှေ့ မှာ
ကပ်ညှိပါလာတဲ့  ကိုယ်သင်းနံ့ လေး
ငါ မက်မက်မောမော
လှိုက်ရှူမိသွားတယ်..
ရနံ့ လေးရယ်
ရနံ့ လေးရဲ့ သခင် ကို
ငါ တမ်းတမ်းတတ ရှာဖွေ မိနေတယ်...
အမှတ်တမဲ့ဆိုပေမဲ့ 
ငါ့အတွက်တော့
အမှတ်တရ လေး ဖြစ်သွားတယ်
ရနံ့ သခင်လေးရယ်
ဘယ်ဆီဘယ်နေမှန်းမသိတဲ့ 
ရနံ့ သခင်လေးကို
တမ်းတ မက်မောနေတဲ့
ငါဟာ
တကယ်ဆို
မဖြစ်နိုင်တဲ့ ဘဝတခုကို
အိမ်မက်မက်နေတာပါလား
အိမ်မက်လေးရယ်
ငါဘယ်တော့မှ
အိမ်မက်လေးကနေ
မနှိုးထချင်ဘူးကွယ်
ငါ့ရနံ့ သခင်လေး ကို
အိမ်မက်ထဲမှာပဲ
ထာဝရ တွေ့ ချင်နေမိတယ်......
အိမ်မက်လေးကနေ
ဘယ်တော့မှ မနှိုးထပါရစေနဲ့ နော်....
Tuesday, October 6, 2009
♥♥ သံယောဇဉ် ♥♥
အချစ်ဆိုသောအရာ
အသေအချာမသိ
အဖြေမရှာမိခင်မှာ
နှောင်ကြိုးလေးတမျှင်
မမြင်သာပေမယ့်
ခိုင်မာစွာတွယ်ရစ်
သံယောဇဉ် အချစ်ဖြစ်သွားတယ် ...
Monday, September 28, 2009
♥♥လွမ်းမိတယ်♥♥
ဖုန်းသံကြားရင်
ငါရင်ခုန်တယ်
မင်းအသံကြားရင်
ငါရင်တုန်တယ်
မင်းအသံက
သာယာငြိမ့်ညောင်း
စွဲမက်ဖို့ ကောင်းတယ်
အေးချမ်းသာယာ
မင်းကမ္ဘာမှာ
ငါနေချင်တယ်
နွေးထွေးမှုရဲ့ 
မင်းရင်ငွေ့ မှာ
ခိုလှုံချင်တယ်
အဖြစ်အပျက်
မနှစ်သက်ရင်
မင်းကိုငါလွမ်း
ရင်မှာကျွမ်းတယ်.....
Sunday, September 27, 2009
♥♥ ပျောက်ဆုံးနေသောည ♥♥
မိုးသည်းမှောင်မိုက်သော ည တည
ဝမ်းနည်းအားငယ်ရှုံးနိမ့်နေသော
       ငါ့ကို
လမင်းလေးတစင်း က
သူ့ရှိတဲ့ စွမ်းအင်လေးတွေနဲ့
ပြုံးပြ လမ်းဆောင်ပေးခဲ့လေရဲ့
မကြာလိုက်ပါဘူး
ငါဟာပြန်ပြိုလဲခဲ့ရပြန်တယ်လေ
လမင်းလေးရေ
မင်းဘယ်ကို ထွက်ပြေးသွားတာလဲ
ဘယ်လိုချိန်မှာကော
ပြန်လည်လင်းလက်ပေးအုံးမလဲ
ငါ မျှော်လင့်နေမယ်......
♥♥ ချစ်တော့မယ်ဆိုရင် ♥♥
သူ့ ကို ချစ်မယ်ဆိုရင် အချစ်အတွက်မှတပါး အခြားဘာမှ မဖြစ်ပါစေနဲ့ ......
သူ့အပြုံးလေးကို နှစ်သက်လို့၊ သူ့ မျက်နှာလေး ၊ညင်သာသိမ်မွေ့ တဲ့ သူ့စကားပြောပုံလေး ၊
သူ့အတွေး တစ်စ ကိုယ်နဲ့ထပ်တူ ကျသွားတာလေးကို သဘောကျလို့ ....
ချစ်မိတယ် ဆိုတာမျီုး မဖြစ်ပါစေနဲ့နော်....။
ချစ်လို့ချစ်တာပဲ ဖြစ်ပါစေ။
အဲဒါမှ အစဉ်အမြဲ ချစ်မှာ....
အချစ်ရဲ့  မဆုံးနိုင်သော သက်တမ်းတစ်လျှောက်လုံး....
ထာဝရ ချစ်နေမှာပါ......။
ချစ်တတ်တဲ့ သူများအတွက်ပါရှင် ...ချစ်တဲ့သူများ ချစ်ကံကောင်းကြပါစေ....။
Saturday, September 26, 2009
♥♥ ဆန်းဒေးချစ်သူ ♥♥
ဒီနေ့  က ဆန်းဒေး...
ဆန်းဒေး မှာ သူနဲ့  ချိန်းထားတာ ဆိုတော့ ဝတီ လှလှလေး ပြင်ပြီး အင်တာနက်ဆိုင် ကို သွားရမယ်လေ.... သူနဲ့ ဝတီ နဲ့ က ဆန်ဒေးတိုင်း
တွေ့ နေကျလေ .. ဒီအချိန်လောက်ဆို သူ အွန်လိုင်းရောက်နေလောက်ပြီ.
သူဆိုတာကလဲ ဝတီ တခါမှမမြင်ဖူးပါဘူး....သူနဲ့ သိတာကတော့ ကြာပါပီ..3 လလောက်တော့ ရှိပြီပေါ့နော်..
ဝတီ က ကျောင်းတက်နေတုန်းလေ... အခု မှ ဒုတိယနှစ် ကွန်ပြူတာ တက်နေတာပါ.. ဝတီ အရင်က ချက်တင်ဆိုတာ ကို
မထိုင်ဖြစ်ပါဘူး... ကွန်ပြူတာကျောင်းသူဖြစ်ပြီး
ဂျီမေးလေးတခုလောက်တော့ ရှိမှပါလေ ဆိုပီး သူငယ်ချင်းတွေ နဲ့ 
ဆိုက်ဘာကို လိုက်သွားရင်းနဲ့  စချက်တင်ထိုင်ဖြစ်တယ်ဆိုပါတော့လေ...
ဝတီ တို့ မှာက ညီအမ နှစ်ယောက်တည်းလေ.. မမရတီက ကျောင်းဆရာမပေါ့.. သူ့ ငယ်ချင်း ကစလုံးမှာ ကျောင်းတက်ရင်းအလုပ်လုပ်နေတယ်လေ .. မမ ရတီ က သူ့ သူငယ်ချင်းနဲ့ အီးမေးချင်း
အဆက်အသွယ်ရှိတယ်လေ... မမ ရတီ ကို အဖော်လိုက်ပေးရင်းနဲ့ 
နောက်ပိုင်း ဝတီ ချက်တင် အမြဲ ထိုင်ဖြစ်ပါတော့တယ်....
ဝတီ က စကားပြောရင် ဂျစ်ကန်ကန်လေးရယ်.. ဒါကြောင့်ချက်တင်မှာလဲ
ခဏ ခဏ ရန်ဖြစ်ရတယ်.. သူဆိုတဲ့ တယောက်ရဲ့  နာမည်က ဗညားလို့ခေါ်ပါတယ်။။ သူ့ ရုပ်ကို ပြပါဆိုတော့ မပြဘူး..အပြင်မှာတွေ့ မှ
ပြမယ်တဲ့လေ... အသက်မေးတော့လဲ ဘယ်လောက်ထင်မလဲတဲ့..ပြောကြည့်ပါတဲ့လေ..ဝတီ ထက်ကြီးမယ်ဆိုတာတော့
သိနေတယ်လေ.. သူအသံကလေ လူကြီးတယောက်လိုပဲ... အရမ်းကိုချိုသာပါတယ်..ဝတီစိတ်ထဲမှာတော့ တခါမှမမြင်ဘူးသေးတဲ့ သူ့ ကို အရမ်းချောမောလှပ သူတယောက်လို့ မှတ်ချက်ချပြီးသာ...
သူ့ အသံ..သူ့ ပြောပုံဆိုပုံလေးတွေ က ချောမောခန့် ညားတဲ့ သူတွေ ရဲ့ ပုံစံပဲလေ..နောက်ပိုင်း ဝတီ နဲ့  သူနဲ့ အမြဲချက်ဖြစ်ပါတယ်..
ကြာလာတာနဲ့ အမျှ သူနဲ့ ဝတီ နဲ့ က သူငယ်ချင်းမက ရည်းစားမကျ ပေါ့နော်.. ဟိဟိ.
ဝတီ နှင်းဆီပန်းအဖြူလေး ကြိုက်တယ်ဆိုတာ သူ့ ကိုပြောပြထားတယ်လေ.. ဝတီ မေးကို နေ့ တိုင်း နှင်းဆီ အဖြူ လေး
ပို့ ပေးနေကျလေ...သူက ဝတီ့ ကို ကလေးလေးတယောက်လို ပဲ အမြဲဆုံးမပါတယ်.. သူက ဝတီနဲ့ မွေးနေ့ ကျရင် ဝတီ နဲ့ တွေ့ ချင်တယ်လို့ တောင်းဆိုလာပါတယ် ..ဝတီနဲ့  သူနဲ သိလာတာလဲ ကြာပြီလေ ... တကယ့်နှင်းဆီ အစစ်ကို လဲ သူက ဝတီ့ကိုပေးချင်ပါတယ်တဲ့လေ ....
ဝတီ့စိတ်ကူးထဲ က ချစ်သူ ကို ဝတီ တွေ့ ချင်နေတာပေါ့ ..
တနေ့ ပေါ့ .. သူနဲ့ ချက်နေတဲ့အချိန် မမရတီ လိုက်လာတာ ဝတီ မသိလိုက်ဘူး.. ဝတီကလဲ ကိုယ့်အာရုံနဲ့ကိုယ်ပေါ့ .. type နေတာ..နောက်ကနေ ဝတီရိုက်နေတဲ့ စာတွေ ကို သူလိုက်ဖတ်နေတယ်လေ.. ဒါပေမယ့် ဝတီတို့ ရိုက်တဲ့  ဘားဂလိရှ်ကို သူမဖတ်တတ်ပါဘူး..နောက်မှတဖြည်းဖြည်းနဲ့  သိလာတယ်လေ.. အဲဒီနေ့  အိမ်ပြန်တော့ ဝတီ့ ကို မမ ဆူပါတယ်.. သူနဲ့လဲ မတွေ့ ဘူးပဲနဲ့  အဲလို ပြော၇မလားပေါ့နော်.......သူနဲ့ သွားတွေ့ ဘို့ဆိုတာကိုလဲ ပိတ်ပင်ပါတော့တယ်... ဝတီမွေးနေ့ ကျမတွေ့တော့ပဲ လာမယ့် ဆန်းဒေးတွေ့ ဖို့ ချိန်းလိုက်ပါတယ်.. ဆန်းဒေးကျ ကျူရှင် အကြောင်းပြပြီး အိမ်က ထွက်လို့၇တယ်လေ.....
အိမ်က မမရတီကလဲ ဝတီ ချက်တင်ထိုင်တာ မကြိုက်ပါဘူး..မေ့မေ့ ကို အမြဲတိုင်တယ်လေ..
အင်တာနက်ဆိုင်က ဝတီ တို့ ရဲ့ မျက်စောင်းထိုး လေးတင်ဆိုတော့
ဝတီ့ အတွက် လွယ်နေတာပေါ့နော်...
ဒါနဲ့ ဆန်းဒေးရောက်လာပါတော့တယ်..
သူနဲ့ တွေ့ ရမှာဆိုတော့လေ ဝတီ အလှဆုံးပြင်ဆင်ရမယ်လေ..
တော်ကြာ သူကချောမောနေပြီး ဝတီ က မလှဘူးဆိုရင်
မလိုက်ဖက်ပဲနေမှာပေါ့နော်..
အင်္ကျီတွေ တထည်ပြီး တထည် ရွေးနေရတာလဲ မောလှပါပြီ..
''ဝတီ ''
'' ရှင် ..မမ .. "
'' ဘာလို့ ဒီလောက် အလှတွေ ပြင်နေရတာလဲ .. ကျူရှင်သွားမှာ
အဲလောက်ပြင်စရာလား .. နင်နော်...ကြည့်နေ.. ငါမေမေနဲ့ တိုင်မှာ...
အခုမှ ကျောင်းတောင် မပြီးသေးဘူး.. တခြားအကြောင်းတွေ စိတ်မဝင်စားနဲ့ နော်... ဟို ဗညားဆိုတဲ့ တယောက်နဲ့လဲ သွားတွေ့ ဖို့ 
စိတ်ကူးမနေနဲ့ ...ကြားလား .. ''
'' မတွေ့ ပါဘူး မမ ရဲ့ ..ဝတီ ကျူရှင် သွားမလို့ ပါ ''
'' ပြီးရော..ပြီးရော... ကောင်းကောင်းနေ .. ဒါပဲ နော် ''
'' ဟုတ် မမ ..''
ဝတီလဲ ကြာကြာနေရင် ဆက်ပြောနေမှာဆိုးတာနဲ့ ပဲ အိမ်ကနေ ထွက်လာခဲ့ပါတော့တယ်.... ဒါတောင် မမရတီရဲ့  မေမေနော် မေမေ့သမီးကို ကြည့်ထိန်းအုံးဆိုတဲ့  အသံ ကို ကြားလိုက်ရပါသေးတယ်..
ဝတီကတော့ ဘာပဲပြောပြော သူ နဲ့ ချိန်းထားတဲ့  ကန်တော်ကြီးထဲကိုကားလေးငှားပြီး ထွက်လာလိုက်ပါပြီ....
ဟိုရောက်တော့ သူနဲ့ ချိန်းထားတဲ့ နေရာလေးမှာ သူမရောက်သေးပါဘူး..
တခါမှလဲ မတွေ့ ဖူးတော့ သူဘယ်လို ပုံစံလဲ ဆိုတာလဲ ဝတီ မသိပါဘူး ..
သူက ဝတီ့  ကို မြင်ဖူးတာပဲလေ ..အရင်က ဝတီ သူ့ ကို ဓာတ်ပုံ ပေးထားတယ်ဆိုတော့ သူအရင်လာခေါ်ပါလိမ့်မယ်..ဝတီထွက်လာတာကလဲ နဲနဲစောနေတာကိုး.
ဝတီထက်နဲနဲအသက်ကြီးမယ့် ကောင်လေးချောချောလေး ဆို သူများလားလို့  လှည့်လှည့်ကြည့်ရတာလဲ မောလာပီ..ရင်တွေလဲ ခုန်နေပြီ .. ဟိဟိ...
သူလာရင်တော့ ဝတီ့ အတွက် နှင်းဆီဖြူလေး ပါလာမှာလေ....
ဝတီ ခုံတန်းလေးမှာ ထိုင်နေရင်း သူ့ အလာကို မျှော်နေမိပါတယ်...
အဲအချိန်မှာပဲ ဝတီ ရှေ့ ကို နှင်းဆီဖြူ လေးေ၇ာက်လာပါတယ်..
ဝတီမော့ကြည့်လိုက်တော့ ပါဝါမျက်မှန်ထူထူကြီးနဲ့  လူကြီးတယောက်ပါ..
သူ့လက်ထဲမှာတော့ ဝတီ့ အကြိုက် နှင်းဆီဖြူလေးရယ်လေ....နှင်းဆီဖြူ လေး ကို ဝတီ့ ကို ကမ်းပေးနေပါတယ်..ဝတီလေ နှင်းဆီဖြူ ကို မယူနိုင်ပဲ သူ့ ကိုပဲ ငေးကြည့်နေမိပါတော့တယ်.. ဝတီ ဘယ်လိုမှထင်မထားတဲ့ပုံစံကြီးပါ .. ဝတီ အတွေးထဲ မှာတော့ အရမ်းချောမာပြီး ငယ်ရွယ်မယ်ထင်ထားတာလေ..အခုတော့ ....
ဝတီတယောက် စွံအလို့ နေပါပီ....သူ့လက်ထဲ က နှင်းဆီကို လဲ
ဝတီ မယူမိပါဘူး .....ဖြစ်နိုင်ရင်လေ ဝတီ ထွက်တောင်ပြေးချင်ပါတော့တယ်...
'' ကလေး ..ယူလေ..ဝတီ့ အတွက် ကိုယ်ယူလာတာလေ..
ဝတီပဲ နှင်းဆီဖြူ ဆို အရမ်းကြိုက်တယ်ဆို.. ဘာစားပြီးပြီလဲ .. တခုခုစားရအောင်လေ..
စကားလဲမပြောပါလား...ချက်ထဲမှာတော့ သာလိကာလေး ကျနေတာပဲနော်.. သူ့ လောက်ပြောတာ သူပဲ ..အခုကျတော့ တိတ်နေလိုက်တာ '' တဲ့လေ.. သူချည်းပဲ ဆက်တိုက်ပြောနေပါတော့တယ်..
'' မဟုတ်ပါဘူး ...ဝတီ ခေါင်းနဲနဲကိုက်နေလို့ပါ ..''
'' ဟုတ်လား ..ဘယ်လိုနေသေးလဲ ...''
'' ဝတီ ပြန်ချင်ပြီ..နောက်မှတွေ့ ကြတာပေါ့နော်...
အခုကလေ ကျူရှင်ချိန်မှီအောင် ပြန်ရမှာမိုလို့ ပါ... ''
'' ဒါဆို ကိုယ်လိုက်ပို့ ပေးမယ်လေ ...ကိုယ့်မှာ ကားပါတယ်...''
သူသူဌေးဆို တာ အရင်တည်း က ဝတီ သိပါတယ်.. ဒီလောက် အသက်ကြီးမယ်လို့  မထင်မိဘူး ..အခုတော့ ...ဟူးးးးး......
ဝတီ အော်ငိုပစ်လိုက်ချင်နေပီ......
ကားနဲ့လိုက်ပို့မယ်ဆိုပီး ကားတင်ပြေးမှာလဲ ကြောက်ရသေးတယ်...
''ရပါတယ် ..ဝတီ ဟာ ဝတီ ပြန်ပါ့မယ်...''
'' ဟာ ..မရပါဘူး .. ကိုယ်လိုက်ပို့ ပေးမှာပေါ့ ..ဝတီ ခေါင်းကိုက်နေတယ်မလား ... လာ..တက် ...''
နောက်ဆုံး ဝတီ ဘယ်လို မှ မတတ်သာတဲ့ အတွက်
သူ့ ကားပေါ်တက်လိုက်ရပါတော့တယ်.....
ဝတီ ကားပေါ်ကနေ ဝတီတို့ ထိုင်ခဲ့တဲ့ ခုံတန်းလေး ကို အကြည့်
မြက်ခင်းစိမ်းပေါ်မှာ ပိုင်ရှင်မဲ့ နေတဲ့ နှင်းဆီဖြူ လေး ကို နှမျောတသ ငေးကြည့်နေမိပါတော့တယ်........
နောက်ဆုံးမှာတော့ ဝတီတယောက်.............
Friday, September 25, 2009
အချစ်၏ အဓိပ္ပါယ်
ဘယ်သူမှ မသိလိုက်တဲ့
နှလုံးသားတခု ရဲ့
ငိုကြွေးခြင်းရဲ့
ဖြေသိမ့်ရာက ဘယ်မှာလဲ
ချစ်သူအတွက်
အချစ်တွေနဲ့ ရှင်သန်နေတဲ့
နှလုံးသား တခုရဲ့ 
အသက်က ဘယ်မှာလဲ???????????????
လွမ်းတယ် .....
အရမ်းလွမ်းတယ်........
အချစ် နဲ့အလွမ်း ဆိုတာ တကယ်တော့ ခွဲမရတဲ့အမွှာတွေပါ။ အချစ်ရှိရင် အလွမ်းရှိမယ်
အချစ် နဲ့အလွမ်း မရှိတဲ့ဘ၀က ကျောရိုးမရှိတဲ့ ဘ၀သမားလို ဘယ်တော့မှ နလံထူမှာ မဟုတ်ပါဘူးတဲ့ ။
ချစ်သူကိုလွမ်းရင် သွားလည်းဒီစိတ် စားလည်းဒီစိတ်တဲ့ ဘယ်သွားသွား ဘာလုပ်လုပ် သတိရနေတော့တာဘဲတဲ့.......
သိပ်ချစ်ကြတဲ့ချစ်သူတွေရဲ့အချစ်အလွမ်းလေးတွေကို အဓိပ္ပါယ်ဖွင့်ဆိုထားတာပေါ့နော်….
မိုးစက်လေး သိတဲ့အချစ်ကတော့လေ .... ဟဲဟဲ
အချစ်အချစ် ….
လခတွေကိုစားသွားသောအချစ်…(အဘယ်ကြောင့်ဆိုသော် ဖုန်းခဏခဏဆက်သောကြောင့် )
အချစ် အချစ် …..
ဟင်းအိုးတွေကို တူးသွားစေသောအချစ် ( ချက်တင်တွင် စိတ်ပါပီး ဟင်းအိုးတည်ထားသည်ကိုမေ့နေပါသောကြောင့်)
အချစ် အချစ် ……
ငါ့ကွန်ပြူတာကို ခဏခဏပျက်စေတဲ့ အချစ်….
အရေခကွေးယပင့်စသတ်…..နင့်ကို ငါမချစ်ဘူး.. 
Thursday, September 24, 2009
♥♥ အသဲကွဲခြင်း ♥♥
ချစ်သူ ...
ငါဟာ ပန်းလေးတပွင့်ပဲဆိုပါတော့..လိပ်ပြာလေးတွေကမေးကြတယ်....
မင်းမှာချစ်သူအများကြီးရှိလားတဲ့.....
ငါကလဲပြန်ပြောလိုက်ပါတယ်......ချစ်သူအများကြီးမရှိပါဘူး.....
ရှိခဲ့ဖူးတဲ့တစ်ယောက်ကိုတော့....အများကြီးချစ်ခဲ့ပါတယ်လို့.........
ချစ်သူမင်းငါ့ကို
မချစ်လည်း
နေလို့ရပါတယ်
ချစ်သူမင်းငါ့ကို
ခွဲခွာသွာလည်း
နေလို့ရပါတယ်
ဒါပေမဲ့
မင်းကို မုန်းမေ့ဖို့  
မချစ်ဖို့ဆိုတာတော့
ဘယ်လိုမှမဖြစ်နိုင်လို့ပါ
ချစ်သူ.....
အရာရာကို ပေါ့ပျက်ပျက် တွေးတတ်တဲ့
ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ
မင်းအတွက်
လေးနက်ခြင်းဆိုတာတွေ
ရှိနေတတ်ပြီ   ချစ်သူ ...
အမြဲပျော်ပျော်နေတတ်တဲ့
ကောင်မလေးတယောက်
မင်းကိုလွမ်းစိတ်နဲ့ 
တိတ်တဆိတ် ကြေကွဲနေတတ်ပြီ
ချစ်သူ...
အရာရာကို တစ်ဇွတ်ထိုး
အနိုင်ယူတတ်တဲ့ ကောင်မလေး
မင်းနဲ့ကျမှ
ရှုံးနိမ့်နေရပြီဆိုတာ
မင်းသိရဲ့လား.....
ငါ့အတွက်ကတော့
မင်းကိုချစ်မိတဲ့အတွက်
အသဲကွဲဒဏ်ရာများစွာကို
ကျေနပ်စွာ ခံယူရင်း.
မှောင်မိုက်တဲ့ အခန်းလေးထဲမှာ 
ရှေ့ဆက် လွမ်းနေရအုံးမယ်
ချစ်သူရေ...
( ဟိဟိ..ရေးချင်တာလျှောက်ရေးတာနော်..ရင်တွင်းဖစ်တော့ ဝုတ်ရပါဝူးချင့်.. :PPPPPPPPPP)
Tuesday, September 22, 2009
☼☼ နတ်ဆိုးတကောင်နှင့် တွေ့ ဆုံခြင်း ☼☼
ညတုန်းကမောမောလေးနဲ့  အိပ်ပျော်သွားလိုက်တာ ....တခါမှ အိမ်မက်မမက်ဘူးတဲ့ လူ ..အိမ်မက်တွေ မက်မိတယ်ပေါ့လေ..အိမ်မက်ထဲမှာ  ဘွား ခနဲ ဆို နတ်ဆိုးကြီး တကောင် ပေါ်လာပါရော...
အဲနတ်ဆိုးကြီးကလေ ခေါင်းကြီးပါဘူးတော့.. သိလား.. သူကစကားစပြောလာတယ်....
ခေါင်းမပါပေမယ့် စကားတော့ ပြောလို့ရတယ်တဲ့နော်..အဟိ... နတ်ဆိုးကြီး က
ငါတို့ နှစ်ယောက် ကစားကြရအောင်တဲ့လေ..ဒါဆိုရင်လဲ အိုကေလေလို့ ... နတ်ကောင်းလုပ်တမ်းကစားမယ်လို့ ပြောလိုက်တယ်.....သူကဘာပြန်ပြောလဲဆိုတော့ ..နင်ကလူကောင်းမဟုတ်ဘူးတဲ့ ..နင်ရူးနေပီတဲ့...ဟီးဟီး...
အဲအချိန်မှာပဲ မိုးစက်ရေ..ထတော့တဲ့ ..7 နာရီထိုးပီတဲ့လေ.... အိမ်မက်လေးလဲ အဲတင်ပဲ ရပ်သွားရပါတော့တယ်ကွယ်..
ကိုယ့်ဟာကိုပြုံးမိပါတယ်...ငါ့ဘဝကလဲနော် ဆိုးလိုက်ပါဘိ...
...( မအိပ်ခင် နတ်အကြောင်းပြောနေရင်း အတွေးရလို့ ရေးလိုက်တာပါ.. ဟီးဟီး ..:))))
♥ ချစ်သူ့ ♥ အတွက် ♥ အလွမ်း ♥
ချစ်ရတဲ့ကောင်လေးရေ
အမြဲပဲ ကံမကောင်းခဲ့တဲ့ ငါ
ဒီတခါလဲ ကံမကောင်းပြန်ဘူးလား....
ချစ်သူရယ် ..
နင်နဲ့ တွေ့ မှ အချစ်ဆိုတာ
နားလည်ခဲ့မိတဲ့ငါ
နင့်ချစ်သူဖြစ်ခွင့်ရခဲ့လို့ 
အရမ်းပျော်ခဲ့မိတယ်
ငါ့အနားမှာ နင် ရှိနေတဲ့အချိန်
ငါ့အတွက်အပျော်ဆုံးအချိန်တွေပေါ့
အမှတ်တမဲ့ ပြုမိတဲ့ အမှားအတွက်
ရရှိလာတဲ့ရလဒ်က နင့်အမုန်းတွေလား.....
နင်မရှိတော့မှ နင့်တန်ဖိုးကို
ငါသိနေပါပြီ ချစ်သူရယ်
လွမ်းတယ်ချစ်သူ.....
ရင်ဘတ်ချင်းတူရင်
ပေါင်းစပ်လို့ ရတယ်လို့  နင်ပြောခဲ့တယ်လေ
အခုတော့
နင်မရှိတဲ့ အရပ်မှာ
ငါတယောက်တည်း အထီးကျန်စွာနဲ့ 
လွမ်းနေရပြီနော်......
နင့်ကိုလွမ်းစိတ်နဲ့ 
အလွမ်းကဗျာလေးတွေလဲ
ငါရေးတတ်နေပြီ ချစ်သူ.....
ငါ့ရဲ့အမှားတွေအတွက်
တိတ်ဆိတ်နေတဲ့ ညအလယ်
တယောက်တည်း
ငိုကြွေးနေရပြီ ချစ်သူ.....
ငါ့ရဲ့ အသက်ရှူလိုက်တိုင်းမှာ
နင့်ကို သတိယတယ်
ပြန်ဆုံဖို့ မလွယ်မှန်း သိပေမဲ့ 
တမ်းတနေမိတယ်
ချစ်သူရယ် ......
နင့်အချစ်တွေကို
မရရင်နေပါ
ငါ့ကိုတော့ မမုန်းလိုက်ပါနဲ့
ချစ်သူရယ်...
နင့်ကိုလွမ်းတဲ့
အလွမ်းနေ့ ရက်လေးတွေကို
နင်အသိအမှတ်ပြုရင်
ငါကျေနပ်ပါတယ်
ချစ်ရတဲ့ ကောင်လေးရေ.........
Saturday, September 19, 2009
အချစ်ကို ယုံကြည်စွာဖြင့် ..
"ကလင်...လင်..လင်...."
ဖြူစာအုပ်ဖတ်နေတုန်းမှာပဲ ဖုန်းလေး က မြည်လာပါတယ်.....
" ဟယ်လို....  ''
'' ဖြူလား... ''
" အယ် ....ကို "
" ဖြူ ခဏလောက် အပြင်ထွက်ခဲ့ပါလား... ကိုပြောစရာရှိလို့ ..
ဆုံနေကျနေရာလေးမှာ ကိုစောင့်နေမယ်နော်.... ''
'' အင်း ''  ဖြူအခုပဲ ထွက်လာခဲ့မယ်လေ..''
အခန်းထဲဝင်ပီး ပိုက်ဆံအိတ်လေး လွယ်ပြီး ကိုနဲ့ ဖြူ တွေ့ နေကျ
ကန်ဘောင်က ခုံတန်းလေးဆီ ဖြူ ထွက်လာခဲ့ပါတယ်...
ခုံပြာလေးမှာ   ဖြူ အလာကိုထိုင်စောင့်နေတဲ့  ဖြူ သိပ်ချစ်ရသော
ချစ်သူကို လှမ်းမြင်နေရပါမည်......
 အနားေ၇ာက်တော့ ကို့ ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်..
" ကိုရယ်..ကိုနဲ့ ဖြူနဲ့ မတွေ့ ရတာ တပတ်ကြီးများတောင်ရှိနေပြီနော်..
လွမ်းနေရတယ်သိလား ကိုရယ်  " ဆိုပြီး ကို့ ပခုံးလေးပေါ် ဖြူခေါင်းလေးအသာတင်လိုက်ပါတယ်..... 
ကို အလုပ်တွေ ကြိုးစားနေတာပါ ဖြူရယ် ''
အဲလိုကိုကပြောလာတော့လဲ ဖြူ တယောက် ချစ်ရသူ ကို့ ကို အရမ်းသနားသွားပါတယ်... အရမ်းလဲ ပိုချစ်မိနေရပါတယ်...
'' ဖြူ နားလည်ပါတယ် ကိုရယ် .. ဖြူ လဲ ကို့ ကို လွမ်းတယ်..
ကို့ ကို အရမ်းလဲ ချစ်နေမိတယ်.. ကိုနဲ့ အတူတူနေချင်နေပီ ''
 ဖြူ့  ကို ကို ပြောစရာ ရှိလို့ ခေါ်လိုက်တာ .. ကို နိုင်ငံခြားမှာသွားအလုပ်လုပ်မယ်.. ပြန်လာရင် ဖြူ နဲ့  လက်ထပ်မယ်လေ..
'' ဟင် '' 
''   ကို နိုင်ငံခြားကို သွားမယ် ..  ဟုတ်လား ..   ''
'' ဟုတ်တယ်ဖြူ ...... ကို နိုင်ငံခြားသွားမယ် .. ဖြူ နဲ့ ကို အတူတူနေဖို့ အတွက်  ကို ပိုက်ဆံသွားရှာမလို့ ပါ ဖြူ ရယ်......''
'' ကို့ ကို မသွားပါနဲ့လားလို့ တော့ မတားချင်ပါဘူး.. ကိုရယ်...
 ဒါပေမယ့်လေ ဖြူ မှ ကို့ ကို မခွဲနိုင်တာ.. သွားရင် သုံးလေးနှစ်တောင်ကြာမယ်လေ.. ကို့ ကို အဲလောက် အကြာကြီး မခွဲနိုင်ပါဘူး ကိုရယ်..ပြီးတော့ နိုင်ငံခြားဆိုတာ ကောင်မလေးတွေကလဲပေါမှပေါ .. တော်ကြာ ဖြူ ကို့ ကို ဆုံးရှုံးနေရပါ့မယ် ကိုရယ်..ဖြူ ပိုက်ဆံမရှိလဲ ကိုနဲ့ ဆို
ဘယ်လိုပဲနေရ နေရ တူတူနေရဲပါတယ် . ''
'' အာာ .. ဖြူ ကလဲ ကို့ ကို အထင်သေးတာလား.. ကို့ မှာလေ
ဖြူ ထက်ချစ်ရမယ့်သူမရှိပါဘူး.. ဖြူ က ကိုယ့်ဘဝ ..ကိုယ့်အသက်ပါ..
ဖြူ လောက်ချစ်ရမယ့်သူလဲ ကို့ ဘဝမှာ ရှိမလာတော့ပါဘူး ချစ်သူရဲ့ ..ကိုယ်ပြန်လာတဲ့တနေ့ ကျ ဖြူ့ ကို လက်ထပ်မယ်လေ.. နော် ..
အခုက မသွားလို့မရတော့ဘူး ..အားလုံး စီစဉ်ပြီးပြီ.. ''
" ကို က အားလုံးစီစဉ်ပြီး မှ ဖြူ့ ကိုပြောတာပေါ့.. ဟုတ်လား ..
  အဲလိုဆိုတော့လဲ ဖြူ ဘာပြောပြော အရာမရောက်တော့ပါဘူး..
 ကိုစိတ်ချမ်းသာရင် ပြီးတာပါပဲ .. ကိုပျော်နေရင် ဖြူ ကလေ
ဘာပဲ လုပ်ပေးရ လုပ်ပေးရ ကို့ အတွက် ပေးဆပ်နေမယ့်သူပါ..
 ကို့ ကို ဖြူ ဘယ်လောက်ချစ်တယ်ဆိုတာ ကိုအသိဆုံးပါ ..
 ကိုသာ ဘယ်တော့မှ မပြောင်းလဲသွားပါနဲ့နော်.... '''
''  စိတ်ချပါ ဖြူ ရယ် ..ကို ဖြူ ကလွဲ ပြီး ဘယ်သူ့ မှလဲ ချစ်လို့မရပါဘူးကွာ.
ဖြူ က ကို့ အတွက်ပဲ ဖြစ်ရမယ်.. အဲလိုပဲ ကိုကလဲ ဖြူ အတွက်ပဲ ဖြစ်စေရမယ်..ကို့ ကို အမြဲလွမ်းနေရမယ်နော်.. ''
     ဒီနေ့  ကို ဖြူ့ ကို ထားပြီး အဝေးကို သွားတော့မယ့်နေ့ ပေါ့..
လေယာဉ်ကွင်းမှာလဲ ဖြူ မငိုမိအောင် မနဲထိန်းထားရပါတယ်...
ဖြူ သိပ်ချစ်ရတဲ့ ချစ်သူ ကို့ ကို ခေါ်ဆောင်သွားမယ့်လေယာဉ်ကြီး ကို
ဖြူ အရမ်းမုန်းတီးမိပါတယ် ..  ဒီလိုနဲ့ပဲ ကိုလေယာဉ်ပေါ်တက်ရဖို့အချိန်ရောက်လာပါတယ်လေ.. ကိုကတော့ ဖြူ့ ကို ကတိတွေ အထပ်ထပ်ပေးပြီး လေယာဉ်ပေါ်တက်သွားပါပြီ..ဖြူ့ မှာသာ တယောက်တည်း ငေးကျန်ရစ်ခဲ့ရပါတယ်... ဒီလိုနဲ့ပဲ နေလာလိုက်တာ
  ကို ဆီ က ဖုန်းနဲ့ တမျိုး..  စာနဲု့ တဖုံ ဆက်သွယ်ပါတယ်.. 
ကိုအဆင်ပြေတယ်ဆိုလို့  ဖြူ ဝမ်းသာမိပါတယ် ....
နောက် နှစ်နှစ်လောက်ကြာတော့ ကို့ ဆီ က အဆက်အသွယ်သိပ်မရတော့ပါဘူး .. သူအလုပ်တွေ အရမ်းများနေလို့
အရင်လို မဆက်သွယ်နိုင်တော့တာကို တမျိုးမထင်ပါနဲ့ဆိုတာကြောင့်
ဖြူ သူ့ ကို သနားတောင် သနားမိပါတယ်.......
ကို့ ကိုလဲ ဖြူ ယုံကြည်နေမိတယ်လေ.....
တနေ့ မှာ ဖြူ ဆီကို ပြန်လာမယ်လို့  ကို ကတိတွေ ပေးထားတယ်...
ကို့ ရဲ့ အချစ်ကို ဖြူ အဆုံးအစမရှိ ယုံကြည်နေမိသူပါ...
ဖြူ ဟာ အချစ်ကို ယုံကြည်တတ်တဲ့ မိန်းမတယောက်ပေါ့ရှင်... 
အချိန်တွေ ရာသီတွေ သာ ပြောင်းလဲ သွားပါတယ်.....
ကိုကတော့ ဖြူ့ ဆီကို ပြန်မလာသေးပါဘူး... 
ကို့ ဘက် က ဘာမှလဲ ဖြူ့ ကို မဆက်သွယ်တော့ပါဘူး.....
ဒါပေမယ့်လဲ ဖြူ ကတော့ ကို့ ရဲ့  အချစ်ကို ယုံကြည်နေမိတုန်းပါပဲ ...... 
ဖြူ ရဲ့ သူငယ်ချင်းတွေ ကတော့ ဖြူ့ ကို ရူးသွပ်စွာ မိုက်မဲမှုတခုပါပဲတဲ့ ...
 သူ့ ကို မေ့ပစ်လိုက်ပြီး ဘဝ အသစ်ကို ပြန်စဖို့ ပဲ တိုက်တွန်းနေကြပါတယ်....ဖြူ က မှ မမေ့ပစ်နိုင်တာ.. ဖြူ အချစ်ကို တန်ဖိုးတားတယ်.. ယုံကြည်တယ်..ကိုဖြူ့ ဆီပြန်လာမဲ့ ရက်ကို ဖြူ သစ္စာရှိရှိနဲ့စောင့်မျှော်သွားမှာပါ ...
'''  ဖြူတယောက် သူမချစ်သူ ကို့ ကို တမ်းတ လွမ်းဆွတ်နေတဲ့ အချိန်မှာ
  သူမ ချစ်သူ ကိုကတော့ အချစ်သစ်နဲ့ ဘဝသစ် တခုကို တည်ဆောက်နေတယ်ဆိုတာကို
ဖြူ တယောက် သိခဲ့မယ်ဆိုလျှင်...........................''
(မကောင်းလဲ သီးခံဖတ်ပေးနော်.. ရေးချင်တာလျှောက်ရေးပစ်လိုက်တယ်.. ဟိဟိ..  )
ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner