Saturday, September 19, 2009

သူငယ်ချင်း




ဘဝတကွေ့  တခဏမှာ
အမှတ်မထင် တွေ့ ဆုံခဲ့ရ
သူငယ်ချင်းများ....

လေလှိုင်းပေါ်မှာ
ဟိုဒီလျှောက်သွား
ခင်မင်လာရ
သူငယ်ချင်းများ.....

ကြိမ်ဖန်များစွာ ခင်မင်လာရ
အစဉ်ထာဝရ မေ့မရတဲ့
သူငယ်ချင်းများ.....

ဖြူစင်မေတ္တာ
အရောင်မဆိုးပဲ
ချစ်ခင်ကြင်နာ
သူငယ်ချင်းများ....

အားငယ်နေက
အားပေးကြဖို့ အသင့်ရှိနေကြတဲ့
သူငယ်ချင်းများ..…

တယောက်ကိုတယောက်
ဖေးမကူလို့ 
လက်တွဲမဖြုတ်
ခင်မင်နေကြ
သူငယ်ချင်းများ...…

ကံကြမ္မာက
ညှိုးမာန်ဖွဲ့ ၍
ဝေးခဲ့လေသော်
ပြန်လည်ဆုံးဆည်းဖို့ရာ
မျှော်လင့်လျှက်ပါ
သူငယ်ချင်းများ…

သူငယ်ချင်းဆိုသော
သံယောဇဉ်
ဘယ်သောအခါမှမမေ့
ရင်မှာအမြဲ
ရှိနေမှာကို
မင်းယုံကြည်ပါ
သူငယ်ချင်းများ..။ ... ။



သူငယ်ချင်းဆိုတာ ဘဝတကွေ့ မှာ ခဏတာ တွေ့ ဆုံရတဲ့ လက်တွဲဖော်ကောင်းလေးတွေ ပါ..
ကိုယ်စိတ်ညစ်တဲ့ အခါ ကိုယ့်ကို ထပ်တူမျှဝေခံစားပေးမယ်..သူစိတ်ညစ်တဲ့ အခါ ကိုယ်က မျှဝေခံစားပေးရမယ်..
တယောက်နဲ့တယောက် ကူညီရိုင်းပင်းမယ်.သူလဲရင် ကိုယ်ထူမယ်..ကိုယ်လဲရင်သူထူမယ် ဆိုတဲ့  ဖြူစင်တဲ့ စိတ်ဓာတ်လေးတွေနဲ့ ရှိတဲ့ သူလေးတွေပါ သူငယ်ချင်းဆိုတဲ့ အရိပ်အောက်မှာအရောင်မဆိုးတဲ့  ဖြူစင်တဲ့ မေတ္တာတရားတွေ ရှိပါတယ်..
ဘယ်လိုနေရာမှာပဲတွေ့ ဆုံနေပါစေ..ဖြူစင်အေးမြတဲ့သံယောဇဉ်ကတော့ ရှိနေမှာပါ ...
  
(ချစ်ခင်ရသော သူငယ်ချင်းလေးများအတွက်ပါ..သိပ်တော့ရေးတတ်ဘူးကွယ်..ခံစားမိသလောက်လေးပါ.အမှားပါရင်
နားလည်ပေးကြပါလို့ ..နော်...)

4 comments:

. said...

အပာ . . ပာုတ်ပါ့ ...

ဝက်ဝံလေး said...

AWW သူကမှ ကဗျာရေးတတ်သေးတယ် နာက ရေးတတ်ဘူးတော့ ဟိဟိ

လင်းကြယ်ဖြူ said...

သူငယ်ချင်းဆိုတာ မိတ်ဆွေဆိုတဲ့ စကားထက်ပိုလေလးနက်ပါတယ်..
မိတ်ဆွေဆိုတာ မေးထူးခေါ်ပြော မျက်မှန်းတန်းမိရင် မိတ်ဆွေဖြစ်ပြီပေါ့..
သူငယ်ချင်းဆိုတာကတော့..
နှလုံးသားချင်းတူမှ
နားလည်ပေးတတ်မှ
ခံစားပေးတတ်မှ
တစ်ယောက်အားနည်းချက်ကိုတစ်ယောက်က နားလည် ပြုပြင်ပေးတတ်မှ
စတဲ့..စတဲ့...များပြားသော ရင်ခုန်သံတွေ ထပ်လို့
တစ်ယောက်ဖက်က တစ်ယောက် ရပ်တည်ပေးနေကြလေရဲ့....လို့
ထင်မိပါတယ်
ပျော်ပါစေ

ဇီးကုန်းသာယာ said...

တကယ်တော့ သူငယ်ချင်းဆိုတာ... သူငယ်ချင်းပါပဲ... နှလုံးသားချင်းရင်းနှီးနေကြတယ်လေ.. သူတို့က.. :)

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner