Thursday, September 24, 2009

♥♥ အသဲကွဲခြင်း ♥♥

ချစ်သူ ...

ငါဟာ ပန်းလေးတပွင့်ပဲဆိုပါတော့..လိပ်ပြာလေးတွေကမေးကြတယ်....
မင်းမှာချစ်သူအများကြီးရှိလားတဲ့.....
ငါကလဲပြန်ပြောလိုက်ပါတယ်......ချစ်သူအများကြီးမရှိပါဘူး.....
ရှိခဲ့ဖူးတဲ့တစ်ယောက်ကိုတော့....အများကြီးချစ်ခဲ့ပါတယ်လို့.........

ချစ်သူမင်းငါ့ကို
မချစ်လည်း
နေလို့ရပါတယ်

ချစ်သူမင်းငါ့ကို
ခွဲခွာသွာလည်း
နေလို့ရပါတယ်


ဒါပေမဲ့
မင်းကို မုန်းမေ့ဖို့  
မချစ်ဖို့ဆိုတာတော့
ဘယ်လိုမှမဖြစ်နိုင်လို့ပါ
ချစ်သူ.....


အရာရာကို ပေါ့ပျက်ပျက် တွေးတတ်တဲ့
ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ
မင်းအတွက်
လေးနက်ခြင်းဆိုတာတွေ
ရှိနေတတ်ပြီ   ချစ်သူ ...

အမြဲပျော်ပျော်နေတတ်တဲ့
ကောင်မလေးတယောက်
မင်းကိုလွမ်းစိတ်နဲ့ 
တိတ်တဆိတ် ကြေကွဲနေတတ်ပြီ
ချစ်သူ...

အရာရာကို တစ်ဇွတ်ထိုး
အနိုင်ယူတတ်တဲ့ ကောင်မလေး
မင်းနဲ့ကျမှ
ရှုံးနိမ့်နေရပြီဆိုတာ
မင်းသိရဲ့လား.....

ငါ့အတွက်ကတော့
မင်းကိုချစ်မိတဲ့အတွက်
အသဲကွဲဒဏ်ရာများစွာကို
ကျေနပ်စွာ ခံယူရင်း.
မှောင်မိုက်တဲ့ အခန်းလေးထဲမှာ 
ရှေ့ဆက် လွမ်းနေရအုံးမယ်
ချစ်သူရေ...


( ဟိဟိ..ရေးချင်တာလျှောက်ရေးတာနော်..ရင်တွင်းဖစ်တော့ ဝုတ်ရပါဝူးချင့်.. :PPPPPPPPPP)

5 comments:

ဝက်ဝံလေး said...

အယ် ဘာဖြစ်ပြန်တာတုံး ဒါက ဘာတွေ ဖစ် နေလဲ အညာသူရယ်

. said...

ပီားး ........ ရင်တွင်းဖစ် မပာုတ်ရင် ..... ရေတွင်းပျက်....

အပဲာ ..... စတာနော် .. စိတ်ဆိုးနဲ့

လင်းကြယ်ဖြူ said...

အော်..ဒီလိုလား..
ခံစားချက်တွေကတော့ အပြင်းသားလား...
ရင်တွင်းဖြစ် တဲ့ စကားလုံးလတ်လတ်ဆတ်ဆတ်တွေ ပေါ့နော..း )
ပျော်ပါစေခင်ဗျာ

ရင်ရဲ့ ရိုးရာ said...

အယ် ဒီမမ အညာသူလေး တော့နော် ဘာဖစ်နေတာတုန်းကွယ် ကဗျာကလည်း
ကြေကွဲရိပ်တွေချည်း သန်းနေတယ်

Unknown said...

ရွှေညာသူလေးရေ...

မယုံဘူးဗျို့... ဒီလောက်ခံစားဖွဲ့သီထားတာ ခံစားမှု တခုခုတော့ ရှိနေတာသေချာနေပြီဗျို့....
မြင်နေရတယ်နော်.... လူကြီးကို မလိမ်ရဘူး အသက်ကြီးလာတာ အသည်းကွဲပြီးကြီးလာတာဗျ... ဟဲဟဲ...


ပျော်ရွှင်ပါစေဗျာ...
ကဗျာလေးကို ထပ်တူခံစားသွားပါတယ်....

ချစ်ခင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner