စိတ်ထဲရှိရှိသမျှနဲ့ 
အပြင်ဖက်ကလက်တွေ့ဘ၀တွေက
ကွာခြားလွန်းလှပေါ့ ချစ်သူ
ကိုယ်ရှာချစ်ခဲ့တဲ့
မိန်းကလေးတွေထဲမှာတော့
မင်းဟာ ကဗျာဆန်အောင်မလှပပေမယ့်
ရိုးသားမှုတွေနဲ့သီကုံးထားတဲ့
မင်းရဲ့စကားလုံးတွေဟာ
ကိုယ့်ရဲ့ကဗျာလေးတွေပါ့  ။
အတူနေရရင်တော့ သိပ်ကောင်းမှာပေါ့ချစ်သူ့ 
အနေဝေးနေပေမယ့်
မင်းအပေါ်ချစ်နေတဲ့အချစ်တွေဟာ
အေးခဲမနေပဲ
ရေလိုက်ငါးလိုက်မက
အကြင်နာပိုကာ မင်းကိုချစ်ခဲ့တာ
မင်းအသိဖြစ်မှာပါ့  ။
နေမြင့်လေအရူးရင့်လေဆိုတဲ့စကာ့း့ 
ငါ့ကိုတိုက်ရိုက်လာမှန်မှာလည်းစိုးမိသား
အမ္မပါလီ မင်းသမီးဟာ
ပြတ်သားတဲ့ရပ်တည်ချက်မထားပဲ
ဟိုတယောက်အတွက်လည်းပေးဆပ်ချင်
ဒီတယောက်အတွက်လည်းပေးဆပ်ချင်လုပ်နေတော့
နောက်ဆုံးရလာတဲ့အဖြေက
ခုနှစ်ပြည်ထောင်မင်းတို့ကို
ကပြအသုံးတော်ခံဖျော်ဖြေဖို့
သူမဟာ့  ကခြေသည်မအဖြစ်နဲ့
သူ့အချစ်တွေကိုခွဲဝေချစ်ပေးခဲ့ရပေါ့  ။
လောကီသားတိုင်းဆိုတာက့ 
အပြစ်မကင်းကြပါဘူး ချစ်သူ
တချို့သူတွေက အမှားကိုသိရင်
အမှန်ကိုပြင်ရဲတော့
လေးစားစရာသူစာရင်းထဲ ပါသွားခဲ့ပေါ့
မင်းကို ကိုယ်က ယုံကြည်စွာချစ်ခဲ့လို့
တော်လေး၀၀င်ကိုနောက်တယောက်ထပ်တိုးကာ
တော်ငါးဝ စာရင်းဝင်ဆိုပြီး
မှတ်တမ်းတင်ကာ ချစ်နေချင်သူပါ
ဒါပေမယ့့် 
နေမြင့်လေအရူးရင့်လေဆိုတဲ့စကား
မင်းအဖြစ်ခံနိုင်မလားဆိုတာကိုတော့
ကိုယ်ပိုင်အသိနဲ့ပဲ မင်းဆုံးဖြတ်ပေါ့
ချစ်သူရေ့ 
မင်းဟာကဗျာဆန်အောင်မလှပပေမယ့်
ကိုယ့်ဘ၀ထဲမှာတော့
မင်းဟာကဗျာလေးပါ့  ။
ဇာနည်မောင်
၈ - ၁၀ - ၂၀၀၉
မိုးစက်လေးကို ဖွားဖွားလို့ ခေါ်တဲ့ တားတားလေး ဇာနည်မောင်ရဲ့ ကဗျာလေးပါ..
ချစ်တဲ့သူနဲ့ ထာဝရ လက်တွဲနိုင်ပါစေနော်...