Monday, December 28, 2009

ချန်ခဲ့သူနဲ့ကျန်တဲ့သူ..သယ်သူပိုလွမ်းမလဲ .....

အခြေအနေအကြောင်းကြောင်းကြောင့်ချစ်သူတွေခွဲခွါကြရတယ်...

ဥပမာ..တစ်ခြားနေရာကိုထွက်သွားတာမျိုးပေါ့

အဲဒီအခါမှာ...ချန်ခဲ့သူနဲ့...ကျန်ခဲ့သူ..ဘယ်သူပိုလွမ်းမယ်လို့ ထင်လဲ...

မိုးစက်ပွင့်လေးကတော့...ကျန်ခဲ့သူပိုလွမ်းမယ်လို့ထင်တယ်....

ဘာလို့လဲဆိုတော့......နေရာတကာမှာသူ့အရိပ်တွေချည်းပဲလေ....

ချန်ခဲ့တဲ့သူအနေနဲ့ကလွမ်းရရင်တောင်....ပတ်ဝန်းကျင်သစ်ဖြစ်တဲ့အတွက်....

အနည်းအကျင်းတော့...ခံစားရတာသက်သာမယ်လို့ထင်တယ်...

သူငယ်ချင်းတို့အမြင်လေးကိုပြောပြပေးပါဦး..........


 


4 comments:

justfreeman said...

စွဲလမ်းလွန်းရင် ဒုက္ခရောက်တတ်ပါတယ် ဖွားဖွားရယ်နော်။ ကိုယ့်ကိုမကြင် လို့ပြစ်သွားမေ့သွားတဲ့သူကိုမှာ စွဲလမ်းတမ်းတနေစရာမလိုပါဘူးနော်။ Newton ရဲ့ နိယာမအတိုင်း Action To Reaction ပဲ ပြန်လုပ်ပေးရမှာပေါ့။ သေသေချာချာမှတ်ထားနော် တခါပြောမှတခါမှတ်တာမျိုးက မကောင်းဘူး ..... :)

နွေဆူးလင်္ကာ said...

ချန်ခဲ့သူလဲ မဖြစ်ဖူးဘူး။ ကျန်ခဲ့သူလည်း မဖြစ်သေးဘူး။ တစ်ခုခု ဖြစ်လာခဲ့ရင် လာပြောမယ်လေ :-)

သိင်္ဂါကျော် said...

ကျန်ခဲ့သူက ပိုလွမ်းရမှာပေါ့.. ကိုယ်တွေ့တော့ မဟုတ်ပါဘူး..
အပြီးချန်ခဲ့တာလား.. ခဏတဖြုတ် ချန်ခဲ့တာလား... အပြီးချန်ခဲ့ရင်တော့ လွမ်းမနေပါနဲ့တော့...

စိတ်၏ဖြေရာ said...

ချန်ခဲ့သူကတော့ပတ်ဝန်းကျင်သစ်၊ရေမြေသစ်မှာအတွေ့
အကြုံသစ်တွေနဲ့မို့လွမ်းပေမဲ့တမြေ့မြေ့ဆွေးနေဖို့အခြေအနေ
မပေးပါဘူး။ကျန်ခဲ့သူမှာတော့နေရာတိုင်းမှာသူ့အရိပ်၊
သွားလေရာမှာသတိရစရာချည်းမို့အလွမ်းတွေအပြင်
တမြေ့မြေ့ဆွေးရပါတယ်။ကိုယ်တွေ့နော်။)း

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner