Tuesday, September 22, 2009

♥ ချစ်သူ့ ♥ အတွက် ♥ အလွမ်း ♥



ချစ်ရတဲ့ကောင်လေးရေ
အမြဲပဲ ကံမကောင်းခဲ့တဲ့ ငါ
ဒီတခါလဲ ကံမကောင်းပြန်ဘူးလား....

ချစ်သူရယ် ..
နင်နဲ့ တွေ့ မှ အချစ်ဆိုတာ
နားလည်ခဲ့မိတဲ့ငါ
နင့်ချစ်သူဖြစ်ခွင့်ရခဲ့လို့ 
အရမ်းပျော်ခဲ့မိတယ်
ငါ့အနားမှာ နင် ရှိနေတဲ့အချိန်
ငါ့အတွက်အပျော်ဆုံးအချိန်တွေပေါ့
အမှတ်တမဲ့ ပြုမိတဲ့ အမှားအတွက်
ရရှိလာတဲ့ရလဒ်က နင့်အမုန်းတွေလား.....

နင်မရှိတော့မှ နင့်တန်ဖိုးကို
ငါသိနေပါပြီ ချစ်သူရယ်
လွမ်းတယ်ချစ်သူ.....

ရင်ဘတ်ချင်းတူရင်
ပေါင်းစပ်လို့ ရတယ်လို့  နင်ပြောခဲ့တယ်လေ
အခုတော့
နင်မရှိတဲ့ အရပ်မှာ
ငါတယောက်တည်း အထီးကျန်စွာနဲ့ 
လွမ်းနေရပြီနော်......

နင့်ကိုလွမ်းစိတ်နဲ့ 
အလွမ်းကဗျာလေးတွေလဲ
ငါရေးတတ်နေပြီ ချစ်သူ.....


ငါ့ရဲ့အမှားတွေအတွက်
တိတ်ဆိတ်နေတဲ့ ညအလယ်
တယောက်တည်း
ငိုကြွေးနေရပြီ ချစ်သူ.....


ငါ့ရဲ့ အသက်ရှူလိုက်တိုင်းမှာ
နင့်ကို သတိယတယ်
ပြန်ဆုံဖို့ မလွယ်မှန်း သိပေမဲ့ 
တမ်းတနေမိတယ်
ချစ်သူရယ် ......

နင့်အချစ်တွေကို
မရရင်နေပါ
ငါ့ကိုတော့ မမုန်းလိုက်ပါနဲ့
ချစ်သူရယ်...

နင့်ကိုလွမ်းတဲ့
အလွမ်းနေ့ ရက်လေးတွေကို
နင်အသိအမှတ်ပြုရင်
ငါကျေနပ်ပါတယ်
ချစ်ရတဲ့ ကောင်လေးရေ.........



4 comments:

. said...

ကဗျာလေး ကောင်းတယ် လာဖတ်သွားတယ် ဗျ

ဝက်ဝံလေး said...

ဟယ် အေးပါ ချစ်ကြပါ လွမ်းကြပါ ဟွင်းးးး

ဘိုင် တာ့တာ

စိတ်၏ဖြေရာ said...

ဝတ္တုနဲ့ကဗျာလေးဖတ်သွားပါတယ်။
အလည်လာတာဘာမှမကျွေးနိုင်တာခွင့်လွှတ်ပါညီမလေးရေ။
အိမ်ရှင်ကိုယ်တိုင်ကသူများblogတွေလိုက်ပြီးစားသောက်
နေရလို့ပါ။း) ပျော်ရွှင်ပါစေနော်။

မဆုမွန် said...

ကဗျာလေးကို ခံစားသွားပါတယ်ရှင်

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner