Thursday, September 17, 2009

♥♥ မရနိုင်တော့တဲ့ အချစ် ♥♥

မခေါ်ပဲနဲ့ ရောက်လာတယ်
မနှင်ပဲပြန်ထွက်သွားတယ်
ထွက်သွားသူအတွက်                    
အမှတ်တမဲ့ ဆိုခဲ့ပေမယ်
ကျန်ခဲ့ရသူ အတွက်တော့
အမှတ်တရ
ကြေကွဲမှုတွေ အပြည့်ပါ
ပြန်ဆုံမယ်လို့
မျှော်လင့်ခွင့် မရှိပေမယ့်
နောက်တကြိမ် ပြန်ဆုံတွေ့ဖို့
မျှော်လင့်တောင့်တနေမိတယ်
မင်းဆီက ပျော်ရွှင်မှုတွေ
ငါ့အတွက် မဟုတ်ခဲ့ရင်လည်း
မင်းဆီက အဆိုးတွေကိုတော့
ငါပိုင်ဆိုင် ထားခွင့်ရှိချင်တယ်.....

6 comments:

လင်းငယ် said...

အဆိုးတွေ ပိုင်ဆိုင်ပြီးဘာလုပ်ဖို့လည်း.. ချက်စားလို့လည်းမရပဲနဲ့...

မိုးစက်ပွင့်လေး said...

အဟီး.. ကိုလင်းငယ်ကတော့ လုပ်ပီ.. ရေးချင်တာလျှောက်ရေးပါတယ်ဆိုနေမှ..ဟွန့် ..

နွေဆူးလင်္ကာ said...

ရေးချင်တာလျှောက်ရေးတာလဲ ဖတ်လို့ကောင်းပါတယ်။

နမ်းမဝ said...

ဟုတ်ပ...
ကောင်းပ....

. said...

အပဲာ ........ ဖတ်သွားတယ် ခင်ည

ဇီးကုန်းသာယာ said...

တူတူလေးကတော့ တော်တော်ကို ဆွေးပြနေပါလား :? :P

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner