Monday, September 28, 2009
♥♥လွမ်းမိတယ်♥♥
ဖုန်းသံကြားရင်
ငါရင်ခုန်တယ်
မင်းအသံကြားရင်
ငါရင်တုန်တယ်
မင်းအသံက
သာယာငြိမ့်ညောင်း
စွဲမက်ဖို့ ကောင်းတယ်
အေးချမ်းသာယာ
မင်းကမ္ဘာမှာ
ငါနေချင်တယ်
နွေးထွေးမှုရဲ့ 
မင်းရင်ငွေ့ မှာ
ခိုလှုံချင်တယ်
အဖြစ်အပျက်
မနှစ်သက်ရင်
မင်းကိုငါလွမ်း
ရင်မှာကျွမ်းတယ်.....
Sunday, September 27, 2009
♥♥ ပျောက်ဆုံးနေသောည ♥♥
မိုးသည်းမှောင်မိုက်သော ည တည
ဝမ်းနည်းအားငယ်ရှုံးနိမ့်နေသော
       ငါ့ကို
လမင်းလေးတစင်း က
သူ့ရှိတဲ့ စွမ်းအင်လေးတွေနဲ့
ပြုံးပြ လမ်းဆောင်ပေးခဲ့လေရဲ့
မကြာလိုက်ပါဘူး
ငါဟာပြန်ပြိုလဲခဲ့ရပြန်တယ်လေ
လမင်းလေးရေ
မင်းဘယ်ကို ထွက်ပြေးသွားတာလဲ
ဘယ်လိုချိန်မှာကော
ပြန်လည်လင်းလက်ပေးအုံးမလဲ
ငါ မျှော်လင့်နေမယ်......
♥♥ ချစ်တော့မယ်ဆိုရင် ♥♥
သူ့ ကို ချစ်မယ်ဆိုရင် အချစ်အတွက်မှတပါး အခြားဘာမှ မဖြစ်ပါစေနဲ့ ......
သူ့အပြုံးလေးကို နှစ်သက်လို့၊ သူ့ မျက်နှာလေး ၊ညင်သာသိမ်မွေ့ တဲ့ သူ့စကားပြောပုံလေး ၊
သူ့အတွေး တစ်စ ကိုယ်နဲ့ထပ်တူ ကျသွားတာလေးကို သဘောကျလို့ ....
ချစ်မိတယ် ဆိုတာမျီုး မဖြစ်ပါစေနဲ့နော်....။
ချစ်လို့ချစ်တာပဲ ဖြစ်ပါစေ။
အဲဒါမှ အစဉ်အမြဲ ချစ်မှာ....
အချစ်ရဲ့  မဆုံးနိုင်သော သက်တမ်းတစ်လျှောက်လုံး....
ထာဝရ ချစ်နေမှာပါ......။
ချစ်တတ်တဲ့ သူများအတွက်ပါရှင် ...ချစ်တဲ့သူများ ချစ်ကံကောင်းကြပါစေ....။
Saturday, September 26, 2009
♥♥ ဆန်းဒေးချစ်သူ ♥♥
ဒီနေ့  က ဆန်းဒေး...
ဆန်းဒေး မှာ သူနဲ့  ချိန်းထားတာ ဆိုတော့ ဝတီ လှလှလေး ပြင်ပြီး အင်တာနက်ဆိုင် ကို သွားရမယ်လေ.... သူနဲ့ ဝတီ နဲ့ က ဆန်ဒေးတိုင်း
တွေ့ နေကျလေ .. ဒီအချိန်လောက်ဆို သူ အွန်လိုင်းရောက်နေလောက်ပြီ.
သူဆိုတာကလဲ ဝတီ တခါမှမမြင်ဖူးပါဘူး....သူနဲ့ သိတာကတော့ ကြာပါပီ..3 လလောက်တော့ ရှိပြီပေါ့နော်..
ဝတီ က ကျောင်းတက်နေတုန်းလေ... အခု မှ ဒုတိယနှစ် ကွန်ပြူတာ တက်နေတာပါ.. ဝတီ အရင်က ချက်တင်ဆိုတာ ကို
မထိုင်ဖြစ်ပါဘူး... ကွန်ပြူတာကျောင်းသူဖြစ်ပြီး
ဂျီမေးလေးတခုလောက်တော့ ရှိမှပါလေ ဆိုပီး သူငယ်ချင်းတွေ နဲ့ 
ဆိုက်ဘာကို လိုက်သွားရင်းနဲ့  စချက်တင်ထိုင်ဖြစ်တယ်ဆိုပါတော့လေ...
ဝတီ တို့ မှာက ညီအမ နှစ်ယောက်တည်းလေ.. မမရတီက ကျောင်းဆရာမပေါ့.. သူ့ ငယ်ချင်း ကစလုံးမှာ ကျောင်းတက်ရင်းအလုပ်လုပ်နေတယ်လေ .. မမ ရတီ က သူ့ သူငယ်ချင်းနဲ့ အီးမေးချင်း
အဆက်အသွယ်ရှိတယ်လေ... မမ ရတီ ကို အဖော်လိုက်ပေးရင်းနဲ့ 
နောက်ပိုင်း ဝတီ ချက်တင် အမြဲ ထိုင်ဖြစ်ပါတော့တယ်....
ဝတီ က စကားပြောရင် ဂျစ်ကန်ကန်လေးရယ်.. ဒါကြောင့်ချက်တင်မှာလဲ
ခဏ ခဏ ရန်ဖြစ်ရတယ်.. သူဆိုတဲ့ တယောက်ရဲ့  နာမည်က ဗညားလို့ခေါ်ပါတယ်။။ သူ့ ရုပ်ကို ပြပါဆိုတော့ မပြဘူး..အပြင်မှာတွေ့ မှ
ပြမယ်တဲ့လေ... အသက်မေးတော့လဲ ဘယ်လောက်ထင်မလဲတဲ့..ပြောကြည့်ပါတဲ့လေ..ဝတီ ထက်ကြီးမယ်ဆိုတာတော့
သိနေတယ်လေ.. သူအသံကလေ လူကြီးတယောက်လိုပဲ... အရမ်းကိုချိုသာပါတယ်..ဝတီစိတ်ထဲမှာတော့ တခါမှမမြင်ဘူးသေးတဲ့ သူ့ ကို အရမ်းချောမောလှပ သူတယောက်လို့ မှတ်ချက်ချပြီးသာ...
သူ့ အသံ..သူ့ ပြောပုံဆိုပုံလေးတွေ က ချောမောခန့် ညားတဲ့ သူတွေ ရဲ့ ပုံစံပဲလေ..နောက်ပိုင်း ဝတီ နဲ့  သူနဲ့ အမြဲချက်ဖြစ်ပါတယ်..
ကြာလာတာနဲ့ အမျှ သူနဲ့ ဝတီ နဲ့ က သူငယ်ချင်းမက ရည်းစားမကျ ပေါ့နော်.. ဟိဟိ.
ဝတီ နှင်းဆီပန်းအဖြူလေး ကြိုက်တယ်ဆိုတာ သူ့ ကိုပြောပြထားတယ်လေ.. ဝတီ မေးကို နေ့ တိုင်း နှင်းဆီ အဖြူ လေး
ပို့ ပေးနေကျလေ...သူက ဝတီ့ ကို ကလေးလေးတယောက်လို ပဲ အမြဲဆုံးမပါတယ်.. သူက ဝတီနဲ့ မွေးနေ့ ကျရင် ဝတီ နဲ့ တွေ့ ချင်တယ်လို့ တောင်းဆိုလာပါတယ် ..ဝတီနဲ့  သူနဲ သိလာတာလဲ ကြာပြီလေ ... တကယ့်နှင်းဆီ အစစ်ကို လဲ သူက ဝတီ့ကိုပေးချင်ပါတယ်တဲ့လေ ....
ဝတီ့စိတ်ကူးထဲ က ချစ်သူ ကို ဝတီ တွေ့ ချင်နေတာပေါ့ ..
တနေ့ ပေါ့ .. သူနဲ့ ချက်နေတဲ့အချိန် မမရတီ လိုက်လာတာ ဝတီ မသိလိုက်ဘူး.. ဝတီကလဲ ကိုယ့်အာရုံနဲ့ကိုယ်ပေါ့ .. type နေတာ..နောက်ကနေ ဝတီရိုက်နေတဲ့ စာတွေ ကို သူလိုက်ဖတ်နေတယ်လေ.. ဒါပေမယ့် ဝတီတို့ ရိုက်တဲ့  ဘားဂလိရှ်ကို သူမဖတ်တတ်ပါဘူး..နောက်မှတဖြည်းဖြည်းနဲ့  သိလာတယ်လေ.. အဲဒီနေ့  အိမ်ပြန်တော့ ဝတီ့ ကို မမ ဆူပါတယ်.. သူနဲ့လဲ မတွေ့ ဘူးပဲနဲ့  အဲလို ပြော၇မလားပေါ့နော်.......သူနဲ့ သွားတွေ့ ဘို့ဆိုတာကိုလဲ ပိတ်ပင်ပါတော့တယ်... ဝတီမွေးနေ့ ကျမတွေ့တော့ပဲ လာမယ့် ဆန်းဒေးတွေ့ ဖို့ ချိန်းလိုက်ပါတယ်.. ဆန်းဒေးကျ ကျူရှင် အကြောင်းပြပြီး အိမ်က ထွက်လို့၇တယ်လေ.....
အိမ်က မမရတီကလဲ ဝတီ ချက်တင်ထိုင်တာ မကြိုက်ပါဘူး..မေ့မေ့ ကို အမြဲတိုင်တယ်လေ..
အင်တာနက်ဆိုင်က ဝတီ တို့ ရဲ့ မျက်စောင်းထိုး လေးတင်ဆိုတော့
ဝတီ့ အတွက် လွယ်နေတာပေါ့နော်...
ဒါနဲ့ ဆန်းဒေးရောက်လာပါတော့တယ်..
သူနဲ့ တွေ့ ရမှာဆိုတော့လေ ဝတီ အလှဆုံးပြင်ဆင်ရမယ်လေ..
တော်ကြာ သူကချောမောနေပြီး ဝတီ က မလှဘူးဆိုရင်
မလိုက်ဖက်ပဲနေမှာပေါ့နော်..
အင်္ကျီတွေ တထည်ပြီး တထည် ရွေးနေရတာလဲ မောလှပါပြီ..
''ဝတီ ''
'' ရှင် ..မမ .. "
'' ဘာလို့ ဒီလောက် အလှတွေ ပြင်နေရတာလဲ .. ကျူရှင်သွားမှာ
အဲလောက်ပြင်စရာလား .. နင်နော်...ကြည့်နေ.. ငါမေမေနဲ့ တိုင်မှာ...
အခုမှ ကျောင်းတောင် မပြီးသေးဘူး.. တခြားအကြောင်းတွေ စိတ်မဝင်စားနဲ့ နော်... ဟို ဗညားဆိုတဲ့ တယောက်နဲ့လဲ သွားတွေ့ ဖို့ 
စိတ်ကူးမနေနဲ့ ...ကြားလား .. ''
'' မတွေ့ ပါဘူး မမ ရဲ့ ..ဝတီ ကျူရှင် သွားမလို့ ပါ ''
'' ပြီးရော..ပြီးရော... ကောင်းကောင်းနေ .. ဒါပဲ နော် ''
'' ဟုတ် မမ ..''
ဝတီလဲ ကြာကြာနေရင် ဆက်ပြောနေမှာဆိုးတာနဲ့ ပဲ အိမ်ကနေ ထွက်လာခဲ့ပါတော့တယ်.... ဒါတောင် မမရတီရဲ့  မေမေနော် မေမေ့သမီးကို ကြည့်ထိန်းအုံးဆိုတဲ့  အသံ ကို ကြားလိုက်ရပါသေးတယ်..
ဝတီကတော့ ဘာပဲပြောပြော သူ နဲ့ ချိန်းထားတဲ့  ကန်တော်ကြီးထဲကိုကားလေးငှားပြီး ထွက်လာလိုက်ပါပြီ....
ဟိုရောက်တော့ သူနဲ့ ချိန်းထားတဲ့ နေရာလေးမှာ သူမရောက်သေးပါဘူး..
တခါမှလဲ မတွေ့ ဖူးတော့ သူဘယ်လို ပုံစံလဲ ဆိုတာလဲ ဝတီ မသိပါဘူး ..
သူက ဝတီ့  ကို မြင်ဖူးတာပဲလေ ..အရင်က ဝတီ သူ့ ကို ဓာတ်ပုံ ပေးထားတယ်ဆိုတော့ သူအရင်လာခေါ်ပါလိမ့်မယ်..ဝတီထွက်လာတာကလဲ နဲနဲစောနေတာကိုး.
ဝတီထက်နဲနဲအသက်ကြီးမယ့် ကောင်လေးချောချောလေး ဆို သူများလားလို့  လှည့်လှည့်ကြည့်ရတာလဲ မောလာပီ..ရင်တွေလဲ ခုန်နေပြီ .. ဟိဟိ...
သူလာရင်တော့ ဝတီ့ အတွက် နှင်းဆီဖြူလေး ပါလာမှာလေ....
ဝတီ ခုံတန်းလေးမှာ ထိုင်နေရင်း သူ့ အလာကို မျှော်နေမိပါတယ်...
အဲအချိန်မှာပဲ ဝတီ ရှေ့ ကို နှင်းဆီဖြူ လေးေ၇ာက်လာပါတယ်..
ဝတီမော့ကြည့်လိုက်တော့ ပါဝါမျက်မှန်ထူထူကြီးနဲ့  လူကြီးတယောက်ပါ..
သူ့လက်ထဲမှာတော့ ဝတီ့ အကြိုက် နှင်းဆီဖြူလေးရယ်လေ....နှင်းဆီဖြူ လေး ကို ဝတီ့ ကို ကမ်းပေးနေပါတယ်..ဝတီလေ နှင်းဆီဖြူ ကို မယူနိုင်ပဲ သူ့ ကိုပဲ ငေးကြည့်နေမိပါတော့တယ်.. ဝတီ ဘယ်လိုမှထင်မထားတဲ့ပုံစံကြီးပါ .. ဝတီ အတွေးထဲ မှာတော့ အရမ်းချောမာပြီး ငယ်ရွယ်မယ်ထင်ထားတာလေ..အခုတော့ ....
ဝတီတယောက် စွံအလို့ နေပါပီ....သူ့လက်ထဲ က နှင်းဆီကို လဲ
ဝတီ မယူမိပါဘူး .....ဖြစ်နိုင်ရင်လေ ဝတီ ထွက်တောင်ပြေးချင်ပါတော့တယ်...
'' ကလေး ..ယူလေ..ဝတီ့ အတွက် ကိုယ်ယူလာတာလေ..
ဝတီပဲ နှင်းဆီဖြူ ဆို အရမ်းကြိုက်တယ်ဆို.. ဘာစားပြီးပြီလဲ .. တခုခုစားရအောင်လေ..
စကားလဲမပြောပါလား...ချက်ထဲမှာတော့ သာလိကာလေး ကျနေတာပဲနော်.. သူ့ လောက်ပြောတာ သူပဲ ..အခုကျတော့ တိတ်နေလိုက်တာ '' တဲ့လေ.. သူချည်းပဲ ဆက်တိုက်ပြောနေပါတော့တယ်..
'' မဟုတ်ပါဘူး ...ဝတီ ခေါင်းနဲနဲကိုက်နေလို့ပါ ..''
'' ဟုတ်လား ..ဘယ်လိုနေသေးလဲ ...''
'' ဝတီ ပြန်ချင်ပြီ..နောက်မှတွေ့ ကြတာပေါ့နော်...
အခုကလေ ကျူရှင်ချိန်မှီအောင် ပြန်ရမှာမိုလို့ ပါ... ''
'' ဒါဆို ကိုယ်လိုက်ပို့ ပေးမယ်လေ ...ကိုယ့်မှာ ကားပါတယ်...''
သူသူဌေးဆို တာ အရင်တည်း က ဝတီ သိပါတယ်.. ဒီလောက် အသက်ကြီးမယ်လို့  မထင်မိဘူး ..အခုတော့ ...ဟူးးးးး......
ဝတီ အော်ငိုပစ်လိုက်ချင်နေပီ......
ကားနဲ့လိုက်ပို့မယ်ဆိုပီး ကားတင်ပြေးမှာလဲ ကြောက်ရသေးတယ်...
''ရပါတယ် ..ဝတီ ဟာ ဝတီ ပြန်ပါ့မယ်...''
'' ဟာ ..မရပါဘူး .. ကိုယ်လိုက်ပို့ ပေးမှာပေါ့ ..ဝတီ ခေါင်းကိုက်နေတယ်မလား ... လာ..တက် ...''
နောက်ဆုံး ဝတီ ဘယ်လို မှ မတတ်သာတဲ့ အတွက်
သူ့ ကားပေါ်တက်လိုက်ရပါတော့တယ်.....
ဝတီ ကားပေါ်ကနေ ဝတီတို့ ထိုင်ခဲ့တဲ့ ခုံတန်းလေး ကို အကြည့်
မြက်ခင်းစိမ်းပေါ်မှာ ပိုင်ရှင်မဲ့ နေတဲ့ နှင်းဆီဖြူ လေး ကို နှမျောတသ ငေးကြည့်နေမိပါတော့တယ်........
နောက်ဆုံးမှာတော့ ဝတီတယောက်.............
Friday, September 25, 2009
အချစ်၏ အဓိပ္ပါယ်
ဘယ်သူမှ မသိလိုက်တဲ့
နှလုံးသားတခု ရဲ့
ငိုကြွေးခြင်းရဲ့
ဖြေသိမ့်ရာက ဘယ်မှာလဲ
ချစ်သူအတွက်
အချစ်တွေနဲ့ ရှင်သန်နေတဲ့
နှလုံးသား တခုရဲ့ 
အသက်က ဘယ်မှာလဲ???????????????
လွမ်းတယ် .....
အရမ်းလွမ်းတယ်........
အချစ် နဲ့အလွမ်း ဆိုတာ တကယ်တော့ ခွဲမရတဲ့အမွှာတွေပါ။ အချစ်ရှိရင် အလွမ်းရှိမယ်
အချစ် နဲ့အလွမ်း မရှိတဲ့ဘ၀က ကျောရိုးမရှိတဲ့ ဘ၀သမားလို ဘယ်တော့မှ နလံထူမှာ မဟုတ်ပါဘူးတဲ့ ။
ချစ်သူကိုလွမ်းရင် သွားလည်းဒီစိတ် စားလည်းဒီစိတ်တဲ့ ဘယ်သွားသွား ဘာလုပ်လုပ် သတိရနေတော့တာဘဲတဲ့.......
သိပ်ချစ်ကြတဲ့ချစ်သူတွေရဲ့အချစ်အလွမ်းလေးတွေကို အဓိပ္ပါယ်ဖွင့်ဆိုထားတာပေါ့နော်….
မိုးစက်လေး သိတဲ့အချစ်ကတော့လေ .... ဟဲဟဲ
အချစ်အချစ် ….
လခတွေကိုစားသွားသောအချစ်…(အဘယ်ကြောင့်ဆိုသော် ဖုန်းခဏခဏဆက်သောကြောင့် )
အချစ် အချစ် …..
ဟင်းအိုးတွေကို တူးသွားစေသောအချစ် ( ချက်တင်တွင် စိတ်ပါပီး ဟင်းအိုးတည်ထားသည်ကိုမေ့နေပါသောကြောင့်)
အချစ် အချစ် ……
ငါ့ကွန်ပြူတာကို ခဏခဏပျက်စေတဲ့ အချစ်….
အရေခကွေးယပင့်စသတ်…..နင့်ကို ငါမချစ်ဘူး.. 
Thursday, September 24, 2009
♥♥ အသဲကွဲခြင်း ♥♥
ချစ်သူ ...
ငါဟာ ပန်းလေးတပွင့်ပဲဆိုပါတော့..လိပ်ပြာလေးတွေကမေးကြတယ်....
မင်းမှာချစ်သူအများကြီးရှိလားတဲ့.....
ငါကလဲပြန်ပြောလိုက်ပါတယ်......ချစ်သူအများကြီးမရှိပါဘူး.....
ရှိခဲ့ဖူးတဲ့တစ်ယောက်ကိုတော့....အများကြီးချစ်ခဲ့ပါတယ်လို့.........
ချစ်သူမင်းငါ့ကို
မချစ်လည်း
နေလို့ရပါတယ်
ချစ်သူမင်းငါ့ကို
ခွဲခွာသွာလည်း
နေလို့ရပါတယ်
ဒါပေမဲ့
မင်းကို မုန်းမေ့ဖို့  
မချစ်ဖို့ဆိုတာတော့
ဘယ်လိုမှမဖြစ်နိုင်လို့ပါ
ချစ်သူ.....
အရာရာကို ပေါ့ပျက်ပျက် တွေးတတ်တဲ့
ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ
မင်းအတွက်
လေးနက်ခြင်းဆိုတာတွေ
ရှိနေတတ်ပြီ   ချစ်သူ ...
အမြဲပျော်ပျော်နေတတ်တဲ့
ကောင်မလေးတယောက်
မင်းကိုလွမ်းစိတ်နဲ့ 
တိတ်တဆိတ် ကြေကွဲနေတတ်ပြီ
ချစ်သူ...
အရာရာကို တစ်ဇွတ်ထိုး
အနိုင်ယူတတ်တဲ့ ကောင်မလေး
မင်းနဲ့ကျမှ
ရှုံးနိမ့်နေရပြီဆိုတာ
မင်းသိရဲ့လား.....
ငါ့အတွက်ကတော့
မင်းကိုချစ်မိတဲ့အတွက်
အသဲကွဲဒဏ်ရာများစွာကို
ကျေနပ်စွာ ခံယူရင်း.
မှောင်မိုက်တဲ့ အခန်းလေးထဲမှာ 
ရှေ့ဆက် လွမ်းနေရအုံးမယ်
ချစ်သူရေ...
( ဟိဟိ..ရေးချင်တာလျှောက်ရေးတာနော်..ရင်တွင်းဖစ်တော့ ဝုတ်ရပါဝူးချင့်.. :PPPPPPPPPP)
Tuesday, September 22, 2009
☼☼ နတ်ဆိုးတကောင်နှင့် တွေ့ ဆုံခြင်း ☼☼
ညတုန်းကမောမောလေးနဲ့  အိပ်ပျော်သွားလိုက်တာ ....တခါမှ အိမ်မက်မမက်ဘူးတဲ့ လူ ..အိမ်မက်တွေ မက်မိတယ်ပေါ့လေ..အိမ်မက်ထဲမှာ  ဘွား ခနဲ ဆို နတ်ဆိုးကြီး တကောင် ပေါ်လာပါရော...
အဲနတ်ဆိုးကြီးကလေ ခေါင်းကြီးပါဘူးတော့.. သိလား.. သူကစကားစပြောလာတယ်....
ခေါင်းမပါပေမယ့် စကားတော့ ပြောလို့ရတယ်တဲ့နော်..အဟိ... နတ်ဆိုးကြီး က
ငါတို့ နှစ်ယောက် ကစားကြရအောင်တဲ့လေ..ဒါဆိုရင်လဲ အိုကေလေလို့ ... နတ်ကောင်းလုပ်တမ်းကစားမယ်လို့ ပြောလိုက်တယ်.....သူကဘာပြန်ပြောလဲဆိုတော့ ..နင်ကလူကောင်းမဟုတ်ဘူးတဲ့ ..နင်ရူးနေပီတဲ့...ဟီးဟီး...
အဲအချိန်မှာပဲ မိုးစက်ရေ..ထတော့တဲ့ ..7 နာရီထိုးပီတဲ့လေ.... အိမ်မက်လေးလဲ အဲတင်ပဲ ရပ်သွားရပါတော့တယ်ကွယ်..
ကိုယ့်ဟာကိုပြုံးမိပါတယ်...ငါ့ဘဝကလဲနော် ဆိုးလိုက်ပါဘိ...
...( မအိပ်ခင် နတ်အကြောင်းပြောနေရင်း အတွေးရလို့ ရေးလိုက်တာပါ.. ဟီးဟီး ..:))))
♥ ချစ်သူ့ ♥ အတွက် ♥ အလွမ်း ♥
ချစ်ရတဲ့ကောင်လေးရေ
အမြဲပဲ ကံမကောင်းခဲ့တဲ့ ငါ
ဒီတခါလဲ ကံမကောင်းပြန်ဘူးလား....
ချစ်သူရယ် ..
နင်နဲ့ တွေ့ မှ အချစ်ဆိုတာ
နားလည်ခဲ့မိတဲ့ငါ
နင့်ချစ်သူဖြစ်ခွင့်ရခဲ့လို့ 
အရမ်းပျော်ခဲ့မိတယ်
ငါ့အနားမှာ နင် ရှိနေတဲ့အချိန်
ငါ့အတွက်အပျော်ဆုံးအချိန်တွေပေါ့
အမှတ်တမဲ့ ပြုမိတဲ့ အမှားအတွက်
ရရှိလာတဲ့ရလဒ်က နင့်အမုန်းတွေလား.....
နင်မရှိတော့မှ နင့်တန်ဖိုးကို
ငါသိနေပါပြီ ချစ်သူရယ်
လွမ်းတယ်ချစ်သူ.....
ရင်ဘတ်ချင်းတူရင်
ပေါင်းစပ်လို့ ရတယ်လို့  နင်ပြောခဲ့တယ်လေ
အခုတော့
နင်မရှိတဲ့ အရပ်မှာ
ငါတယောက်တည်း အထီးကျန်စွာနဲ့ 
လွမ်းနေရပြီနော်......
နင့်ကိုလွမ်းစိတ်နဲ့ 
အလွမ်းကဗျာလေးတွေလဲ
ငါရေးတတ်နေပြီ ချစ်သူ.....
ငါ့ရဲ့အမှားတွေအတွက်
တိတ်ဆိတ်နေတဲ့ ညအလယ်
တယောက်တည်း
ငိုကြွေးနေရပြီ ချစ်သူ.....
ငါ့ရဲ့ အသက်ရှူလိုက်တိုင်းမှာ
နင့်ကို သတိယတယ်
ပြန်ဆုံဖို့ မလွယ်မှန်း သိပေမဲ့ 
တမ်းတနေမိတယ်
ချစ်သူရယ် ......
နင့်အချစ်တွေကို
မရရင်နေပါ
ငါ့ကိုတော့ မမုန်းလိုက်ပါနဲ့
ချစ်သူရယ်...
နင့်ကိုလွမ်းတဲ့
အလွမ်းနေ့ ရက်လေးတွေကို
နင်အသိအမှတ်ပြုရင်
ငါကျေနပ်ပါတယ်
ချစ်ရတဲ့ ကောင်လေးရေ.........
Saturday, September 19, 2009
အချစ်ကို ယုံကြည်စွာဖြင့် ..
"ကလင်...လင်..လင်...."
ဖြူစာအုပ်ဖတ်နေတုန်းမှာပဲ ဖုန်းလေး က မြည်လာပါတယ်.....
" ဟယ်လို....  ''
'' ဖြူလား... ''
" အယ် ....ကို "
" ဖြူ ခဏလောက် အပြင်ထွက်ခဲ့ပါလား... ကိုပြောစရာရှိလို့ ..
ဆုံနေကျနေရာလေးမှာ ကိုစောင့်နေမယ်နော်.... ''
'' အင်း ''  ဖြူအခုပဲ ထွက်လာခဲ့မယ်လေ..''
အခန်းထဲဝင်ပီး ပိုက်ဆံအိတ်လေး လွယ်ပြီး ကိုနဲ့ ဖြူ တွေ့ နေကျ
ကန်ဘောင်က ခုံတန်းလေးဆီ ဖြူ ထွက်လာခဲ့ပါတယ်...
ခုံပြာလေးမှာ   ဖြူ အလာကိုထိုင်စောင့်နေတဲ့  ဖြူ သိပ်ချစ်ရသော
ချစ်သူကို လှမ်းမြင်နေရပါမည်......
 အနားေ၇ာက်တော့ ကို့ ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်..
" ကိုရယ်..ကိုနဲ့ ဖြူနဲ့ မတွေ့ ရတာ တပတ်ကြီးများတောင်ရှိနေပြီနော်..
လွမ်းနေရတယ်သိလား ကိုရယ်  " ဆိုပြီး ကို့ ပခုံးလေးပေါ် ဖြူခေါင်းလေးအသာတင်လိုက်ပါတယ်..... 
ကို အလုပ်တွေ ကြိုးစားနေတာပါ ဖြူရယ် ''
အဲလိုကိုကပြောလာတော့လဲ ဖြူ တယောက် ချစ်ရသူ ကို့ ကို အရမ်းသနားသွားပါတယ်... အရမ်းလဲ ပိုချစ်မိနေရပါတယ်...
'' ဖြူ နားလည်ပါတယ် ကိုရယ် .. ဖြူ လဲ ကို့ ကို လွမ်းတယ်..
ကို့ ကို အရမ်းလဲ ချစ်နေမိတယ်.. ကိုနဲ့ အတူတူနေချင်နေပီ ''
 ဖြူ့  ကို ကို ပြောစရာ ရှိလို့ ခေါ်လိုက်တာ .. ကို နိုင်ငံခြားမှာသွားအလုပ်လုပ်မယ်.. ပြန်လာရင် ဖြူ နဲ့  လက်ထပ်မယ်လေ..
'' ဟင် '' 
''   ကို နိုင်ငံခြားကို သွားမယ် ..  ဟုတ်လား ..   ''
'' ဟုတ်တယ်ဖြူ ...... ကို နိုင်ငံခြားသွားမယ် .. ဖြူ နဲ့ ကို အတူတူနေဖို့ အတွက်  ကို ပိုက်ဆံသွားရှာမလို့ ပါ ဖြူ ရယ်......''
'' ကို့ ကို မသွားပါနဲ့လားလို့ တော့ မတားချင်ပါဘူး.. ကိုရယ်...
 ဒါပေမယ့်လေ ဖြူ မှ ကို့ ကို မခွဲနိုင်တာ.. သွားရင် သုံးလေးနှစ်တောင်ကြာမယ်လေ.. ကို့ ကို အဲလောက် အကြာကြီး မခွဲနိုင်ပါဘူး ကိုရယ်..ပြီးတော့ နိုင်ငံခြားဆိုတာ ကောင်မလေးတွေကလဲပေါမှပေါ .. တော်ကြာ ဖြူ ကို့ ကို ဆုံးရှုံးနေရပါ့မယ် ကိုရယ်..ဖြူ ပိုက်ဆံမရှိလဲ ကိုနဲ့ ဆို
ဘယ်လိုပဲနေရ နေရ တူတူနေရဲပါတယ် . ''
'' အာာ .. ဖြူ ကလဲ ကို့ ကို အထင်သေးတာလား.. ကို့ မှာလေ
ဖြူ ထက်ချစ်ရမယ့်သူမရှိပါဘူး.. ဖြူ က ကိုယ့်ဘဝ ..ကိုယ့်အသက်ပါ..
ဖြူ လောက်ချစ်ရမယ့်သူလဲ ကို့ ဘဝမှာ ရှိမလာတော့ပါဘူး ချစ်သူရဲ့ ..ကိုယ်ပြန်လာတဲ့တနေ့ ကျ ဖြူ့ ကို လက်ထပ်မယ်လေ.. နော် ..
အခုက မသွားလို့မရတော့ဘူး ..အားလုံး စီစဉ်ပြီးပြီ.. ''
" ကို က အားလုံးစီစဉ်ပြီး မှ ဖြူ့ ကိုပြောတာပေါ့.. ဟုတ်လား ..
  အဲလိုဆိုတော့လဲ ဖြူ ဘာပြောပြော အရာမရောက်တော့ပါဘူး..
 ကိုစိတ်ချမ်းသာရင် ပြီးတာပါပဲ .. ကိုပျော်နေရင် ဖြူ ကလေ
ဘာပဲ လုပ်ပေးရ လုပ်ပေးရ ကို့ အတွက် ပေးဆပ်နေမယ့်သူပါ..
 ကို့ ကို ဖြူ ဘယ်လောက်ချစ်တယ်ဆိုတာ ကိုအသိဆုံးပါ ..
 ကိုသာ ဘယ်တော့မှ မပြောင်းလဲသွားပါနဲ့နော်.... '''
''  စိတ်ချပါ ဖြူ ရယ် ..ကို ဖြူ ကလွဲ ပြီး ဘယ်သူ့ မှလဲ ချစ်လို့မရပါဘူးကွာ.
ဖြူ က ကို့ အတွက်ပဲ ဖြစ်ရမယ်.. အဲလိုပဲ ကိုကလဲ ဖြူ အတွက်ပဲ ဖြစ်စေရမယ်..ကို့ ကို အမြဲလွမ်းနေရမယ်နော်.. ''
     ဒီနေ့  ကို ဖြူ့ ကို ထားပြီး အဝေးကို သွားတော့မယ့်နေ့ ပေါ့..
လေယာဉ်ကွင်းမှာလဲ ဖြူ မငိုမိအောင် မနဲထိန်းထားရပါတယ်...
ဖြူ သိပ်ချစ်ရတဲ့ ချစ်သူ ကို့ ကို ခေါ်ဆောင်သွားမယ့်လေယာဉ်ကြီး ကို
ဖြူ အရမ်းမုန်းတီးမိပါတယ် ..  ဒီလိုနဲ့ပဲ ကိုလေယာဉ်ပေါ်တက်ရဖို့အချိန်ရောက်လာပါတယ်လေ.. ကိုကတော့ ဖြူ့ ကို ကတိတွေ အထပ်ထပ်ပေးပြီး လေယာဉ်ပေါ်တက်သွားပါပြီ..ဖြူ့ မှာသာ တယောက်တည်း ငေးကျန်ရစ်ခဲ့ရပါတယ်... ဒီလိုနဲ့ပဲ နေလာလိုက်တာ
  ကို ဆီ က ဖုန်းနဲ့ တမျိုး..  စာနဲု့ တဖုံ ဆက်သွယ်ပါတယ်.. 
ကိုအဆင်ပြေတယ်ဆိုလို့  ဖြူ ဝမ်းသာမိပါတယ် ....
နောက် နှစ်နှစ်လောက်ကြာတော့ ကို့ ဆီ က အဆက်အသွယ်သိပ်မရတော့ပါဘူး .. သူအလုပ်တွေ အရမ်းများနေလို့
အရင်လို မဆက်သွယ်နိုင်တော့တာကို တမျိုးမထင်ပါနဲ့ဆိုတာကြောင့်
ဖြူ သူ့ ကို သနားတောင် သနားမိပါတယ်.......
ကို့ ကိုလဲ ဖြူ ယုံကြည်နေမိတယ်လေ.....
တနေ့ မှာ ဖြူ ဆီကို ပြန်လာမယ်လို့  ကို ကတိတွေ ပေးထားတယ်...
ကို့ ရဲ့ အချစ်ကို ဖြူ အဆုံးအစမရှိ ယုံကြည်နေမိသူပါ...
ဖြူ ဟာ အချစ်ကို ယုံကြည်တတ်တဲ့ မိန်းမတယောက်ပေါ့ရှင်... 
အချိန်တွေ ရာသီတွေ သာ ပြောင်းလဲ သွားပါတယ်.....
ကိုကတော့ ဖြူ့ ဆီကို ပြန်မလာသေးပါဘူး... 
ကို့ ဘက် က ဘာမှလဲ ဖြူ့ ကို မဆက်သွယ်တော့ပါဘူး.....
ဒါပေမယ့်လဲ ဖြူ ကတော့ ကို့ ရဲ့  အချစ်ကို ယုံကြည်နေမိတုန်းပါပဲ ...... 
ဖြူ ရဲ့ သူငယ်ချင်းတွေ ကတော့ ဖြူ့ ကို ရူးသွပ်စွာ မိုက်မဲမှုတခုပါပဲတဲ့ ...
 သူ့ ကို မေ့ပစ်လိုက်ပြီး ဘဝ အသစ်ကို ပြန်စဖို့ ပဲ တိုက်တွန်းနေကြပါတယ်....ဖြူ က မှ မမေ့ပစ်နိုင်တာ.. ဖြူ အချစ်ကို တန်ဖိုးတားတယ်.. ယုံကြည်တယ်..ကိုဖြူ့ ဆီပြန်လာမဲ့ ရက်ကို ဖြူ သစ္စာရှိရှိနဲ့စောင့်မျှော်သွားမှာပါ ...
'''  ဖြူတယောက် သူမချစ်သူ ကို့ ကို တမ်းတ လွမ်းဆွတ်နေတဲ့ အချိန်မှာ
  သူမ ချစ်သူ ကိုကတော့ အချစ်သစ်နဲ့ ဘဝသစ် တခုကို တည်ဆောက်နေတယ်ဆိုတာကို
ဖြူ တယောက် သိခဲ့မယ်ဆိုလျှင်...........................''
(မကောင်းလဲ သီးခံဖတ်ပေးနော်.. ရေးချင်တာလျှောက်ရေးပစ်လိုက်တယ်.. ဟိဟိ..  )
သူငယ်ချင်း
ဘဝတကွေ့  တခဏမှာ
အမှတ်မထင် တွေ့ ဆုံခဲ့ရ
သူငယ်ချင်းများ....
လေလှိုင်းပေါ်မှာ
ဟိုဒီလျှောက်သွား
ခင်မင်လာရ
သူငယ်ချင်းများ.....
ကြိမ်ဖန်များစွာ ခင်မင်လာရ
အစဉ်ထာဝရ မေ့မရတဲ့
သူငယ်ချင်းများ.....
ဖြူစင်မေတ္တာ
အရောင်မဆိုးပဲ
ချစ်ခင်ကြင်နာ
သူငယ်ချင်းများ....
အားငယ်နေက
အားပေးကြဖို့ အသင့်ရှိနေကြတဲ့
သူငယ်ချင်းများ..…
တယောက်ကိုတယောက်
ဖေးမကူလို့ 
လက်တွဲမဖြုတ်
ခင်မင်နေကြ
သူငယ်ချင်းများ...…
ကံကြမ္မာက
ညှိုးမာန်ဖွဲ့ ၍
ဝေးခဲ့လေသော်
ပြန်လည်ဆုံးဆည်းဖို့ရာ
မျှော်လင့်လျှက်ပါ
သူငယ်ချင်းများ…
သူငယ်ချင်းဆိုသော
သံယောဇဉ်
ဘယ်သောအခါမှမမေ့
ရင်မှာအမြဲ
ရှိနေမှာကို
မင်းယုံကြည်ပါ
သူငယ်ချင်းများ..။ ... ။
သူငယ်ချင်းဆိုတာ ဘဝတကွေ့ မှာ ခဏတာ တွေ့ ဆုံရတဲ့ လက်တွဲဖော်ကောင်းလေးတွေ ပါ..
ကိုယ်စိတ်ညစ်တဲ့ အခါ ကိုယ့်ကို ထပ်တူမျှဝေခံစားပေးမယ်..သူစိတ်ညစ်တဲ့ အခါ ကိုယ်က မျှဝေခံစားပေးရမယ်..
တယောက်နဲ့တယောက် ကူညီရိုင်းပင်းမယ်.သူလဲရင် ကိုယ်ထူမယ်..ကိုယ်လဲရင်သူထူမယ် ဆိုတဲ့  ဖြူစင်တဲ့ စိတ်ဓာတ်လေးတွေနဲ့ ရှိတဲ့ သူလေးတွေပါ သူငယ်ချင်းဆိုတဲ့ အရိပ်အောက်မှာအရောင်မဆိုးတဲ့  ဖြူစင်တဲ့ မေတ္တာတရားတွေ ရှိပါတယ်..
ဘယ်လိုနေရာမှာပဲတွေ့ ဆုံနေပါစေ..ဖြူစင်အေးမြတဲ့သံယောဇဉ်ကတော့ ရှိနေမှာပါ ...
(ချစ်ခင်ရသော သူငယ်ချင်းလေးများအတွက်ပါ..သိပ်တော့ရေးတတ်ဘူးကွယ်..ခံစားမိသလောက်လေးပါ.အမှားပါရင်
နားလည်ပေးကြပါလို့ ..နော်...)
Friday, September 18, 2009
♥♥စက်တင်ဘာ ချစ်သူ♥♥
စက်တင်ဘာတဲ့ ...
 စက်တင်ဘာဆိုတဲ့အသံလေးကို ကြားလိုက်ရတယ်ဆိုရင်ပဲ လူက တခုခုကိုလွမ်းသလိုလို ဆွေးသလိုလို ခံစားနေရတယ်..
ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်သွားပြီပဲလေ..စိတ်ထဲမှာတော့ မနေ့ တနေ့ကလိုပဲ ခံစားနေရပါတယ်.. 
 စက်တင်ဘာဆိုတာ ကျွန်မအတွက်တော့ အမှတ်ရစရာအပြည့်တွေနဲ့ ပါပဲ..
စက်တင်ဘာမှာ သူနဲ့ ကျွန်မ ဆုံဆည်းခဲ့ရတယ်.. လွမ်းတယ်သူရယ်..သူဆိုတာ က တချိန်တုန်းက ကျွန်မရဲ့ 
အဟိ.. ဘယ်လိုပြောမလဲပေါ့နော်.. တခုတော့တခုပေါ့နော်..အဲလိုဖြစ်ခဲ့တာပေါ့နော်..
သူနဲ့ ကျွန်မနဲ့ စတွေ့ ပုံလေးကိုပြောရမယ်ဆိုရင်...............
  စက်တင်ဘာရဲ့  ရက်လေးတရက်မှာပေါ့နော်..သူနဲ့ ကျွန်မ စသိခဲ့ပါတယ်.. ပထမတော့ သူ့ ကိုကျွန်မကောင်းကောင်းစကားမပြောပါဘူး......သူနဲ့ကျွန်မ သိတာက ဝက်ဆိုဒ်တခုမှာပါ...နောက်တော့
ကြာလာတာနဲ့အမျှ ဂျီတော့မှာ ချက်ဖြစ်တယ်ပေါ့နော်..  ဂျီတော့မှာချက်ရင် အဆင်မပြေပါဘူး.. ဘာလို့လဲဆိုတော့
သူက မြန်မာစာသိပ်မရိုက်တတ်ပါဘူး..အရမ်းကိုနှေးပါတယ်.. ကျွန်မက စိတ်ကလက်တဆစ်လေးရယ်.. (အိုင်တီခေတ်လေ..မိုးစက်တို့က မြန်မြန်ပဲ ..အဟိ..စာရိုက်တာပြောပါတယ်)..ကျွန်မတို့ချက်တင်စကားကျလဲ သူနားမလည်ပါဘူး.. သူရိုက်တဲ့ အင်္ဂလိပ်စကားကျတော့လဲ ကျွန်မနားမလည်ပါဘူး..အဟိ..(အဲလောက်တော်တဲ့နာနော်.. :PPPP) သူပြောတာက တမျိုး..ကျွန်မ အဓိပ္ပါယ်ကောက်တာက တမျိုး..သူနဲ့ကျွန်မ ခဏခဏ စကားများရပါတယ်.. ဒါတောင် မောင်နှမလိုမျိုးပဲရှိပါသေးတယ်.. ဟိဟိ.. ကျွန်မ မှာ က အကို မရှိတော့ သူ့ကို အကိုတယောက်လို သံယောဇဉ်က ရှိပြီးသားလေ..နောက်ပိုင်း သူနဲ့ ကျွန်မ ချစ်သူဖြစ်သွားတယ်ပေါ့နော်.(အဟီး..ရှက်ရိုက်တာနော်.. :PPPP)
ကျွန်မ သူ့ ကို ခဏ ခဏ စိတ်ကောက်ပါတယ်.. သူကလဲ ကျွန်မ ကို အလိုလိုက်ပါတယ်လေ..
သူရှိတုန်းက သူ့တန်ဘိုး ကို ကောင်းကောင်းမသိခဲ့မိပါဘူး.. သူမရှိတော့မှ ကျွန်မနားလည်မိပါတယ်..
အခုအချိန်မှာတော့ သူက ကျွန်မနဲ့အဝေးဆုံးတနေရာမှာရောက်နေပါပြီလေ...
ကံမကုန်လို့ပြန်ဆုံခဲ့ရမယ်ဆိုရင်တော့ ကျွန်မအတွက် အပျော်ဆုံးပဲပေါ့..
စက်တင်ဘာမှာသူနဲ့ဆုံတွေ့ ခဲ့တဲ့နေ့ လေး ကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး...
စက်တင်ဘာဟာ ကျွန်မဘဝအတွက် အမှတ်တရ လလေးတလပါ..
စက်တင်ဘာမှာဆုံဆည်းခဲ့ရတဲ့ သူဟာလဲ ကျွန်မအတွက်တော့ .............
(ဘယ်ရာတော့ ဘာရယ်ပေါ့နော်.. ဟီးဟီး.. .ဟုတ်ပါဘူး..အခုခေတ်ကအွန်လိုင်းခေတ်ဆိုတော့လေ
အတွေးလေးရလို့ေ၇းလိုက်တာပါရှန့် .:PPPPP.)
Thursday, September 17, 2009
♥♥ မရနိုင်တော့တဲ့ အချစ် ♥♥
မခေါ်ပဲနဲ့ ရောက်လာတယ်
မနှင်ပဲပြန်ထွက်သွားတယ်
ထွက်သွားသူအတွက်                    
အမှတ်တမဲ့ ဆိုခဲ့ပေမယ်
ကျန်ခဲ့ရသူ အတွက်တော့
အမှတ်တရ
ကြေကွဲမှုတွေ အပြည့်ပါ
ပြန်ဆုံမယ်လို့
မျှော်လင့်ခွင့် မရှိပေမယ့်
နောက်တကြိမ် ပြန်ဆုံတွေ့ဖို့
မျှော်လင့်တောင့်တနေမိတယ်
မင်းဆီက ပျော်ရွှင်မှုတွေ
ငါ့အတွက် မဟုတ်ခဲ့ရင်လည်း
မင်းဆီက အဆိုးတွေကိုတော့
ငါပိုင်ဆိုင် ထားခွင့်ရှိချင်တယ်.....
Wednesday, September 16, 2009
ဝက်ဝံလေးအတွက်မွေးနေ့ မင်္ဂလာ
   စက်တင်ဘာ ( 18 ) ရက်နေ့ မှာ ကျရောက်မယ့် စက်တင်ဘာမင်းသမီးလေး
ဝက်ဝံလေးအတွက် ပြုလုပ်ပေးတဲ့ မွေး နေ့ ပွဲလေး ဖြစ်ပါတယ်ချင့်..
စက်တင်ဘာရဲ့  ကောင်းကင်လေး မွေးနေ့ ကိုလာရောက်ကြတဲ့ သူငယ်ချင်းတွေ ကို ကျေးဇူးတင်ပါတယ်...
အရင်ဆုံး မွေးနေ့ ပွဲလေး လုပ်ရအောင်နော်.. ပြီးမှ  စားကြမယ်နော်......
                     Happy Birthday
               ချစ်စရာ ဝက်ဝံလေးအတွက် မွေးနေ့ လက်ဆောင်လေးပါကွယ်
                          ညလေးကြိုက်မယ်လို့တော့ ထင်ပါတယ်..
                                မကြိုက်လဲ ဒါပဲယူတော့..ဟွန့် ..ဟီး..
                      ချစ်စရာ ဝက်ဝံလေး အတွက် ဝက်ဝံရုပ်လေးပါ
ဒါကတော့ ညလေး အတွက် မွေးနေ့  ကဗျာလေးပါ..
သိပ်တော့ ရေးတတ်ဘူးကွယ်...
                                တီတီတာတာ     ချစ်စဖွယ်
                                 စကားတွေနဲ့ 
                                လူတိုင်းကို ပျော်ရွှင်စေတဲ့ 
                                စက်တင်ဘာ မင်းသမီးလေး
                                အနာဂတ်ခရီး   
                               ပျော်ရွှင်ဖွယ်အတိ
                               ပန်းခင်းလမ်းလို   သာယာလှပ
                               ခလုတ်မထိ  ဆူးမငြိပဲ
                               အမြဲထာဝစဉ်
                               ပြုံးပျော်ရွှင်စွာ
                               လျှောက်လှမ်းနိုင်ပါစေ
                               စက်တင်ဘာရဲ့ ကောင်းကင်လေးရေ........
                      မွေးနေ့ ကို ကြွရောက်လာတဲ့ သူငယ်ချင်းလေးတွေအတွက်ပါ...
                              ကြိုက်တာသုံးဆောင်ကြပါနော်...
                        ခေါက်ဆွဲကြော်လေးပါ..
                           လတ်လတ်ဆတ်ဆတ် ကြော်ထားတဲ့  ပင်လယ်အစားစာတွေပါ..
 ဒါကတော့ ဝက်ဝံလေးရဲ့ အကိုတော်တွေအတွက်ပေါ့ချင်..
မူးအောင်တော့သောက်ကြနဲ့နော်... နာကကြောက်တတ်တယ်.. အဟိ..
သူ မမတွေအတွက်ပါ....
18.9.2009 မှာကျရောက်မယ့် 
ဝက်ဝံလေး   ရဲ့ မွေးနေ့ ကို လာရောက်ကြတဲ့ မောင်နှမလေးတွေ 
သူ့အတွက်မွေးနေ့ ဆုတောင်းပေးကြပါလို့  ....
မွေးနေ့ ရက်မြတ်မှသည်နောင်ရာစုသစ်ပေါင်းများစွာ
တိုးတက်အောင်မြင်သော ဘဝလေးကို  ထာဝရ  ပိုင်ဆိုင်နိုင်ပါစေ ညလေးရေ....
☼☼ ဓာတ်ပုံလေး ☼☼
မိုးလုံလေလုံ
နှလုံးအိမ်ထဲက ဓာတ်ပုံလေး
ထုတ်.. ထုတ်ကြည့်ဖြစ်တယ်...   
သတိရတိုင်း
သတိရတိုင်း ရွှဲနစ်
ပါးပြင်ပေါ် မျက်ရည်တွေ
ငါက ဓာတ်ပုံလေးကို တွေရီငေး
ဓာတ်ပုံလေးက ငါ့ကို တွေရီငေး
လွမ်းတယ်.. ။....။
  (အဒူ့ ဓာတ်ပုံလဲလို့တော့လာမေးနဲ့နော်.. နာလဲတိဝူး ..)
Tuesday, September 15, 2009
☼☼ သက်ဆိုင်သူသို့  ☼☼
☼ ငါသိပ်ချစ်ခဲ့ရတဲ့      နင်    
☼ အရင်လိုမဟုတ်တော့ပါလား
☼ ရက်စက်တတ်တဲ့ စကားတွေ
☼ နင်ဆိုတတ်နေပြီပဲ
☼ ငါသိထားခဲ့တဲ့    နင်
☼ နူးညံ့လွန်းသူတယောက်ပါ
☼ ငါ့စိတ်ကူးထဲ က  နင်
☼ အမြဲ ကြင်နာတတ်ခဲ့သူပါ
☼ ပြောင်းလဲခြင်းရဲ့ နောက်မှာ
☼ နင်လဲ အားလုံး ပြောင်းလဲသွားပြီနော်
☼ ငါမယုံရဲဘူး ချစ်သူရယ် ............
(ရေးနေရင်းငိုချင်လာ၍ ဒီတင်ပဲရပ်လိုက်ပါတယ်ချင့်.......... 
:PPPPPPPPPPPPPPP)
Monday, September 14, 2009
☼အိမ်သစ်တက်ပွဲလေး☼
မင်္ဂလာဆောင်ကြပါချင်...အဲ.. မင်္ဂလာပါရှင့်....
..ဒီနေ့ ကတော့ မိုးစက်လေး ရဲ့  အိမ်သစ်တက်ပွဲလေးပါ.....
အစကတော့ လုပ်တော့ဝူးလို့ တွေးထားတာပါ..ဘာလို့ လဲဆိုတော့လေ ပိုက်ပိုက်ပြတ်နေလို့ပါ.. အဟိ..အဟိ..
အကိုကြီးကိုမင်းသက် က စီဘောက်မှာ လာအော်သွားတယ်လေ.. အိမ်သစ်တက်ပွဲ ဘာချားရမှာလဲတဲ့ ...ပီးတော့လဲ ဝက်ဝံလေး က လဲ
ရေခဲမုန့် ချားချင်တယ်လို့  ရေးထားတွေ့ တယ်ပေါ့နော်..နောက်မှသိရတာတော့ သူကသူ့ ဇာတ်လမ်းနဲ့သူရေခဲမုန့် ချားချင်နေတာပါ.. ဟိဟိ..ဖွလိုက်ပီနော်..ပေါက်ကျော်မလေး..
ဘလော့လောက က မဟုတ်တဲ့ ပြည်သားလေးများဆုံဆည်းရာ
မှ.. အက်မင် mystic နဲ့  မိုးစက်လေးရဲ့ မွေးစား ပါပါး တိမ်မိုးညို တို့ က လဲ လာငတ်ကြီးကြနေလို့ လေ..(နာ့ကိုတော့ သတ်ချင်မနေနဲ့ နော်.. ဟိဟိ.. ဂျစ်လို့ စတာ.. နာ့မှာလဲ နိုင်တာချိုရို့  နင်တို့ ပဲပြောလို့ ရတယ်လေ.. ) ..အဲဒါနဲ့ ပဲ လုပ်ဖြစ်တွားရယ်ပေါ့နော် .. ညကအိပ်တောင်မအိပ်လိုက်ရပါဘူး...(စအိပ်တည်း က မိုးလင်းတဲ့အထိ တရေးပါပဲ.. ဟိဟိ)တနယ်ဂျင်းလေးတွေ ကိုကျွေးဖို့ လုပ်နေရတာပေါ့နော်.
ဒီနေ့ ဆို ရင် မိုးစက်လေး ဘလော့လောက ကိုရောက်လာတာ ဆယ်ရက်ကြီးများတောင် ရှိပါပီ.. ဟီးဟီး..မိုးစက်လေး ကို ကူညီပေးတဲ့ 
ညလေးဝက်ဝံလေး ကိုလဲ အညားကြီး ကျေးကျေးပါ...တူလေးက ဟာသလေးတွေ ပြောတတ်တဲ့ ချစ်စရာဝက်မလေးပါ..အဲအဲ..မှားရို့ .ချစ်စရာတောင်မရေးပါ.. မျက်စိတောင်တလုံးမြောက်တလုံးနဲ့အေးချမ်းသာယာဆိုတဲ့ နယ်သားလေးကတော့ မေးလိုက်တိုင်း ဘာမှကိုမသိပါဘူး.. ဟီးဟီး..
အဟုတ်ပြောတာပါ..ဘာအားကိုးရလဲဆိုတော့ သိတယ်မလား..ကြူဘို့ ပဲသိပါတယ်..ခဏနေရင် ပါးဖြဲနဖြဲ လာစားပါတော့မယ်..အဲလိုအားကိုးရပါတယ်.. သူရဲ့မျက်လုံးကလေ တိရား..တောင်ကလူကိုကြည့်ရင် မြောက်ကလူကိုမြင်တယ်..မြောက်ကလူကိုကြည့်ရင်တောင်ကလူကို မြင်ပါတယ်...သူလာရင် ကြည့်နိုင်ပါတယ်..အဟုတ်ပြောတာပါ.. ခစ်ခစ်ခစ်ခစ်.(နယ်နယ်..တူတူမတိဝူးနော်။။ လျှောက်ကြောတာနော်.. ချိတ်ချိုးရဝူးနော်....) မိုးစက်လေးရဲ့ မွေးစားပါပါး ကိုတိမ်မိုးညိုကတော့
ပြည်သားလေးများဆုံဆည်းရာ ဆိုဒ်လေးမှာ ကြူကြူ သင်တန်းဖွင့်ဖို့ 
စီစဉ်နေတာ ဖြစ်ပါတယ် ..စိတ်ဝင်စားသူ ဘလော့ဂါ ညီအကိုမောင်နှမမောင်များ စာရင်းပေးသွင်းနိုင်ပါတယ်နော်.. ဟိဟိ...
ညကြူနေ့ငိုက်လေ..နေ့ ဘက်ငိုက်အောင် ကို ကြူတာပါ..အယ်..ကြိုးစားတာပါ...
အလုပ်လုပ်တာပြောပါတယ်...(နာ့ပါပါးက ချောချောလေးပါ...ခေါင်းမခေါက်အောင် မြှောက်ပြောလိုက်ခြင်းဖြစ်ပါသည်..)... ကဲကဲ.. စားဘို့ အစီအစဉ် စပါတော့မယ်.. Mystic ကြီး သားရေကျနေတာကို မိုးစက်လေး မသိမသာ မြင်လိုက်ပါသည်.. ခစ်ခစ်ခစ်ခစ်....စားကြမယ်ဟေ့...
ဖြောင်းဖြောင်းဖြောင်းဖြောင်း... ကိုမင်းသက်ကြီး လက်ခုပ်သံ အကျယ်ဆုံးပါ... (ဖြေးဖြေးတီးပါဟ..စားရပါ့မယ်.. ဟီးဟီးးး)..မိုးစက်လေးကို ဖွားဖွားလို့ ထော်တဲ့ သားသားဇာနည်မောင်လေးကလဲ အခုမှရောက်လာပါတယ်...
လွတ်တဲ့ နေရာမှာသာ ထိုင်ကြပါ......အားမနာကြပါနဲ့ နော်..ခစ်ခစ်ခစ်ခစ်..
                                 မြန်မာထမင်းဟင်းလေးပါ
 ဒါလေးကတော့ မိုးစက်လေး ကိုယ်တိုင်ကင်ထားတဲ့ ငါးလေးပါ..
နဲနဲတူးသွားတယ်ချင်.. သည်းခံပါနော်..(ချက်တင်ထိုင်နေ၍တူးသွားခြင်း:PPPPP)
ဒါလေးကတော့ သစ်သီးစုံ အချိုပွဲလေးပါ...
ဒါကတော့ ဘာကြီးလဲတိဝူး..စီတိုးနားကနေ မှာထားတာပါ.. ဟိဟိ..
စတော်ဘယ်ရီဖျော်ရည်လေး သောက်ပါအုံး....
                    အညာက မလိုင်လုံးပါ...
ဒါကတော့ မိုးစက်လေးတို့ ရဲ့ အညာလက်ဖက်သုပ်လေးပါချင်..
ရေနွေးကြမ်းလေးနဲ့အရမ်းလိုက်ပါတယ်.. ဟီးဟီး..
                        ဒါကတော့ ရေခဲမုန့်လေးပါ...ဝက်ဝံလေးအတွက်ပါချင့်.
မဝသေးရင်လဲကော်ပီလုပ်ပီးသာစားလိုက်ကြပါတော့နော်..:)))))))))))
မိုးစက်လေးတို့ဆီကိုလာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းတွေ ကိုကျေးဇူးတင်ပါတယ်.. မိုးစက်လေး သူငယ်ချင်းတွေ ကို အရမ်းခင်တတ်..ခိုင်းတတ်ပါတယ်.. ဟီးဟီး..ဂယ်ကြောတာပါ..
နောက်လဲအမြဲလာလည်ကြပါလို့ ....
အေးချမ်းသာယာလေးကတော့ ပန်ကန်တွေဆေးပီးမှကြန်နော်..နီနဲ့နာက နယ်တားတွေလေဟာ..
ဟိဟိ..အဲလိုခိုင်းတတ်ပါတယ်ချင့်..ကုန်အောင်စားပါနော်..တနယ်ဂျင်းလေးတွေဝရင် မိုးစက်လေး ငတ်သလိုပါပဲ..
ကျေးဇူးအင်ဖက်နတီပါချင်...
ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner