Friday, September 25, 2009

အချစ်၏ အဓိပ္ပါယ်


ဘယ်သူမှ မသိလိုက်တဲ့
နှလုံးသားတခု ရဲ့
ငိုကြွေးခြင်းရဲ့
ဖြေသိမ့်ရာက ဘယ်မှာလဲ
ချစ်သူအတွက်
အချစ်တွေနဲ့ ရှင်သန်နေတဲ့
နှလုံးသား တခုရဲ့ 
အသက်က ဘယ်မှာလဲ???????????????
လွမ်းတယ် .....
အရမ်းလွမ်းတယ်........



အချစ် နဲ့အလွမ်း ဆိုတာ တကယ်တော့ ခွဲမရတဲ့အမွှာတွေပါ။ အချစ်ရှိရင် အလွမ်းရှိမယ်

အချစ် နဲ့အလွမ်း မရှိတဲ့ဘ၀က ကျောရိုးမရှိတဲ့ ဘ၀သမားလို ဘယ်တော့မှ နလံထူမှာ မဟုတ်ပါဘူးတဲ့ ။
ချစ်သူကိုလွမ်းရင် သွားလည်းဒီစိတ် စားလည်းဒီစိတ်တဲ့ ဘယ်သွားသွား ဘာလုပ်လုပ် သတိရနေတော့တာဘဲတဲ့.......

သိပ်ချစ်ကြတဲ့ချစ်သူတွေရဲ့အချစ်အလွမ်းလေးတွေကို အဓိပ္ပါယ်ဖွင့်ဆိုထားတာပေါ့နော်….

မိုးစက်လေး သိတဲ့အချစ်ကတော့လေ .... ဟဲဟဲ

အချစ်အချစ် ….
လခတွေကိုစားသွားသောအချစ်…(အဘယ်ကြောင့်ဆိုသော် ဖုန်းခဏခဏဆက်သောကြောင့် )

အချစ် အချစ် …..
ဟင်းအိုးတွေကို တူးသွားစေသောအချစ် ( ချက်တင်တွင် စိတ်ပါပီး ဟင်းအိုးတည်ထားသည်ကိုမေ့နေပါသောကြောင့်)

အချစ် အချစ် ……
ငါ့ကွန်ပြူတာကို ခဏခဏပျက်စေတဲ့ အချစ်….

အရေခကွေးယပင့်စသတ်…..နင့်ကို ငါမချစ်ဘူး.. 






4 comments:

Unknown said...

မိုးစက်ရေ...

ပြောတော့ တိဘူးဆို....
အခုတော့ ပုံဖော်ထားလိုက်ပုံများ... ဟွန့်

တို့ကတော့ ရှောင်ပြေးပြီ ဗျို့...

အချစ်ကြောင့် ဒုက္ခရောက်သူထဲမှာ ပါဝင်ခဲ့ဘူးတော့လည်း
ကြေကွဲဝမ်းနည်းသနားစရာပေါ့လေ...

လင်းငယ် said...

ဘီလိုဘီလို ဖိလို့... ဟရှစ်ဟရှစ် ခနေ မရှစ်ဆော့ဘူး ခြစ်တုန်ရာရုန်း...

ဝက်ဝံလေး said...

အောင်မလေး ဟင်းအိုးတူးသွားတာတောင် နည်းသေး ဟွင်းးး စ တာနော် စိတ်ချိုးနဲ့ ဟိဟိ

ဘိုင် တာ့တာ

ဒီကတော့ ဟင်းအိုးလဲ အတူးမခံနိုင်ဘူး ပိုက်ဆံလဲအကုန်မခံနိုင်ဘူး ဒါပဲ ဟိဟိ

ရင်ရဲ့ ရိုးရာ said...

မရေ မ မရေ မ အရေ အ ညရေချာ ညာ သရေနှစ်ချောင်းငင် သူ သဝေထိုးလရေ လေ ၀တ်ဆံနှစ်လုံးပေါက်လေး မမအလွမ်းမင်းသမီးလေး အဟီး

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner