Tuesday, December 8, 2009

♥♥♥ ချစ်သူ့ အတွက် ♥♥♥

ဆုံစည်းခဲ့တဲ့ နေ့ ရက်လေးရယ်
ဘာရယ်မဟုတ်ပေမယ့်
ရင်မှာ အမြဲ အမှတ်ရနေတယ်..။...။

အမှတ်ရစေတဲ့ နေ့ရက်လေးတွေ
ပျော်ရွှင်စွာ ဖြတ်သန်းပြီး
သိပ်ချစ်ကြတဲ့ချစ်သူတောင်ဖြစ်ခဲ့ကြပြီနော်...။...။

အမြဲတမ်းဆိုတာထက်
ထာဝရက ပိုပါတယ်
ချစ်သူ...။....။

ချစ်တယ်ဆိုတာ ထက်
ထာဝရ မခွဲချင်တဲ့အချစ်မျိုးနဲ့ ပါ
ချစ်သူ..။....။

ချစ်တယ် . . . သက်ဆုံးတိုင်
လွမ်းတယ် . . . စက္ကန့် တိုင်း
အသက်ရှူနေတဲ့ အချိန်တိုင်း
ရင်ခုန်သံက သတိပေးနေတယ်
♥ ------- ချစ်သူရေ ------- ♥

ရင်ထဲကအချစ်တွေကတော့
ဘယ်တော့မှ
ရိုးမသွားဘူးဆိုတာ

ချစ်သူ သိပါစေနော်....။...။


( ချစ်သူ အတွက် တလပြည့်(6.12.2009) အမှတ်တရ ကဗျာလေးပါ ..)






4 comments:

အဖြူရောင်နတ်သမီး said...

ချစ်သူတော့ မသိဘူး...
နာ...အရင်ခံစားပြီး...အရင်...မန့်တွားဒယ်....
ချစ်သူရေ...ချိတ်မချိုးကြေး......

သိင်္ဂါကျော် said...

ချစ်သူ သိပါစေ... :)

Beauty Studio USA Branded Store said...

တလပြည့်မှသည် ရတုအဆက်ဆက်စီသို့.......။

လင်းကြယ်ဖြူ said...

ဟိုက်ရှားပါးးး....
ဘာလိုလိုနဲ့ တစ်လတောင်ရှိပါပေါ့လား..
ပျော်ကြပါစေ..ပျော်ကြပါစေ....
မေတ္တာဝေပါ၏...

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner