Saturday, September 12, 2009

♥♥ ကျွန်မ၏ ချစ်ခြင်းသဘောတရား ♥♥

နောင်မှ ရတဲ့ နောင်တ ဆိုတာ ဘယ်တော့မှမကောင်းပါဘူး... ကိုယ်တကယ်ချစ်တဲ့သူကို စိတ်ပျက်အောင်မလုပ်မိပါစေနဲ့ ..... အခုအချိန်မှာတော့ ကျွန်မ ကောင်းကောင်း နားလည်နေပါပီ.. အရင်အချိန်တွေတုန်းကလဲ နားမလည်တာမဟုတ်ပါဘူး..
နားလည်ရက် သိသိနဲ့  ကျွန်မ ဆိုးမိတာပါ ...ချစ်သူရှိတဲ့ သူငယ်ချင်းတိုင်းခံစားမိမှာပါ. ချစ်သူကို စိတ်ပူတာ. သ၀န်တိုမိတာတွေလေ. ကျွန်မလည်း လူသားပီပီ အဝေးမှာနေတဲ့သူ့ကို စိတ်ပူတယ်. သ၀န်တိုမိတယ်. အဲ့ဒီလိုဖြစ်တိုင်းသူနဲ့ ကျွန်မ အမြဲ စိတ်ကောက်ကြတယ်......သူ ကအမြဲအရှုံးပေးပါတယ်... ကျွန်မ သူ့ ကို သိပ်ချစ်လို့  သဝန်တို..စိတ်ကောက်မိတာတွေဟာ နောက်ပိုင်းမှာ ကျွန်မကို သူစိတ်ပျက်သွားမယ့်အကြောင်းအရာတွေလို့ 
တကယ်မထင်ခဲ့မိပါဘူး........ကျွန်မ သိပ်ချစ်လို့  ဆိုးမိတာကို သူကတော့ မသိခဲ့တာလား..သိရက်နဲ့ ပဲ ချိုးသွားတာလား ဆိုတာ သူပဲသိပါလိမ့်မယ်လေ.....ကျွန်မကြောင့် သူ စိတ်ညစ်ခဲ့ရတယ်ဆိုတာ တွေ ကို ကျွန်မ တကယ်မသိခဲ့ပါဘူး.....ကျွန်မသိတာကတော့ တစ်ခုတည်းပါပဲ..အဲဒါကတော့ သူ့ နဲမတွေ့ ရရင် သူ့ ကို စိတ်ကောက်ဖို့ ပဲ သိခဲ့မိတယ်...အခုအချိန်မှာတော့ ကျွန်မရဲ့ စိတ်ကောက်မှုတွေ အတွက် ရရှိလာတဲ့ရလဒ်ကတော့
ချစ်သူရဲ့ စိတ်ပျက်မှုပါပဲ.....အဲဒီထက်ဆိုးရွားတာကတော့ ကျွန်မ ကို လုံးဝ လှည့်မကြည့်တော့လောက်အောင်ကိုဖြစ်သွားပါတယ်......အဲလိုဖြစ်လာမယ်လို့  အတွေးထဲတောင် မရှိခဲ့ရိုး အမှန်ပါ..
သူနဲ့ ကျွန်မ က သိပ်ချစ်မိခဲ့ကြတယ်လေ.. တနေ့ မတွေ့ ရရင်တောင် မနေနိုင်လောင်အောင် ဖြစ်ခဲ့မိပါတယ်...
အခုအချိန်ထိလဲ ကျွန်မ စိတ်ထဲမှာ သူ့ ကို ချစ်သူတယောက်လို ပဲ သဘောထားပါတယ်....လူဆိုတာ တသက်မှာ တခါပဲ ချစ်တတ်တာပါ....အရင်က ကျွန်မ သိတဲ့ အချစ်က ရယူပိုင်ဆိုင်ခြင်းလို့ သိထားမိတယ်.... ကျွန်မချစ်တဲ့သူကို ဘယ်သူ့ မှ မပေးချင်ပါဘူး... အခု အချိန်မှာတော့ ကျွန်မသိတဲ့ အချစ်က တော့ ပေးဆပ်စွန့် လွှတ်ခြင်းပါပဲ.. သူစိတ်ချမ်းသားမယ်ဆို ဘာမဆိုပေးဆပ်ရဲရမယ်လေ...... ငှက်ကလေးတစ်ကောင်ကိုလှောင်အိမ်ထဲထည့်ထားပြီး သူဘယ်နေ့ပြန်ထွက်သွားမလဲလို့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်ပူပန်နေရမှာထက် လွတ်လပ်ပျော်ရွှင်စွာနဲ့ သူပျံသန်းသွားတာကို ကြည့်ပြီး ၀မ်းသာပေးလိုက်ပါမယ်...ဒါဆိုမင်းအပြင်နောက် တစ်ယောက်ထပ်ထားရင်ကော ခွင့်လွှတ်မှာလားလို့မေးရင် အရင်ထဲက သူက ကျွန်မအတွက်မှလို့ မသတ်မှတ်ထားတဲ့အတွက် သူစိတ်ချမ်းသာမယ်ဆိုရင် နားလည်ပေးမှာပါ. အချစ်ဆိုတာ ရယူချင်လား. စွန်လွှတ်ချင်လားလို့မေးရင် မသိဘူးလို့ပဲဖြေမိမှာပါ. ကျွန်မသိတဲ့အချစ်က ကိုယ့်ချစ်သူကိုစိတ်ချမ်းသာစေဖို့ပါ. ကိုယ့်ကြောင့် သူစိတ်ရှုပ်စရာဆိုတာ လုံးဝမရှိစေချင်တော့တာပါ....သူငယ်ချင်းတို့လဲ အချင်းချင်းနားလည်မှုလွဲခဲ့ရင် မေတ္တာစိတ်လေးထည့်ပြီး ခွင့်လွှတ်ပေးလိုက်ပါ. အမှားရှိရင်လည်း ဒါသူ့အားနည်းချက်ပဲဆိုပြီး နားလည်ပေးလိုက်ပါ. ချစ်ခြင်းမှာ အသွားအပြန်ရှိဖို့မသေချာပေမယ့် မေတ္တာတရားမှာတော့ အသွားအပြန်ရှိမှာ သေချာပါတယ်.. ကျွန်မ ခံစားမိတာလေးတွေကို နားလည်သလောက်ရေးထားတဲ့ဖြစ်တဲ့အတွက် အမှားပါရင် လိုအပ်တာရှိရင် နားလည်ခွင့်လွှတ်ပေးပါ. အားလုံး ပျော်ရွှင်နိုင်ပါစေ....

(ခေါင်းစဉ်နဲ့ ရေးတာနဲ့  ဟုတ်လားတော့ တိဝူးနော်...... စိတ်ထဲရှိတာလျှောက်ရေးထားတာ.. မီး က ရေးတတ်ဝူးချင့်..
.ထုံးစံအတိုင်းနော်.. ဟဲဟဲ ..ဖတ်ပီးမမန့် ရင် .. သိတယ်နော်....ခစ်ခစ်ခစ်ခစ်....)


7 comments:

ဇီးကုန်းသာယာ said...

တူတူလေးရေ.... နောက်တစ်ခါ ချစ်သူရရင် မဆိုးနဲ့တော့နော်... :D

ဝက်ဝံလေး said...

အီးးးယားးးး ခယေးကို ဘာတွေ လာသင်ပေးနေတာရဲရို့ဟွန်းးးးးးးး

ဖတ်တွားဒယ် တိရားးးးးးးးးး

. said...

အော် ကွယ် .......... စိတ်တောင် ကောင်းဘူး ဂယ်....

ပီားးးးးးးး အပဲာ .......ဖတ်တယ် မန့်တယ်နော်

moemoestar said...

တစ်ယောက်နဲ့ တစ်ယောက်
နားလည်တတ်ဖို့ က အရေးအကြီးဆုံးပါ...

www.kohtet4you.co.cc said...

သားသားက ငယ်ငယ်လေးရှိသေးတာ ချစ်တတ်သေးဝူး
ချိုချဉ်စုပ်ရရင်ကျေနပ်ပီ ^_^
ဟီဟီ နားလည်မှုက တစ်ကယ်အရေးကြီးပါတယ် :)

ဂေါက်သီးနဲ့ရှောက်သီး said...

အချစ်ဆိုတာဘာကြီးလဲဟင်..ဒီကချစ်တတ်သေးဘူးဗျ :D

မင်းနေဝေး said...

မန့်တယ် နော် .. ကြောက်က ကြောက်ရသေးတယ် ..... :P
အချစ်ကို အချစ်လိုပဲ သတ်မှတ်ရင် ကောင်းမယ်ထင်တယ်ဗျနော် ....

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner