Friday, September 18, 2009

♥♥စက်တင်ဘာ ချစ်သူ♥♥

စက်တင်ဘာတဲ့ ...

 စက်တင်ဘာဆိုတဲ့အသံလေးကို ကြားလိုက်ရတယ်ဆိုရင်ပဲ လူက တခုခုကိုလွမ်းသလိုလို ဆွေးသလိုလို ခံစားနေရတယ်..
ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်သွားပြီပဲလေ..စိတ်ထဲမှာတော့ မနေ့ တနေ့ကလိုပဲ ခံစားနေရပါတယ်.. 
 စက်တင်ဘာဆိုတာ ကျွန်မအတွက်တော့ အမှတ်ရစရာအပြည့်တွေနဲ့ ပါပဲ..
စက်တင်ဘာမှာ သူနဲ့ ကျွန်မ ဆုံဆည်းခဲ့ရတယ်.. လွမ်းတယ်သူရယ်..သူဆိုတာ က တချိန်တုန်းက ကျွန်မရဲ့ 
အဟိ.. ဘယ်လိုပြောမလဲပေါ့နော်.. တခုတော့တခုပေါ့နော်..အဲလိုဖြစ်ခဲ့တာပေါ့နော်..
သူနဲ့ ကျွန်မနဲ့ စတွေ့ ပုံလေးကိုပြောရမယ်ဆိုရင်...............

  စက်တင်ဘာရဲ့  ရက်လေးတရက်မှာပေါ့နော်..သူနဲ့ ကျွန်မ စသိခဲ့ပါတယ်.. ပထမတော့ သူ့ ကိုကျွန်မကောင်းကောင်းစကားမပြောပါဘူး......သူနဲ့ကျွန်မ သိတာက ဝက်ဆိုဒ်တခုမှာပါ...နောက်တော့
ကြာလာတာနဲ့အမျှ ဂျီတော့မှာ ချက်ဖြစ်တယ်ပေါ့နော်..  ဂျီတော့မှာချက်ရင် အဆင်မပြေပါဘူး.. ဘာလို့လဲဆိုတော့
သူက မြန်မာစာသိပ်မရိုက်တတ်ပါဘူး..အရမ်းကိုနှေးပါတယ်.. ကျွန်မက စိတ်ကလက်တဆစ်လေးရယ်.. (အိုင်တီခေတ်လေ..မိုးစက်တို့က မြန်မြန်ပဲ ..အဟိ..စာရိုက်တာပြောပါတယ်)..ကျွန်မတို့ချက်တင်စကားကျလဲ သူနားမလည်ပါဘူး.. သူရိုက်တဲ့ အင်္ဂလိပ်စကားကျတော့လဲ ကျွန်မနားမလည်ပါဘူး..အဟိ..(အဲလောက်တော်တဲ့နာနော်.. :PPPP) သူပြောတာက တမျိုး..ကျွန်မ အဓိပ္ပါယ်ကောက်တာက တမျိုး..သူနဲ့ကျွန်မ ခဏခဏ စကားများရပါတယ်.. ဒါတောင် မောင်နှမလိုမျိုးပဲရှိပါသေးတယ်.. ဟိဟိ.. ကျွန်မ မှာ က အကို မရှိတော့ သူ့ကို အကိုတယောက်လို သံယောဇဉ်က ရှိပြီးသားလေ..နောက်ပိုင်း သူနဲ့ ကျွန်မ ချစ်သူဖြစ်သွားတယ်ပေါ့နော်.(အဟီး..ရှက်ရိုက်တာနော်.. :PPPP)
ကျွန်မ သူ့ ကို ခဏ ခဏ စိတ်ကောက်ပါတယ်.. သူကလဲ ကျွန်မ ကို အလိုလိုက်ပါတယ်လေ..
သူရှိတုန်းက သူ့တန်ဘိုး ကို ကောင်းကောင်းမသိခဲ့မိပါဘူး.. သူမရှိတော့မှ ကျွန်မနားလည်မိပါတယ်..
အခုအချိန်မှာတော့ သူက ကျွန်မနဲ့အဝေးဆုံးတနေရာမှာရောက်နေပါပြီလေ...
ကံမကုန်လို့ပြန်ဆုံခဲ့ရမယ်ဆိုရင်တော့ ကျွန်မအတွက် အပျော်ဆုံးပဲပေါ့..
စက်တင်ဘာမှာသူနဲ့ဆုံတွေ့ ခဲ့တဲ့နေ့ လေး ကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး...
စက်တင်ဘာဟာ ကျွန်မဘဝအတွက် အမှတ်တရ လလေးတလပါ..
စက်တင်ဘာမှာဆုံဆည်းခဲ့ရတဲ့ သူဟာလဲ ကျွန်မအတွက်တော့ .............


(ဘယ်ရာတော့ ဘာရယ်ပေါ့နော်.. ဟီးဟီး.. .ဟုတ်ပါဘူး..အခုခေတ်ကအွန်လိုင်းခေတ်ဆိုတော့လေ
အတွေးလေးရလို့ေ၇းလိုက်တာပါရှန့် .:PPPPP.)


        

5 comments:

လင်းငယ် said...

ဟယ် အဲ့လိုကြီးလား... ဆိုးပါ့နော်.. အွန်လိုင်းနော် အွန်လိုင်း ... ပြန်ဆုံကြပါစေကွယ်...

Zigon Thar Yar said...

အတွေးလေးရလို့ရေးသလို၂နဲ့.... တကယ်.. ဘာရယ်ဘာရယ် မဟုတ်လား.. တိနေတယ်.. ကိုယ့်တူတူအကြောင်းကတော့ :D

Anonymous said...

“ ဘာလိုလိုနဲ့ တနှစ်ပြည့်ပြီပဲ။ လမ်းကြုံရင်ပြောပြလိုက်ပါ ကျမရဲ့စိတ်ကူးတွေမှာ သူ့ရဲ့ပုံရိပ်တွေ အမြဲတမ်းခြောက်လှန့်လို့နေတယ်။” အဟိ သီချင်းဆိုတာ။ ဂလိုကိုး မရှိလည်း ဆက်သာခြစ် အားပေးတယ်။ အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

စိတ်၏ဖြေရာ said...

စက်တင်ဘာချစ်သူလေးနဲ့အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေ
ညီမလေးရေ...

လင်းကြယ်ဖြူ said...

အော်..ဂလိုလား.....
အင်တာနက်ချစ်သူဆိုတာ..
ကြားဖူးပါ၏..ခုတော့ကြုံဖူးသူပြောလို့ သိပါပြီ..
အားလုံးအဆင်ပြေပါစေလို့...

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner