Wednesday, September 9, 2009

......အပိုင်လိုချင်တယ်........


နင်ကပဲ ချစ်တတ်ခဲ့တာလား ………?
ငါကပဲချစ်စရာကောင်းခဲ့တာလား ……..?
ဖြေစရာမှ မလိုခဲ့ပဲချစ်သူရယ် …………
ရင်ခုန်သံတိုင်း နင်အပိုင်ရလို့
စိတ်ကူးတွေတိုင်း နင်စိုးမိုးခဲ့တယ် ……………
အသက်ရူတိုင်း ကိုယ်သင်းနံလေး
ငါသတိရလို့ပြန်လိုချင်တယ် ခဏခဏလေ
ငါ့ခြေလှမ်းတိုင်း နင့်အရိပ်ပါလို့
ငါအနာဂတ်လည်း နင့်နာမည်ထွက်တယ်
အရမ်းချစ်တယ် ငါ့ချစ်သူရယ်
ထားခဲ့မလား ? ကျန်ခဲ့မလား ?
မေ့သွားမလား ? လွမ်းနေမှာလား ?
အတွေးတွေနဲ့ သွေးပျက်ခဲ့တဲ့
ညတွေအကြောင်း နင်သိပါ့မလား
တယောက်ထဲရှိတိုင်းသတိရတတ်လို့
အလွမ်းသီချင်းတွေ နားမထောင်ရဲခဲ့တာကော
နင်သိပါ့မလား…………
အထီးကျန်နေသူတယောက်ရဲ့ ဘဝကိုရော
နင်သိပါ့မလား…………
မေးခွန်းတွေနဲ. ငါပျော်ပါတယ်
ကလေးတယောက်လို ပူဆာခွင့်သာရှိခဲ့ရင်
မျက်ရည်တွေသွင်သွင်ကျလို့
ငိုပြလိုက်ချင်တယ် …………
အပိုင်သာငါလိုချင်ပါတယ် ~~~~!

3 comments:

Unknown said...

နယ်သူ လောဘ တယ်ကြီးပါလား.. :P ကောင်းတယ် ကောင်းတယ်... ဆက်ရေးဟ... :)

မိုးစက်ပွင့်လေး said...

နယ်သားကလဲ...နင့်နယ်သူပဲ..ဒီလောက်တော့ လောဘကြီးတာပေါ့လို့ ..ဘယ်ဒူ့ မှပေးဝူး..ဒါဗြဲ...

. said...

အပိုင်လိုချင်ရင် . .. အတင်းငိုတောင်းး

မရမချင်း မတိတ်နဲ့ . ..

ပီားးးးးးး

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner