Monday, September 28, 2009

♥♥လွမ်းမိတယ်♥♥


ဖုန်းသံကြားရင်

ငါရင်ခုန်တယ်

မင်းအသံကြားရင်

ငါရင်တုန်တယ်

မင်းအသံက

သာယာငြိမ့်ညောင်း

စွဲမက်ဖို့ ကောင်းတယ်

အေးချမ်းသာယာ

မင်းကမ္ဘာမှာ

ငါနေချင်တယ်

နွေးထွေးမှုရဲ့ 

မင်းရင်ငွေ့ မှာ

ခိုလှုံချင်တယ်

အဖြစ်အပျက်

မနှစ်သက်ရင်

မင်းကိုငါလွမ်း

ရင်မှာကျွမ်းတယ်.....

 

6 comments:

ဝက်ဝံလေး said...

ဟယ် ဘာတွေ ဖြစ်ပြန်တာတုံး ရွှေညာသူရေ ဟိဟိ

လင်းကြယ်ဖြူ said...

အဲ့ဒီ့ မင်း ဆိုတာကို လွမ်းရင်း ကျွမ်းတဲ့ အသည်းတွေ
အမြန် ပျော်ရွှင်ခြင်း ရောက်လာပါစေခင်ဗျာ..

ရင်ရဲ့ ရိုးရာ said...

အား ဒီမမ နှယ်နော် မပြောချင်တော့ဘူးနော် ဟွန်းဟွန်းး)))
အလကားစတာ လွမ်းသာလွမ်းအားရအောင် သာလွမ်း သိလား
လွမ်းလို့မနိုင်ရင် တားပါဝိုင်းလွမ်းပေးမယ် အဟိ သိတယ်မလား အခံကရှိပြီးသားနော်

မင်းနေဝေး said...

အဖြစ်အပျက်တွေ မနှစ်သက်ရင်တဲ့လား ....
နှစ်သက်ပါစေလို့ဆုတောင်းပေးရင်း
စာကြွေးတွေ ချေနေပါတယ် :P

Unknown said...

အလွမ်းသမားတွေများနေတော့
စုပြီး အလွမ်းဘဏ်တိုက်ဖွင့်ကြရအောင်
း)

. said...

အော် .. ဖတ်ရတာ မျက်ရည်တောင် ၀ဲတယ်

ပီားးးးးးးးးးးးးး အနော်လည်း လွမ်းးမိတယ် ......

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner