Saturday, September 19, 2009
အချစ်ကို ယုံကြည်စွာဖြင့် ..
"ကလင်...လင်..လင်...."
ဖြူစာအုပ်ဖတ်နေတုန်းမှာပဲ ဖုန်းလေး က မြည်လာပါတယ်.....
" ဟယ်လို....  ''
'' ဖြူလား... ''
" အယ် ....ကို "
" ဖြူ ခဏလောက် အပြင်ထွက်ခဲ့ပါလား... ကိုပြောစရာရှိလို့ ..
ဆုံနေကျနေရာလေးမှာ ကိုစောင့်နေမယ်နော်.... ''
'' အင်း ''  ဖြူအခုပဲ ထွက်လာခဲ့မယ်လေ..''
အခန်းထဲဝင်ပီး ပိုက်ဆံအိတ်လေး လွယ်ပြီး ကိုနဲ့ ဖြူ တွေ့ နေကျ
ကန်ဘောင်က ခုံတန်းလေးဆီ ဖြူ ထွက်လာခဲ့ပါတယ်...
ခုံပြာလေးမှာ   ဖြူ အလာကိုထိုင်စောင့်နေတဲ့  ဖြူ သိပ်ချစ်ရသော
ချစ်သူကို လှမ်းမြင်နေရပါမည်......
 အနားေ၇ာက်တော့ ကို့ ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်..
" ကိုရယ်..ကိုနဲ့ ဖြူနဲ့ မတွေ့ ရတာ တပတ်ကြီးများတောင်ရှိနေပြီနော်..
လွမ်းနေရတယ်သိလား ကိုရယ်  " ဆိုပြီး ကို့ ပခုံးလေးပေါ် ဖြူခေါင်းလေးအသာတင်လိုက်ပါတယ်..... 
ကို အလုပ်တွေ ကြိုးစားနေတာပါ ဖြူရယ် ''
အဲလိုကိုကပြောလာတော့လဲ ဖြူ တယောက် ချစ်ရသူ ကို့ ကို အရမ်းသနားသွားပါတယ်... အရမ်းလဲ ပိုချစ်မိနေရပါတယ်...
'' ဖြူ နားလည်ပါတယ် ကိုရယ် .. ဖြူ လဲ ကို့ ကို လွမ်းတယ်..
ကို့ ကို အရမ်းလဲ ချစ်နေမိတယ်.. ကိုနဲ့ အတူတူနေချင်နေပီ ''
 ဖြူ့  ကို ကို ပြောစရာ ရှိလို့ ခေါ်လိုက်တာ .. ကို နိုင်ငံခြားမှာသွားအလုပ်လုပ်မယ်.. ပြန်လာရင် ဖြူ နဲ့  လက်ထပ်မယ်လေ..
'' ဟင် '' 
''   ကို နိုင်ငံခြားကို သွားမယ် ..  ဟုတ်လား ..   ''
'' ဟုတ်တယ်ဖြူ ...... ကို နိုင်ငံခြားသွားမယ် .. ဖြူ နဲ့ ကို အတူတူနေဖို့ အတွက်  ကို ပိုက်ဆံသွားရှာမလို့ ပါ ဖြူ ရယ်......''
'' ကို့ ကို မသွားပါနဲ့လားလို့ တော့ မတားချင်ပါဘူး.. ကိုရယ်...
 ဒါပေမယ့်လေ ဖြူ မှ ကို့ ကို မခွဲနိုင်တာ.. သွားရင် သုံးလေးနှစ်တောင်ကြာမယ်လေ.. ကို့ ကို အဲလောက် အကြာကြီး မခွဲနိုင်ပါဘူး ကိုရယ်..ပြီးတော့ နိုင်ငံခြားဆိုတာ ကောင်မလေးတွေကလဲပေါမှပေါ .. တော်ကြာ ဖြူ ကို့ ကို ဆုံးရှုံးနေရပါ့မယ် ကိုရယ်..ဖြူ ပိုက်ဆံမရှိလဲ ကိုနဲ့ ဆို
ဘယ်လိုပဲနေရ နေရ တူတူနေရဲပါတယ် . ''
'' အာာ .. ဖြူ ကလဲ ကို့ ကို အထင်သေးတာလား.. ကို့ မှာလေ
ဖြူ ထက်ချစ်ရမယ့်သူမရှိပါဘူး.. ဖြူ က ကိုယ့်ဘဝ ..ကိုယ့်အသက်ပါ..
ဖြူ လောက်ချစ်ရမယ့်သူလဲ ကို့ ဘဝမှာ ရှိမလာတော့ပါဘူး ချစ်သူရဲ့ ..ကိုယ်ပြန်လာတဲ့တနေ့ ကျ ဖြူ့ ကို လက်ထပ်မယ်လေ.. နော် ..
အခုက မသွားလို့မရတော့ဘူး ..အားလုံး စီစဉ်ပြီးပြီ.. ''
" ကို က အားလုံးစီစဉ်ပြီး မှ ဖြူ့ ကိုပြောတာပေါ့.. ဟုတ်လား ..
  အဲလိုဆိုတော့လဲ ဖြူ ဘာပြောပြော အရာမရောက်တော့ပါဘူး..
 ကိုစိတ်ချမ်းသာရင် ပြီးတာပါပဲ .. ကိုပျော်နေရင် ဖြူ ကလေ
ဘာပဲ လုပ်ပေးရ လုပ်ပေးရ ကို့ အတွက် ပေးဆပ်နေမယ့်သူပါ..
 ကို့ ကို ဖြူ ဘယ်လောက်ချစ်တယ်ဆိုတာ ကိုအသိဆုံးပါ ..
 ကိုသာ ဘယ်တော့မှ မပြောင်းလဲသွားပါနဲ့နော်.... '''
''  စိတ်ချပါ ဖြူ ရယ် ..ကို ဖြူ ကလွဲ ပြီး ဘယ်သူ့ မှလဲ ချစ်လို့မရပါဘူးကွာ.
ဖြူ က ကို့ အတွက်ပဲ ဖြစ်ရမယ်.. အဲလိုပဲ ကိုကလဲ ဖြူ အတွက်ပဲ ဖြစ်စေရမယ်..ကို့ ကို အမြဲလွမ်းနေရမယ်နော်.. ''
     ဒီနေ့  ကို ဖြူ့ ကို ထားပြီး အဝေးကို သွားတော့မယ့်နေ့ ပေါ့..
လေယာဉ်ကွင်းမှာလဲ ဖြူ မငိုမိအောင် မနဲထိန်းထားရပါတယ်...
ဖြူ သိပ်ချစ်ရတဲ့ ချစ်သူ ကို့ ကို ခေါ်ဆောင်သွားမယ့်လေယာဉ်ကြီး ကို
ဖြူ အရမ်းမုန်းတီးမိပါတယ် ..  ဒီလိုနဲ့ပဲ ကိုလေယာဉ်ပေါ်တက်ရဖို့အချိန်ရောက်လာပါတယ်လေ.. ကိုကတော့ ဖြူ့ ကို ကတိတွေ အထပ်ထပ်ပေးပြီး လေယာဉ်ပေါ်တက်သွားပါပြီ..ဖြူ့ မှာသာ တယောက်တည်း ငေးကျန်ရစ်ခဲ့ရပါတယ်... ဒီလိုနဲ့ပဲ နေလာလိုက်တာ
  ကို ဆီ က ဖုန်းနဲ့ တမျိုး..  စာနဲု့ တဖုံ ဆက်သွယ်ပါတယ်.. 
ကိုအဆင်ပြေတယ်ဆိုလို့  ဖြူ ဝမ်းသာမိပါတယ် ....
နောက် နှစ်နှစ်လောက်ကြာတော့ ကို့ ဆီ က အဆက်အသွယ်သိပ်မရတော့ပါဘူး .. သူအလုပ်တွေ အရမ်းများနေလို့
အရင်လို မဆက်သွယ်နိုင်တော့တာကို တမျိုးမထင်ပါနဲ့ဆိုတာကြောင့်
ဖြူ သူ့ ကို သနားတောင် သနားမိပါတယ်.......
ကို့ ကိုလဲ ဖြူ ယုံကြည်နေမိတယ်လေ.....
တနေ့ မှာ ဖြူ ဆီကို ပြန်လာမယ်လို့  ကို ကတိတွေ ပေးထားတယ်...
ကို့ ရဲ့ အချစ်ကို ဖြူ အဆုံးအစမရှိ ယုံကြည်နေမိသူပါ...
ဖြူ ဟာ အချစ်ကို ယုံကြည်တတ်တဲ့ မိန်းမတယောက်ပေါ့ရှင်... 
အချိန်တွေ ရာသီတွေ သာ ပြောင်းလဲ သွားပါတယ်.....
ကိုကတော့ ဖြူ့ ဆီကို ပြန်မလာသေးပါဘူး... 
ကို့ ဘက် က ဘာမှလဲ ဖြူ့ ကို မဆက်သွယ်တော့ပါဘူး.....
ဒါပေမယ့်လဲ ဖြူ ကတော့ ကို့ ရဲ့  အချစ်ကို ယုံကြည်နေမိတုန်းပါပဲ ...... 
ဖြူ ရဲ့ သူငယ်ချင်းတွေ ကတော့ ဖြူ့ ကို ရူးသွပ်စွာ မိုက်မဲမှုတခုပါပဲတဲ့ ...
 သူ့ ကို မေ့ပစ်လိုက်ပြီး ဘဝ အသစ်ကို ပြန်စဖို့ ပဲ တိုက်တွန်းနေကြပါတယ်....ဖြူ က မှ မမေ့ပစ်နိုင်တာ.. ဖြူ အချစ်ကို တန်ဖိုးတားတယ်.. ယုံကြည်တယ်..ကိုဖြူ့ ဆီပြန်လာမဲ့ ရက်ကို ဖြူ သစ္စာရှိရှိနဲ့စောင့်မျှော်သွားမှာပါ ...
'''  ဖြူတယောက် သူမချစ်သူ ကို့ ကို တမ်းတ လွမ်းဆွတ်နေတဲ့ အချိန်မှာ
  သူမ ချစ်သူ ကိုကတော့ အချစ်သစ်နဲ့ ဘဝသစ် တခုကို တည်ဆောက်နေတယ်ဆိုတာကို
ဖြူ တယောက် သိခဲ့မယ်ဆိုလျှင်...........................''
(မကောင်းလဲ သီးခံဖတ်ပေးနော်.. ရေးချင်တာလျှောက်ရေးပစ်လိုက်တယ်.. ဟိဟိ..  )
7 comments:
Chitpalonelay said...
အယ် တခုခုကျန်သွားတယ် ရင်ဘတ်ကြီး တခုခုဖြစ်သွားတယ်။ ပြောတော့ချစ်တယ်တဲ့ ဟင့် တခုခုဖြစ်သွားတယ် ဟင့် ခံစားရတယ်။
ခင်မင်လျှက်
ညီမလေး ပါးလုံး
စိမ်း... said...
အင်... တစ်ယောက်ယောက်ပြောလိုက်ကြပါ.. ဖြူ့ကို... ဒီတိုင်းကြီး မကြည့်ရက်လို့...
လင်းကြယ်ဖြူ said...
ချစ်တတ်ကြတယ်..မြတ်နိုးတတ်ကြတယ်..
ခင်တွယ်တတ်ကြတယ်..
အဲ့ဒါတွေမှာ သစ္စာ မဖက်ရင် ..
အင်း..
တင်ပြပုံလေးကောင်းတယ်..
ပျော်ပါစေ
(word verification ကိုဖြုတ်လိုက်ရင် မန့်ရတာပိုမြန်မယ်ထင်တယ်..တစ်ခါတစ်ခါ နက် ကနှေးလို့ပါနော်)
ပျော်ပါစေ သူငယ်ချင်းရေ
ဇီးကုန်းသာယာ said...
သြော်..... ဖြူဖြူ... သနားစရာ ပါလားနော်... :(
www.kohtet4you.co.cc said...
ဟင့်ငိုချင်လာပီနော် ဘာပဲဖြစ်ဖြစ် ရွှေညာသူဆိုတာကြံ့ကြံ့ခံနိုင်ရမှာပေါ့ ဟုတ်တယ်ဟုတ်?
(စလုန်းက ကောင်မလေးတွေကတော့တစ်ကယ်လှတာပါ)^_^
Unknown said...
ဒီဇတ်လမ်းလေးဖတ်ပြီးတော့ မြန်မာပြည်ပြန်ပြေးချင်းလာတယ်
ချစ်သူကိုပြေးတွေ့ ချင်ပြီ
ဟင့်  လွမ်းပါတယ်ဆိုမှ
ဒီဇတ်လမ်းလေးဖတ်မိတွားတယ်
း)
ဝက်ဝံလေး said...
အယ် ရွှေညာသူမရယ် အဲ ဖြူ့ကိုပြောလိုက် one go two come three wait ယောက်ျားပေါပါတယ် ဟာ ထင်သားပဲ ယောက်ျားတွေ သစ္စာမရှိဘူး ဆိုတာ ပြည်ပ ထွက်မယ်ဆိုကတည်းက ဒီလိုလာမယ် သိသားပဲ ဟွင်းးးး ယောက်ျားဆို ဘယ်ယောက်ျားမှ မယုံရဘူး သိလား
အယ် ဖြူ့လောက် အချစ်ကြီးတဲ့ လူလဲရှိမယ် ထင်ဘူးရယ်
အင့် သိတော့ဘူး ဟာ အဲဒီ သစ္စာတွေ မေတ္တာတွေက ရှုပ်ထွေးတယ် နာ နားလည်ဘူး နားလည်ဖို့လဲ မလိုဘူး ဖတ်ရတာ ကောင်းပါတယ် မိုးစက်ရေ တာ့တာ ဘိုင်
Post a Comment
ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....
ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner