Tuesday, December 1, 2009

မင်းအတွက်

ကဗျာတဲ့
မင်းထားခဲ့လို့
ရင်ခွင်မှာ ဗလာဖြစ်ခဲ့တာပါ။
မစာနာတတ်လို့
ဒဏ်ရာပေးသွားတဲ့မင်းကို
ငိုနေတဲ့မျက်လုံးတွေနဲ့
ပြုံးပြ နှုတ်ဆက်ရဦးမယ်ဆို
နောင်ဘယ်တော့မှ မငိုတော့ဘူး ချစ်သူ။
ငါ့ကို ထားခဲ့ဖို့
စကားလုံးခါးခါးတွေ မလိုဘူး ချစ်သူ။
အေးစက်တဲ့ မင်းမျက်ဝန်းတွေထဲ
ရက်စက်မယ့် နိမိတ်ကို
ငါ - မြင်ခဲ့ပြီချစ်သူ။
နင့်ဘဝအတွက်- ငါ
သုံးမရတော့လို့ ထားခဲ့မယ် စဉ်းစားရင်လည်း
ရင်ခွင်ဗလာနဲ့ငါက
လိုအပ်ရင်နင့်အတွက်
ကာရံမဲ့ကဗျာတွေ စပ်နေဦးမယ်။


(ဟဲဟဲ..အတဲကွဲနေတူညားအတွက်ပါချင့်........ )



3 comments:

အဖြူရောင်နတ်သမီး said...

Super Glue ရှိတယ်ဗျို့....
အလကားပေးမှာနော်....
နောက်တာနော်...တကယ်စိတ်မဆိုးကြေး....

justfreeman said...

အဖြူရောင်နတ်သမီးရေ သူကထားခဲ့တဲ့ချစ်သူကို တဖက်သတ်ဆက်ချစ်နေ ချင်သေးတယ်လို့ဆိုချင်တာလေ အဲ့ဒါမျိုးဆိုရင် Super Glue ရဲ့ Father နဲ့ ကပ်လို့လည်းမရတော့ဘူးလေ။ သူ့ကိုသူပြန်သတ်နေတာလေ အဲ့ဒါမျိုးက ဆေးမရှိဘူးလေ ...... နဲနဲလောက် မန့်ခဲ့ဆိုလို့ မန့် ပေးခဲ့တာနော် စိတ်မဆိုး ရဘူး ...... :)

သိင်္ဂါကျော် said...

အသည်းကွဲတဲ့ အချိန်တုန်းကတော့ ရင်ခွင်ဗလာနဲ့လို့ ပြောခဲ့တဲ့ သူငယ်ချင်းတွေ နောက်တော့လည်း...

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner