Tuesday, September 22, 2009
☼☼ နတ်ဆိုးတကောင်နှင့် တွေ့ ဆုံခြင်း ☼☼
ညတုန်းကမောမောလေးနဲ့  အိပ်ပျော်သွားလိုက်တာ ....တခါမှ အိမ်မက်မမက်ဘူးတဲ့ လူ ..အိမ်မက်တွေ မက်မိတယ်ပေါ့လေ..အိမ်မက်ထဲမှာ  ဘွား ခနဲ ဆို နတ်ဆိုးကြီး တကောင် ပေါ်လာပါရော...
အဲနတ်ဆိုးကြီးကလေ ခေါင်းကြီးပါဘူးတော့.. သိလား.. သူကစကားစပြောလာတယ်....
ခေါင်းမပါပေမယ့် စကားတော့ ပြောလို့ရတယ်တဲ့နော်..အဟိ... နတ်ဆိုးကြီး က
ငါတို့ နှစ်ယောက် ကစားကြရအောင်တဲ့လေ..ဒါဆိုရင်လဲ အိုကေလေလို့ ... နတ်ကောင်းလုပ်တမ်းကစားမယ်လို့ ပြောလိုက်တယ်.....သူကဘာပြန်ပြောလဲဆိုတော့ ..နင်ကလူကောင်းမဟုတ်ဘူးတဲ့ ..နင်ရူးနေပီတဲ့...ဟီးဟီး...
အဲအချိန်မှာပဲ မိုးစက်ရေ..ထတော့တဲ့ ..7 နာရီထိုးပီတဲ့လေ.... အိမ်မက်လေးလဲ အဲတင်ပဲ ရပ်သွားရပါတော့တယ်ကွယ်..
ကိုယ့်ဟာကိုပြုံးမိပါတယ်...ငါ့ဘဝကလဲနော် ဆိုးလိုက်ပါဘိ...
...( မအိပ်ခင် နတ်အကြောင်းပြောနေရင်း အတွေးရလို့ ရေးလိုက်တာပါ.. ဟီးဟီး ..:))))
2 comments:
ဝက်ဝံလေး said...
အယ် ဘာကြီးတုံး ပုံပြင်လားလို့ စိတ်ဝင်တစား ဖတ်နေတာ သူက ပြီးသွားပြီတော့ ဟဟဟ
လင်းကြယ်ဖြူ said...
ဟုတ်တယ်နော်..
ကောင်းခန်းရောက်ရင် မီးပျက်တာတို့
အိပ်လို့ကောင်းတုန် နှိုးစက်ထမြည်တာတို့..
စားလို့ကောင်းမှ အရိုးဆူးတာတို့ က..တော်တော် ခံရခက်တယ်..
နောက်ထပ်ခံရခက်တာတွေအများကြီးရှိသေးတယ်..
ကြုံလို့ တွေ့မှပဲ ပြောပြတော့မယ်...း )
ပျော်ပါစေ ဘော်ဒါရေ
(Word Verification ကို ဖြုတ်လိုက်ရင်အင်တာနက် နှေးနှေးသုံးရတဲ့ သူအဖို့ မန့်ရတာ ပိုအဆင်ပြေမယ်ထင်တယ်နော်..း)
Post a Comment
ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....
ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner