Showing posts with label မိုးစက်လေးအကြောင်းတစေ့တစောင်း. Show all posts
Showing posts with label မိုးစက်လေးအကြောင်းတစေ့တစောင်း. Show all posts

Monday, September 7, 2009

အမှတ်တရ နေ့ ရက်လေး

သြော် .. ဘဝ … ဘဝ ..ဘကုံးနဲ့ ဘပီး ဝလုံးနဲ့ ဝတဲ့ ဘဝလေးရယ်ပါ..
အဖြစ်ကတော့ ဒီလိုပါရှင်…အူတူတူအတတလေး မိုးစက်လေး တယောက် ဒွတ်ခတွေ သမုဒ္ဒရာနဲ့ပေါ့ရှင်. (အဟိဟိ) …သူ့ ခမျာ Templatesတွေ နဲ့ ရန်ဖြစ်နေရရှာတယ်လေ..
ဆရာမပါရင် ငပိတောင်ဖုတ်လို့ မရဘူးဆို တာ အသေအချာပါပဲ..
ဘာဖြစ်လို့ လဲဆိုတော့ မိုးစက်ကိုယ်တိုင် ကြုံတွေ့ နေရလို့ပဲပေါ့ရှင်.
ဟူးးးးးးးးးးးးးးးး(စိတ်ပျက်လက်ပျက်သက်ပြင်းချသောအသံပါ)………မောလိုက်တာ…
ညတည်းကရှုပ်နေတဲ့ဒီ templateီမိုးလင်းလို့ ကွန်ပြူတာရှေ့ စထိုင်လဲ ဒီ် template ပါပဲ ..(အဲဒီလောက် ကို ကြိုးတွေကို စားနေတာပါ.. :P) အခုညနေတောင်ရောက်လာရောပေါ့.. မန်မန်လဲချားရတေးဝူးပေါ့ရှင်..(ဗိုက်ထဲမှာလဲ နတ်ကုလားပွဲကျင်းပနေတဲ့အတိုင်းပါပဲ)
ထည့်လိုက်..ပျောက်သွားလိုက် …ပြန်ထည့်လိုက်နဲ့  …ပတ်ချာလည်နေတာပေါ့ရှင်(မျောက်ဆို မူးလဲလောက်နေပါပီ..မိုးစက်လေး သည်မျောက်မဟုတ်ပါနော်)
အဲကြားထဲ အင်တာနတ်ကြီးကလဲ တက်လိုက် ကျလိုက်နဲ့ဆိုတော့….အလွန်တရာမှ စိတ်ရှည်လှပါသော ဒေါ်မိုးစက်တယောက် လုံးချာလည်လိုက်နေတာပေါ့ရှင်…. အဲလို အချိန်လေးမှာပဲ ဂျီတော့လေး ဝင်လိုက်တာပေါ့နော်…..အမှန်တော့ ချက်မလို့မဟုတ်ပါဘူး…(ယုံလားတော့ တိဝူး..) သူငယ်ချင်းတယောက်ကို ဆရာတင်လိုက်ရပါတော့တယ်.. သူရဲ့ ချီးမြှောက်သံလေးကတော့ နင်တော်တော်တုံးတာပါပဲလားတဲ့.. အဟင့်.. သူပြောတာကို တစ်ခုချင်းလိုက်လုပ် မှပဲ အိုကေစိုပြေသွားပါတော့တယ်……..နောက်ဆုံးတော့ မန်မန်ကလဲချာနေတော့ ဒီစာမျက်နှာလေးနဲ့ ပဲ ကျေနပ်လိုက်ရပါတော့တယ်….. အဟင့်…့ မိုးစက်လေး ထမင်းငတ်သွားတဲ့နေ့ လေးပေါ့နော်….
ဘလော့စလုပ်လုပ်ချင်း အမှတ်တရနေ့ လေးတနေ့ ပါ….အမှတ်တရအဖြစ်ရလိုက်တဲ့ ပစ္စည်းလေးတွေကတော့ သူငယ်ချင်းရဲ့ ထောပနာပြုသံ.. သူဌေးရဲ့ နဂါးမျက်စောင်းကြီးပါပဲ….. ဟီးဟီး ..

(အကူအညီပေးခဲ့တဲ့ သူငယ်ချင်လေးတွေ ကို အထူးကျေးဇူးတင်ပါသည်….)



Friday, September 4, 2009

မိုးစက်ပွင့်လေး




ဇူလိုင်လရဲ့ လှတပတနေ့ လေး တစ်နေ့ မှာ နတ်သမီး နက္ခတ်နဲ့ လူ့ လောက ကိုရောက်ရှိလာခဲ့ပါတယ်.. (နတ်သမီး နက္ခတ် နဲ့ တဲ့ .. ဟိဟိ)
မိုးစက်လေးလို အေးမြလိမ့်မယ်လို့ တော့ မထင်လိုက်ကြပါလေနှင့်.... အမြဲ ဂျစ်တစ်တစ် ညစ်ကန်ကျယ်ကောင်မလေးပါ..
2009 စက်တင်ဘာ ၄ ရက်နေ့ မှာတော့ သူငယ်ချင်းတယောက်ရဲ့  အကူအညီနဲ့  ဘလော့ လောက ကို အိုးနင်းခွက်နင်း ဗရုတ်သုတ်ခ
နဲ့ ရောက်ရှိလာတာပါ....(လာတာတောင် ဗရုတ်သုတ်ခ နဲ့ ပါတဲ့..ဒါအစပဲရှိပါသေးတယ်...တိန်...) ..သူငယ်ချင်းများက တော့ မိုးစက်လေး ကို ချစ်ကြပါတယ်တဲ့ ..(ဟုတ်လားတော့မတိဝူး..လျှောက်ပြောတာ..ဒန်တန့် တန်..).. ကိုကို ၊ မမ ၊ မောင်လေး ၊ ညီမလေးတွေအာလုံး ကို ခင်မင်ချင်ပါတယ် ..... လာရောက်လည်ပတ်သူများအားလုံး ပျော်ရွှင်ချမ်းမြေ့  ကြပါစေရှင်..








 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner