Sunday, September 6, 2009

တချိန်က ကောင်ကလေးသို့ 


 

ကောင်ကလေးရေ
နင့်ရင်ထဲမှာ ငါမရှိတော့ပေမယ့်
ငါ့ရင်ထဲမှာ နင်အမြဲရှိနေတယ်
သူများတွေလိုတော့ အချိန်တိုင်း သတိယတယ်လို့ 
ငါဖွဲဖွဲ့ နွဲ့ နွဲ့ မပြောတတ်ပါဘူး
သေချာတာတစ်ခုကတော့ ငါ့ရဲ့ အသက်ရှူလိုက်တိုင်းမှာ
နင့်ကို သတိရနေတယ်ဆိုတာပါပဲ
ငါ့ရဲ့ အဖြစ်တွေကို နင်မြင်ရင်
ဟားတိုက်ရီနေမှာလား.
ငါ့ရင်ထဲမှာ နင့်အတွက်
အချစ်သစ်ပင်လေးစိုက်ထားတယ်.
ဘယ်တော့မှ မသေဆုံးတဲ့ သစ်ပင်လေးပေါ့
ငါ့ရင်ခုန်သံတွေ မရပ်သရွေ့  နင့်ကိုချစ်နေမယ့်သူပါ.
ကောင်ကလေးရယ်…….
( ဟင့်..ရွှတ်.. လွမ်းရယ်…. :PPPPPP  )






1 comments:

ဝက်ဝံလေး said...

aww ဒွက်ခ ဘာဖြစ်ရပြန်တာတုံး ဒါက ဟက်

တူ့လိုပဲ ခံစားပြီး ဖတ်သွားတယ် သိရား ဟိဟိ

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner