Saturday, September 26, 2009

♥♥ ဆန်းဒေးချစ်သူ ♥♥



ဒီနေ့  က ဆန်းဒေး...
ဆန်းဒေး မှာ သူနဲ့  ချိန်းထားတာ ဆိုတော့ ဝတီ လှလှလေး ပြင်ပြီး အင်တာနက်ဆိုင် ကို သွားရမယ်လေ.... သူနဲ့ ဝတီ နဲ့ က ဆန်ဒေးတိုင်း
တွေ့ နေကျလေ .. ဒီအချိန်လောက်ဆို သူ အွန်လိုင်းရောက်နေလောက်ပြီ.
သူဆိုတာကလဲ ဝတီ တခါမှမမြင်ဖူးပါဘူး....သူနဲ့ သိတာကတော့ ကြာပါပီ..3 လလောက်တော့ ရှိပြီပေါ့နော်..

ဝတီ က ကျောင်းတက်နေတုန်းလေ... အခု မှ ဒုတိယနှစ် ကွန်ပြူတာ တက်နေတာပါ.. ဝတီ အရင်က ချက်တင်ဆိုတာ ကို
မထိုင်ဖြစ်ပါဘူး... ကွန်ပြူတာကျောင်းသူဖြစ်ပြီး
ဂျီမေးလေးတခုလောက်တော့ ရှိမှပါလေ ဆိုပီး သူငယ်ချင်းတွေ နဲ့ 

ဆိုက်ဘာကို လိုက်သွားရင်းနဲ့  စချက်တင်ထိုင်ဖြစ်တယ်ဆိုပါတော့လေ...
ဝတီ တို့ မှာက ညီအမ နှစ်ယောက်တည်းလေ.. မမရတီက ကျောင်းဆရာမပေါ့.. သူ့ ငယ်ချင်း ကစလုံးမှာ ကျောင်းတက်ရင်းအလုပ်လုပ်နေတယ်လေ .. မမ ရတီ က သူ့ သူငယ်ချင်းနဲ့ အီးမေးချင်း
အဆက်အသွယ်ရှိတယ်လေ... မမ ရတီ ကို အဖော်လိုက်ပေးရင်းနဲ့ 
နောက်ပိုင်း ဝတီ ချက်တင် အမြဲ ထိုင်ဖြစ်ပါတော့တယ်....
ဝတီ က စကားပြောရင် ဂျစ်ကန်ကန်လေးရယ်.. ဒါကြောင့်ချက်တင်မှာလဲ
ခဏ ခဏ ရန်ဖြစ်ရတယ်.. သူဆိုတဲ့ တယောက်ရဲ့  နာမည်က ဗညားလို့ခေါ်ပါတယ်။။ သူ့ ရုပ်ကို ပြပါဆိုတော့ မပြဘူး..အပြင်မှာတွေ့ မှ
ပြမယ်တဲ့လေ... အသက်မေးတော့လဲ ဘယ်လောက်ထင်မလဲတဲ့..ပြောကြည့်ပါတဲ့လေ..ဝတီ ထက်ကြီးမယ်ဆိုတာတော့
သိနေတယ်လေ.. သူအသံကလေ လူကြီးတယောက်လိုပဲ... အရမ်းကိုချိုသာပါတယ်..ဝတီစိတ်ထဲမှာတော့ တခါမှမမြင်ဘူးသေးတဲ့ သူ့ ကို အရမ်းချောမောလှပ သူတယောက်လို့ မှတ်ချက်ချပြီးသာ...
သူ့ အသံ..သူ့ ပြောပုံဆိုပုံလေးတွေ က ချောမောခန့် ညားတဲ့ သူတွေ ရဲ့ ပုံစံပဲလေ..နောက်ပိုင်း ဝတီ နဲ့  သူနဲ့ အမြဲချက်ဖြစ်ပါတယ်..
ကြာလာတာနဲ့ အမျှ သူနဲ့ ဝတီ နဲ့ က သူငယ်ချင်းမက ရည်းစားမကျ ပေါ့နော်.. ဟိဟိ.
ဝတီ နှင်းဆီပန်းအဖြူလေး ကြိုက်တယ်ဆိုတာ သူ့ ကိုပြောပြထားတယ်လေ.. ဝတီ မေးကို နေ့ တိုင်း နှင်းဆီ အဖြူ လေး
ပို့ ပေးနေကျလေ...သူက ဝတီ့ ကို ကလေးလေးတယောက်လို ပဲ အမြဲဆုံးမပါတယ်.. သူက ဝတီနဲ့ မွေးနေ့ ကျရင် ဝတီ နဲ့ တွေ့ ချင်တယ်လို့ တောင်းဆိုလာပါတယ် ..ဝတီနဲ့  သူနဲ သိလာတာလဲ ကြာပြီလေ ... တကယ့်နှင်းဆီ အစစ်ကို လဲ သူက ဝတီ့ကိုပေးချင်ပါတယ်တဲ့လေ ....
ဝတီ့စိတ်ကူးထဲ က ချစ်သူ ကို ဝတီ တွေ့ ချင်နေတာပေါ့ ..
တနေ့ ပေါ့ .. သူနဲ့ ချက်နေတဲ့အချိန် မမရတီ လိုက်လာတာ ဝတီ မသိလိုက်ဘူး.. ဝတီကလဲ ကိုယ့်အာရုံနဲ့ကိုယ်ပေါ့ .. type နေတာ..နောက်ကနေ ဝတီရိုက်နေတဲ့ စာတွေ ကို သူလိုက်ဖတ်နေတယ်လေ.. ဒါပေမယ့် ဝတီတို့ ရိုက်တဲ့  ဘားဂလိရှ်ကို သူမဖတ်တတ်ပါဘူး..နောက်မှတဖြည်းဖြည်းနဲ့  သိလာတယ်လေ.. အဲဒီနေ့  အိမ်ပြန်တော့ ဝတီ့ ကို မမ ဆူပါတယ်.. သူနဲ့လဲ မတွေ့ ဘူးပဲနဲ့  အဲလို ပြော၇မလားပေါ့နော်.......သူနဲ့ သွားတွေ့ ဘို့ဆိုတာကိုလဲ ပိတ်ပင်ပါတော့တယ်... ဝတီမွေးနေ့ ကျမတွေ့တော့ပဲ လာမယ့် ဆန်းဒေးတွေ့ ဖို့ ချိန်းလိုက်ပါတယ်.. ဆန်းဒေးကျ ကျူရှင် အကြောင်းပြပြီး အိမ်က ထွက်လို့၇တယ်လေ.....
အိမ်က မမရတီကလဲ ဝတီ ချက်တင်ထိုင်တာ မကြိုက်ပါဘူး..မေ့မေ့ ကို အမြဲတိုင်တယ်လေ..
အင်တာနက်ဆိုင်က ဝတီ တို့ ရဲ့ မျက်စောင်းထိုး လေးတင်ဆိုတော့
ဝတီ့ အတွက် လွယ်နေတာပေါ့နော်...
ဒါနဲ့ ဆန်းဒေးရောက်လာပါတော့တယ်..
သူနဲ့ တွေ့ ရမှာဆိုတော့လေ ဝတီ အလှဆုံးပြင်ဆင်ရမယ်လေ..
တော်ကြာ သူကချောမောနေပြီး ဝတီ က မလှဘူးဆိုရင်
မလိုက်ဖက်ပဲနေမှာပေါ့နော်..
အင်္ကျီတွေ တထည်ပြီး တထည် ရွေးနေရတာလဲ မောလှပါပြီ..

''ဝတီ ''

'' ရှင် ..မမ .. "

'' ဘာလို့ ဒီလောက် အလှတွေ ပြင်နေရတာလဲ .. ကျူရှင်သွားမှာ
အဲလောက်ပြင်စရာလား .. နင်နော်...ကြည့်နေ.. ငါမေမေနဲ့ တိုင်မှာ...
အခုမှ ကျောင်းတောင် မပြီးသေးဘူး.. တခြားအကြောင်းတွေ စိတ်မဝင်စားနဲ့ နော်... ဟို ဗညားဆိုတဲ့ တယောက်နဲ့လဲ သွားတွေ့ ဖို့ 
စိတ်ကူးမနေနဲ့ ...ကြားလား .. ''

'' မတွေ့ ပါဘူး မမ ရဲ့ ..ဝတီ ကျူရှင် သွားမလို့ ပါ ''
'' ပြီးရော..ပြီးရော... ကောင်းကောင်းနေ .. ဒါပဲ နော် ''
'' ဟုတ် မမ ..''

ဝတီလဲ ကြာကြာနေရင် ဆက်ပြောနေမှာဆိုးတာနဲ့ ပဲ အိမ်ကနေ ထွက်လာခဲ့ပါတော့တယ်.... ဒါတောင် မမရတီရဲ့  မေမေနော် မေမေ့သမီးကို ကြည့်ထိန်းအုံးဆိုတဲ့  အသံ ကို ကြားလိုက်ရပါသေးတယ်..

ဝတီကတော့ ဘာပဲပြောပြော သူ နဲ့ ချိန်းထားတဲ့  ကန်တော်ကြီးထဲကိုကားလေးငှားပြီး ထွက်လာလိုက်ပါပြီ....

ဟိုရောက်တော့ သူနဲ့ ချိန်းထားတဲ့ နေရာလေးမှာ သူမရောက်သေးပါဘူး..
တခါမှလဲ မတွေ့ ဖူးတော့ သူဘယ်လို ပုံစံလဲ ဆိုတာလဲ ဝတီ မသိပါဘူး ..
သူက ဝတီ့  ကို မြင်ဖူးတာပဲလေ ..အရင်က ဝတီ သူ့ ကို ဓာတ်ပုံ ပေးထားတယ်ဆိုတော့ သူအရင်လာခေါ်ပါလိမ့်မယ်..ဝတီထွက်လာတာကလဲ နဲနဲစောနေတာကိုး.
ဝတီထက်နဲနဲအသက်ကြီးမယ့် ကောင်လေးချောချောလေး ဆို သူများလားလို့  လှည့်လှည့်ကြည့်ရတာလဲ မောလာပီ..ရင်တွေလဲ ခုန်နေပြီ .. ဟိဟိ...
သူလာရင်တော့ ဝတီ့ အတွက် နှင်းဆီဖြူလေး ပါလာမှာလေ....
ဝတီ ခုံတန်းလေးမှာ ထိုင်နေရင်း သူ့ အလာကို မျှော်နေမိပါတယ်...
အဲအချိန်မှာပဲ ဝတီ ရှေ့ ကို နှင်းဆီဖြူ လေးေ၇ာက်လာပါတယ်..
ဝတီမော့ကြည့်လိုက်တော့ ပါဝါမျက်မှန်ထူထူကြီးနဲ့  လူကြီးတယောက်ပါ..
သူ့လက်ထဲမှာတော့ ဝတီ့ အကြိုက် နှင်းဆီဖြူလေးရယ်လေ....နှင်းဆီဖြူ လေး ကို ဝတီ့ ကို ကမ်းပေးနေပါတယ်..ဝတီလေ နှင်းဆီဖြူ ကို မယူနိုင်ပဲ သူ့ ကိုပဲ ငေးကြည့်နေမိပါတော့တယ်.. ဝတီ ဘယ်လိုမှထင်မထားတဲ့ပုံစံကြီးပါ .. ဝတီ အတွေးထဲ မှာတော့ အရမ်းချောမာပြီး ငယ်ရွယ်မယ်ထင်ထားတာလေ..အခုတော့ ....
ဝတီတယောက် စွံအလို့ နေပါပီ....သူ့လက်ထဲ က နှင်းဆီကို လဲ
ဝတီ မယူမိပါဘူး .....ဖြစ်နိုင်ရင်လေ ဝတီ ထွက်တောင်ပြေးချင်ပါတော့တယ်...

'' ကလေး ..ယူလေ..ဝတီ့ အတွက် ကိုယ်ယူလာတာလေ..
ဝတီပဲ နှင်းဆီဖြူ ဆို အရမ်းကြိုက်တယ်ဆို.. ဘာစားပြီးပြီလဲ .. တခုခုစားရအောင်လေ..
စကားလဲမပြောပါလား...ချက်ထဲမှာတော့ သာလိကာလေး ကျနေတာပဲနော်.. သူ့ လောက်ပြောတာ သူပဲ ..အခုကျတော့ တိတ်နေလိုက်တာ '' တဲ့လေ.. သူချည်းပဲ ဆက်တိုက်ပြောနေပါတော့တယ်..
'' မဟုတ်ပါဘူး ...ဝတီ ခေါင်းနဲနဲကိုက်နေလို့ပါ ..''
'' ဟုတ်လား ..ဘယ်လိုနေသေးလဲ ...''

'' ဝတီ ပြန်ချင်ပြီ..နောက်မှတွေ့ ကြတာပေါ့နော်...
အခုကလေ ကျူရှင်ချိန်မှီအောင် ပြန်ရမှာမိုလို့ ပါ... ''

'' ဒါဆို ကိုယ်လိုက်ပို့ ပေးမယ်လေ ...ကိုယ့်မှာ ကားပါတယ်...''
သူသူဌေးဆို တာ အရင်တည်း က ဝတီ သိပါတယ်.. ဒီလောက် အသက်ကြီးမယ်လို့  မထင်မိဘူး ..အခုတော့ ...ဟူးးးးး......
ဝတီ အော်ငိုပစ်လိုက်ချင်နေပီ......
ကားနဲ့လိုက်ပို့မယ်ဆိုပီး ကားတင်ပြေးမှာလဲ ကြောက်ရသေးတယ်...
''ရပါတယ် ..ဝတီ ဟာ ဝတီ ပြန်ပါ့မယ်...''
'' ဟာ ..မရပါဘူး .. ကိုယ်လိုက်ပို့ ပေးမှာပေါ့ ..ဝတီ ခေါင်းကိုက်နေတယ်မလား ... လာ..တက် ...''

နောက်ဆုံး ဝတီ ဘယ်လို မှ မတတ်သာတဲ့ အတွက်
သူ့ ကားပေါ်တက်လိုက်ရပါတော့တယ်.....
ဝတီ ကားပေါ်ကနေ ဝတီတို့ ထိုင်ခဲ့တဲ့ ခုံတန်းလေး ကို အကြည့်
မြက်ခင်းစိမ်းပေါ်မှာ ပိုင်ရှင်မဲ့ နေတဲ့ နှင်းဆီဖြူ လေး ကို နှမျောတသ ငေးကြည့်နေမိပါတော့တယ်........
နောက်ဆုံးမှာတော့ ဝတီတယောက်.............






5 comments:

ဝက်ဝံလေး said...

ဟေ့ ဒီနေ့မှ စနေပဲ ရှိသေးတာ စနေ ချစ်သူဆို တော်သေးးးး အဟေးးးအဟေးးးးးးး

ဖတ်သွားတယ်သိလား ချက်တင်းမှာ ဒီလိုပါပဲ ဟဟဟ အဲဒါ ရွှေညာသူ ကိုယ်တွေ့လား ဝေ့ ဟိဟ စ တာနော် ဘိုင် တာ့တာ

Unknown said...

ဟူးးးးးးးးးးးးးးး

ဖတ်ရင်းနဲ့ ရင်တောင်မောတယ်...
ကောင်းတယ် ကောင်းတယ်... အဲဒါသိလား ဟိဟိ ပြောပြဘူး..

သူ့လိုပဲ နောက်ဆုံးကို ပြောပြဘူး ၀တီ ဘာဖြစ်သွားလည်း နောက်ဆက်တွဲရှိသေးလားဟင်...

လင်းကြယ်ဖြူ said...

ရင်နာလျှက် မထူးပါဘု
အင်တာနက် ဖူးစာဟု မှတ်ယူရင်း
အပြတ်ထူတဲ့ မျက်မှန်အောက်က အကြည့်တွေကို ရင်ခုန်ကြည့်နိုင်ပါစေလို့
ဇာတ်လမ်းထဲက ဇာတ်ကောင် မ၀တီရေ....
ပျော်ပါစေ..

မင်းနေဝေး said...

ဇါတ်ကောင် ၀တီကရော တော်တော်ချောလား :P
မေးကြည့်တာပါ ... :D

ရင်ရဲ့ ရိုးရာ said...

ဟင် င့ါမမ နှယ် ကိုယ်တွေ့တော့ မဟုတ်နိုင်လောက်ပါဘူးနော် ဟိဟိ စတာပါကွယ် ဆန်းဒေးချစ်သူ ကြီးက အသက်ကြီးနေတော့ လှလှပပ(တကယ်တော့မသိ) မမ၀တီတစ်ယောက် ဖီးငုပ်တာပေါ့ကွယ်း)) ဟိုသီချင်းလေး ကောက်ဆိုလိုက်မယ်
သဘာဝ..ဟာ သဘာဝပါ..

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner