Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts
Saturday, September 26, 2009
♥♥ ဆန်းဒေးချစ်သူ ♥♥
ဒီနေ့  က ဆန်းဒေး...
ဆန်းဒေး မှာ သူနဲ့  ချိန်းထားတာ ဆိုတော့ ဝတီ လှလှလေး ပြင်ပြီး အင်တာနက်ဆိုင် ကို သွားရမယ်လေ.... သူနဲ့ ဝတီ နဲ့ က ဆန်ဒေးတိုင်း
တွေ့ နေကျလေ .. ဒီအချိန်လောက်ဆို သူ အွန်လိုင်းရောက်နေလောက်ပြီ.
သူဆိုတာကလဲ ဝတီ တခါမှမမြင်ဖူးပါဘူး....သူနဲ့ သိတာကတော့ ကြာပါပီ..3 လလောက်တော့ ရှိပြီပေါ့နော်..
ဝတီ က ကျောင်းတက်နေတုန်းလေ... အခု မှ ဒုတိယနှစ် ကွန်ပြူတာ တက်နေတာပါ.. ဝတီ အရင်က ချက်တင်ဆိုတာ ကို
မထိုင်ဖြစ်ပါဘူး... ကွန်ပြူတာကျောင်းသူဖြစ်ပြီး
ဂျီမေးလေးတခုလောက်တော့ ရှိမှပါလေ ဆိုပီး သူငယ်ချင်းတွေ နဲ့ 
ဆိုက်ဘာကို လိုက်သွားရင်းနဲ့  စချက်တင်ထိုင်ဖြစ်တယ်ဆိုပါတော့လေ...
ဝတီ တို့ မှာက ညီအမ နှစ်ယောက်တည်းလေ.. မမရတီက ကျောင်းဆရာမပေါ့.. သူ့ ငယ်ချင်း ကစလုံးမှာ ကျောင်းတက်ရင်းအလုပ်လုပ်နေတယ်လေ .. မမ ရတီ က သူ့ သူငယ်ချင်းနဲ့ အီးမေးချင်း
အဆက်အသွယ်ရှိတယ်လေ... မမ ရတီ ကို အဖော်လိုက်ပေးရင်းနဲ့ 
နောက်ပိုင်း ဝတီ ချက်တင် အမြဲ ထိုင်ဖြစ်ပါတော့တယ်....
ဝတီ က စကားပြောရင် ဂျစ်ကန်ကန်လေးရယ်.. ဒါကြောင့်ချက်တင်မှာလဲ
ခဏ ခဏ ရန်ဖြစ်ရတယ်.. သူဆိုတဲ့ တယောက်ရဲ့  နာမည်က ဗညားလို့ခေါ်ပါတယ်။။ သူ့ ရုပ်ကို ပြပါဆိုတော့ မပြဘူး..အပြင်မှာတွေ့ မှ
ပြမယ်တဲ့လေ... အသက်မေးတော့လဲ ဘယ်လောက်ထင်မလဲတဲ့..ပြောကြည့်ပါတဲ့လေ..ဝတီ ထက်ကြီးမယ်ဆိုတာတော့
သိနေတယ်လေ.. သူအသံကလေ လူကြီးတယောက်လိုပဲ... အရမ်းကိုချိုသာပါတယ်..ဝတီစိတ်ထဲမှာတော့ တခါမှမမြင်ဘူးသေးတဲ့ သူ့ ကို အရမ်းချောမောလှပ သူတယောက်လို့ မှတ်ချက်ချပြီးသာ...
သူ့ အသံ..သူ့ ပြောပုံဆိုပုံလေးတွေ က ချောမောခန့် ညားတဲ့ သူတွေ ရဲ့ ပုံစံပဲလေ..နောက်ပိုင်း ဝတီ နဲ့  သူနဲ့ အမြဲချက်ဖြစ်ပါတယ်..
ကြာလာတာနဲ့ အမျှ သူနဲ့ ဝတီ နဲ့ က သူငယ်ချင်းမက ရည်းစားမကျ ပေါ့နော်.. ဟိဟိ.
ဝတီ နှင်းဆီပန်းအဖြူလေး ကြိုက်တယ်ဆိုတာ သူ့ ကိုပြောပြထားတယ်လေ.. ဝတီ မေးကို နေ့ တိုင်း နှင်းဆီ အဖြူ လေး
ပို့ ပေးနေကျလေ...သူက ဝတီ့ ကို ကလေးလေးတယောက်လို ပဲ အမြဲဆုံးမပါတယ်.. သူက ဝတီနဲ့ မွေးနေ့ ကျရင် ဝတီ နဲ့ တွေ့ ချင်တယ်လို့ တောင်းဆိုလာပါတယ် ..ဝတီနဲ့  သူနဲ သိလာတာလဲ ကြာပြီလေ ... တကယ့်နှင်းဆီ အစစ်ကို လဲ သူက ဝတီ့ကိုပေးချင်ပါတယ်တဲ့လေ ....
ဝတီ့စိတ်ကူးထဲ က ချစ်သူ ကို ဝတီ တွေ့ ချင်နေတာပေါ့ ..
တနေ့ ပေါ့ .. သူနဲ့ ချက်နေတဲ့အချိန် မမရတီ လိုက်လာတာ ဝတီ မသိလိုက်ဘူး.. ဝတီကလဲ ကိုယ့်အာရုံနဲ့ကိုယ်ပေါ့ .. type နေတာ..နောက်ကနေ ဝတီရိုက်နေတဲ့ စာတွေ ကို သူလိုက်ဖတ်နေတယ်လေ.. ဒါပေမယ့် ဝတီတို့ ရိုက်တဲ့  ဘားဂလိရှ်ကို သူမဖတ်တတ်ပါဘူး..နောက်မှတဖြည်းဖြည်းနဲ့  သိလာတယ်လေ.. အဲဒီနေ့  အိမ်ပြန်တော့ ဝတီ့ ကို မမ ဆူပါတယ်.. သူနဲ့လဲ မတွေ့ ဘူးပဲနဲ့  အဲလို ပြော၇မလားပေါ့နော်.......သူနဲ့ သွားတွေ့ ဘို့ဆိုတာကိုလဲ ပိတ်ပင်ပါတော့တယ်... ဝတီမွေးနေ့ ကျမတွေ့တော့ပဲ လာမယ့် ဆန်းဒေးတွေ့ ဖို့ ချိန်းလိုက်ပါတယ်.. ဆန်းဒေးကျ ကျူရှင် အကြောင်းပြပြီး အိမ်က ထွက်လို့၇တယ်လေ.....
အိမ်က မမရတီကလဲ ဝတီ ချက်တင်ထိုင်တာ မကြိုက်ပါဘူး..မေ့မေ့ ကို အမြဲတိုင်တယ်လေ..
အင်တာနက်ဆိုင်က ဝတီ တို့ ရဲ့ မျက်စောင်းထိုး လေးတင်ဆိုတော့
ဝတီ့ အတွက် လွယ်နေတာပေါ့နော်...
ဒါနဲ့ ဆန်းဒေးရောက်လာပါတော့တယ်..
သူနဲ့ တွေ့ ရမှာဆိုတော့လေ ဝတီ အလှဆုံးပြင်ဆင်ရမယ်လေ..
တော်ကြာ သူကချောမောနေပြီး ဝတီ က မလှဘူးဆိုရင်
မလိုက်ဖက်ပဲနေမှာပေါ့နော်..
အင်္ကျီတွေ တထည်ပြီး တထည် ရွေးနေရတာလဲ မောလှပါပြီ..
''ဝတီ ''
'' ရှင် ..မမ .. "
'' ဘာလို့ ဒီလောက် အလှတွေ ပြင်နေရတာလဲ .. ကျူရှင်သွားမှာ
အဲလောက်ပြင်စရာလား .. နင်နော်...ကြည့်နေ.. ငါမေမေနဲ့ တိုင်မှာ...
အခုမှ ကျောင်းတောင် မပြီးသေးဘူး.. တခြားအကြောင်းတွေ စိတ်မဝင်စားနဲ့ နော်... ဟို ဗညားဆိုတဲ့ တယောက်နဲ့လဲ သွားတွေ့ ဖို့ 
စိတ်ကူးမနေနဲ့ ...ကြားလား .. ''
'' မတွေ့ ပါဘူး မမ ရဲ့ ..ဝတီ ကျူရှင် သွားမလို့ ပါ ''
'' ပြီးရော..ပြီးရော... ကောင်းကောင်းနေ .. ဒါပဲ နော် ''
'' ဟုတ် မမ ..''
ဝတီလဲ ကြာကြာနေရင် ဆက်ပြောနေမှာဆိုးတာနဲ့ ပဲ အိမ်ကနေ ထွက်လာခဲ့ပါတော့တယ်.... ဒါတောင် မမရတီရဲ့  မေမေနော် မေမေ့သမီးကို ကြည့်ထိန်းအုံးဆိုတဲ့  အသံ ကို ကြားလိုက်ရပါသေးတယ်..
ဝတီကတော့ ဘာပဲပြောပြော သူ နဲ့ ချိန်းထားတဲ့  ကန်တော်ကြီးထဲကိုကားလေးငှားပြီး ထွက်လာလိုက်ပါပြီ....
ဟိုရောက်တော့ သူနဲ့ ချိန်းထားတဲ့ နေရာလေးမှာ သူမရောက်သေးပါဘူး..
တခါမှလဲ မတွေ့ ဖူးတော့ သူဘယ်လို ပုံစံလဲ ဆိုတာလဲ ဝတီ မသိပါဘူး ..
သူက ဝတီ့  ကို မြင်ဖူးတာပဲလေ ..အရင်က ဝတီ သူ့ ကို ဓာတ်ပုံ ပေးထားတယ်ဆိုတော့ သူအရင်လာခေါ်ပါလိမ့်မယ်..ဝတီထွက်လာတာကလဲ နဲနဲစောနေတာကိုး.
ဝတီထက်နဲနဲအသက်ကြီးမယ့် ကောင်လေးချောချောလေး ဆို သူများလားလို့  လှည့်လှည့်ကြည့်ရတာလဲ မောလာပီ..ရင်တွေလဲ ခုန်နေပြီ .. ဟိဟိ...
သူလာရင်တော့ ဝတီ့ အတွက် နှင်းဆီဖြူလေး ပါလာမှာလေ....
ဝတီ ခုံတန်းလေးမှာ ထိုင်နေရင်း သူ့ အလာကို မျှော်နေမိပါတယ်...
အဲအချိန်မှာပဲ ဝတီ ရှေ့ ကို နှင်းဆီဖြူ လေးေ၇ာက်လာပါတယ်..
ဝတီမော့ကြည့်လိုက်တော့ ပါဝါမျက်မှန်ထူထူကြီးနဲ့  လူကြီးတယောက်ပါ..
သူ့လက်ထဲမှာတော့ ဝတီ့ အကြိုက် နှင်းဆီဖြူလေးရယ်လေ....နှင်းဆီဖြူ လေး ကို ဝတီ့ ကို ကမ်းပေးနေပါတယ်..ဝတီလေ နှင်းဆီဖြူ ကို မယူနိုင်ပဲ သူ့ ကိုပဲ ငေးကြည့်နေမိပါတော့တယ်.. ဝတီ ဘယ်လိုမှထင်မထားတဲ့ပုံစံကြီးပါ .. ဝတီ အတွေးထဲ မှာတော့ အရမ်းချောမာပြီး ငယ်ရွယ်မယ်ထင်ထားတာလေ..အခုတော့ ....
ဝတီတယောက် စွံအလို့ နေပါပီ....သူ့လက်ထဲ က နှင်းဆီကို လဲ
ဝတီ မယူမိပါဘူး .....ဖြစ်နိုင်ရင်လေ ဝတီ ထွက်တောင်ပြေးချင်ပါတော့တယ်...
'' ကလေး ..ယူလေ..ဝတီ့ အတွက် ကိုယ်ယူလာတာလေ..
ဝတီပဲ နှင်းဆီဖြူ ဆို အရမ်းကြိုက်တယ်ဆို.. ဘာစားပြီးပြီလဲ .. တခုခုစားရအောင်လေ..
စကားလဲမပြောပါလား...ချက်ထဲမှာတော့ သာလိကာလေး ကျနေတာပဲနော်.. သူ့ လောက်ပြောတာ သူပဲ ..အခုကျတော့ တိတ်နေလိုက်တာ '' တဲ့လေ.. သူချည်းပဲ ဆက်တိုက်ပြောနေပါတော့တယ်..
'' မဟုတ်ပါဘူး ...ဝတီ ခေါင်းနဲနဲကိုက်နေလို့ပါ ..''
'' ဟုတ်လား ..ဘယ်လိုနေသေးလဲ ...''
'' ဝတီ ပြန်ချင်ပြီ..နောက်မှတွေ့ ကြတာပေါ့နော်...
အခုကလေ ကျူရှင်ချိန်မှီအောင် ပြန်ရမှာမိုလို့ ပါ... ''
'' ဒါဆို ကိုယ်လိုက်ပို့ ပေးမယ်လေ ...ကိုယ့်မှာ ကားပါတယ်...''
သူသူဌေးဆို တာ အရင်တည်း က ဝတီ သိပါတယ်.. ဒီလောက် အသက်ကြီးမယ်လို့  မထင်မိဘူး ..အခုတော့ ...ဟူးးးးး......
ဝတီ အော်ငိုပစ်လိုက်ချင်နေပီ......
ကားနဲ့လိုက်ပို့မယ်ဆိုပီး ကားတင်ပြေးမှာလဲ ကြောက်ရသေးတယ်...
''ရပါတယ် ..ဝတီ ဟာ ဝတီ ပြန်ပါ့မယ်...''
'' ဟာ ..မရပါဘူး .. ကိုယ်လိုက်ပို့ ပေးမှာပေါ့ ..ဝတီ ခေါင်းကိုက်နေတယ်မလား ... လာ..တက် ...''
နောက်ဆုံး ဝတီ ဘယ်လို မှ မတတ်သာတဲ့ အတွက်
သူ့ ကားပေါ်တက်လိုက်ရပါတော့တယ်.....
ဝတီ ကားပေါ်ကနေ ဝတီတို့ ထိုင်ခဲ့တဲ့ ခုံတန်းလေး ကို အကြည့်
မြက်ခင်းစိမ်းပေါ်မှာ ပိုင်ရှင်မဲ့ နေတဲ့ နှင်းဆီဖြူ လေး ကို နှမျောတသ ငေးကြည့်နေမိပါတော့တယ်........
နောက်ဆုံးမှာတော့ ဝတီတယောက်.............
Saturday, September 19, 2009
အချစ်ကို ယုံကြည်စွာဖြင့် ..
"ကလင်...လင်..လင်...."
ဖြူစာအုပ်ဖတ်နေတုန်းမှာပဲ ဖုန်းလေး က မြည်လာပါတယ်.....
" ဟယ်လို....  ''
'' ဖြူလား... ''
" အယ် ....ကို "
" ဖြူ ခဏလောက် အပြင်ထွက်ခဲ့ပါလား... ကိုပြောစရာရှိလို့ ..
ဆုံနေကျနေရာလေးမှာ ကိုစောင့်နေမယ်နော်.... ''
'' အင်း ''  ဖြူအခုပဲ ထွက်လာခဲ့မယ်လေ..''
အခန်းထဲဝင်ပီး ပိုက်ဆံအိတ်လေး လွယ်ပြီး ကိုနဲ့ ဖြူ တွေ့ နေကျ
ကန်ဘောင်က ခုံတန်းလေးဆီ ဖြူ ထွက်လာခဲ့ပါတယ်...
ခုံပြာလေးမှာ   ဖြူ အလာကိုထိုင်စောင့်နေတဲ့  ဖြူ သိပ်ချစ်ရသော
ချစ်သူကို လှမ်းမြင်နေရပါမည်......
 အနားေ၇ာက်တော့ ကို့ ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်..
" ကိုရယ်..ကိုနဲ့ ဖြူနဲ့ မတွေ့ ရတာ တပတ်ကြီးများတောင်ရှိနေပြီနော်..
လွမ်းနေရတယ်သိလား ကိုရယ်  " ဆိုပြီး ကို့ ပခုံးလေးပေါ် ဖြူခေါင်းလေးအသာတင်လိုက်ပါတယ်..... 
ကို အလုပ်တွေ ကြိုးစားနေတာပါ ဖြူရယ် ''
အဲလိုကိုကပြောလာတော့လဲ ဖြူ တယောက် ချစ်ရသူ ကို့ ကို အရမ်းသနားသွားပါတယ်... အရမ်းလဲ ပိုချစ်မိနေရပါတယ်...
'' ဖြူ နားလည်ပါတယ် ကိုရယ် .. ဖြူ လဲ ကို့ ကို လွမ်းတယ်..
ကို့ ကို အရမ်းလဲ ချစ်နေမိတယ်.. ကိုနဲ့ အတူတူနေချင်နေပီ ''
 ဖြူ့  ကို ကို ပြောစရာ ရှိလို့ ခေါ်လိုက်တာ .. ကို နိုင်ငံခြားမှာသွားအလုပ်လုပ်မယ်.. ပြန်လာရင် ဖြူ နဲ့  လက်ထပ်မယ်လေ..
'' ဟင် '' 
''   ကို နိုင်ငံခြားကို သွားမယ် ..  ဟုတ်လား ..   ''
'' ဟုတ်တယ်ဖြူ ...... ကို နိုင်ငံခြားသွားမယ် .. ဖြူ နဲ့ ကို အတူတူနေဖို့ အတွက်  ကို ပိုက်ဆံသွားရှာမလို့ ပါ ဖြူ ရယ်......''
'' ကို့ ကို မသွားပါနဲ့လားလို့ တော့ မတားချင်ပါဘူး.. ကိုရယ်...
 ဒါပေမယ့်လေ ဖြူ မှ ကို့ ကို မခွဲနိုင်တာ.. သွားရင် သုံးလေးနှစ်တောင်ကြာမယ်လေ.. ကို့ ကို အဲလောက် အကြာကြီး မခွဲနိုင်ပါဘူး ကိုရယ်..ပြီးတော့ နိုင်ငံခြားဆိုတာ ကောင်မလေးတွေကလဲပေါမှပေါ .. တော်ကြာ ဖြူ ကို့ ကို ဆုံးရှုံးနေရပါ့မယ် ကိုရယ်..ဖြူ ပိုက်ဆံမရှိလဲ ကိုနဲ့ ဆို
ဘယ်လိုပဲနေရ နေရ တူတူနေရဲပါတယ် . ''
'' အာာ .. ဖြူ ကလဲ ကို့ ကို အထင်သေးတာလား.. ကို့ မှာလေ
ဖြူ ထက်ချစ်ရမယ့်သူမရှိပါဘူး.. ဖြူ က ကိုယ့်ဘဝ ..ကိုယ့်အသက်ပါ..
ဖြူ လောက်ချစ်ရမယ့်သူလဲ ကို့ ဘဝမှာ ရှိမလာတော့ပါဘူး ချစ်သူရဲ့ ..ကိုယ်ပြန်လာတဲ့တနေ့ ကျ ဖြူ့ ကို လက်ထပ်မယ်လေ.. နော် ..
အခုက မသွားလို့မရတော့ဘူး ..အားလုံး စီစဉ်ပြီးပြီ.. ''
" ကို က အားလုံးစီစဉ်ပြီး မှ ဖြူ့ ကိုပြောတာပေါ့.. ဟုတ်လား ..
  အဲလိုဆိုတော့လဲ ဖြူ ဘာပြောပြော အရာမရောက်တော့ပါဘူး..
 ကိုစိတ်ချမ်းသာရင် ပြီးတာပါပဲ .. ကိုပျော်နေရင် ဖြူ ကလေ
ဘာပဲ လုပ်ပေးရ လုပ်ပေးရ ကို့ အတွက် ပေးဆပ်နေမယ့်သူပါ..
 ကို့ ကို ဖြူ ဘယ်လောက်ချစ်တယ်ဆိုတာ ကိုအသိဆုံးပါ ..
 ကိုသာ ဘယ်တော့မှ မပြောင်းလဲသွားပါနဲ့နော်.... '''
''  စိတ်ချပါ ဖြူ ရယ် ..ကို ဖြူ ကလွဲ ပြီး ဘယ်သူ့ မှလဲ ချစ်လို့မရပါဘူးကွာ.
ဖြူ က ကို့ အတွက်ပဲ ဖြစ်ရမယ်.. အဲလိုပဲ ကိုကလဲ ဖြူ အတွက်ပဲ ဖြစ်စေရမယ်..ကို့ ကို အမြဲလွမ်းနေရမယ်နော်.. ''
     ဒီနေ့  ကို ဖြူ့ ကို ထားပြီး အဝေးကို သွားတော့မယ့်နေ့ ပေါ့..
လေယာဉ်ကွင်းမှာလဲ ဖြူ မငိုမိအောင် မနဲထိန်းထားရပါတယ်...
ဖြူ သိပ်ချစ်ရတဲ့ ချစ်သူ ကို့ ကို ခေါ်ဆောင်သွားမယ့်လေယာဉ်ကြီး ကို
ဖြူ အရမ်းမုန်းတီးမိပါတယ် ..  ဒီလိုနဲ့ပဲ ကိုလေယာဉ်ပေါ်တက်ရဖို့အချိန်ရောက်လာပါတယ်လေ.. ကိုကတော့ ဖြူ့ ကို ကတိတွေ အထပ်ထပ်ပေးပြီး လေယာဉ်ပေါ်တက်သွားပါပြီ..ဖြူ့ မှာသာ တယောက်တည်း ငေးကျန်ရစ်ခဲ့ရပါတယ်... ဒီလိုနဲ့ပဲ နေလာလိုက်တာ
  ကို ဆီ က ဖုန်းနဲ့ တမျိုး..  စာနဲု့ တဖုံ ဆက်သွယ်ပါတယ်.. 
ကိုအဆင်ပြေတယ်ဆိုလို့  ဖြူ ဝမ်းသာမိပါတယ် ....
နောက် နှစ်နှစ်လောက်ကြာတော့ ကို့ ဆီ က အဆက်အသွယ်သိပ်မရတော့ပါဘူး .. သူအလုပ်တွေ အရမ်းများနေလို့
အရင်လို မဆက်သွယ်နိုင်တော့တာကို တမျိုးမထင်ပါနဲ့ဆိုတာကြောင့်
ဖြူ သူ့ ကို သနားတောင် သနားမိပါတယ်.......
ကို့ ကိုလဲ ဖြူ ယုံကြည်နေမိတယ်လေ.....
တနေ့ မှာ ဖြူ ဆီကို ပြန်လာမယ်လို့  ကို ကတိတွေ ပေးထားတယ်...
ကို့ ရဲ့ အချစ်ကို ဖြူ အဆုံးအစမရှိ ယုံကြည်နေမိသူပါ...
ဖြူ ဟာ အချစ်ကို ယုံကြည်တတ်တဲ့ မိန်းမတယောက်ပေါ့ရှင်... 
အချိန်တွေ ရာသီတွေ သာ ပြောင်းလဲ သွားပါတယ်.....
ကိုကတော့ ဖြူ့ ဆီကို ပြန်မလာသေးပါဘူး... 
ကို့ ဘက် က ဘာမှလဲ ဖြူ့ ကို မဆက်သွယ်တော့ပါဘူး.....
ဒါပေမယ့်လဲ ဖြူ ကတော့ ကို့ ရဲ့  အချစ်ကို ယုံကြည်နေမိတုန်းပါပဲ ...... 
ဖြူ ရဲ့ သူငယ်ချင်းတွေ ကတော့ ဖြူ့ ကို ရူးသွပ်စွာ မိုက်မဲမှုတခုပါပဲတဲ့ ...
 သူ့ ကို မေ့ပစ်လိုက်ပြီး ဘဝ အသစ်ကို ပြန်စဖို့ ပဲ တိုက်တွန်းနေကြပါတယ်....ဖြူ က မှ မမေ့ပစ်နိုင်တာ.. ဖြူ အချစ်ကို တန်ဖိုးတားတယ်.. ယုံကြည်တယ်..ကိုဖြူ့ ဆီပြန်လာမဲ့ ရက်ကို ဖြူ သစ္စာရှိရှိနဲ့စောင့်မျှော်သွားမှာပါ ...
'''  ဖြူတယောက် သူမချစ်သူ ကို့ ကို တမ်းတ လွမ်းဆွတ်နေတဲ့ အချိန်မှာ
  သူမ ချစ်သူ ကိုကတော့ အချစ်သစ်နဲ့ ဘဝသစ် တခုကို တည်ဆောက်နေတယ်ဆိုတာကို
ဖြူ တယောက် သိခဲ့မယ်ဆိုလျှင်...........................''
(မကောင်းလဲ သီးခံဖတ်ပေးနော်.. ရေးချင်တာလျှောက်ရေးပစ်လိုက်တယ်.. ဟိဟိ..  )
Friday, September 11, 2009
...ချစ်သူကို SORRY မပြောကြေး...
သင်တို့လဲ သင်တို့ အမှန်တကယ်မြတ်နိုးသင့်တဲ့သူကို တွေ့ပြီထင်တယ်။ မြတ်နိုးကြပါ။
Sorry ဆိုတဲ့ စကားတိုင်း က “ဘာမှမဖြစ်ဘူး” ဆိုတဲ့ စကားကို လဲယူလို့ရတာမဟုတ်ဘူး။
ကိုယ်ချစ်တဲ့သူကို ၀မ်းမနည်းစေပါနဲ့။ အမှားလုပ်ပြီးတိုင်း "sorry " လို့
ပြောမဲ့အစား။အတတ်နိုင်ဆုံး အလိမ်မညာပဲ နားလည်မှု ရှိအောင် ညှိ ယူကြနိုင်ပါစေ။
ဒါနှစ်ဦးနှစ်ဘက်လုံးမကောင်းဘူး……
သူငယ်ချင်းများအားလုံး ချစ်သူကို sorry အလွယ်တကူမပြောမိစေဖို့ ရည်ရွယ်ပါတယ်........
နားလည်မှုတွေနဲ့ အတတ်နိုင်ဆုံး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ
....ချစ်သူကို SORRY မပြောကြေး........
ကောင်လေးနဲ့ကောင်မလေး ကငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့….ရေကန်ဘေးမှာ
ပုဇွန်တွေအတူတူသွားဖမ်းကြတယ်… ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး
တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ၀မ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်…
မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့
စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry
ငါနင့်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ …
ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။
ဖြူစင်လွန်းတဲ့ sorry ....ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးကအမြဲလိုက်ချော့လိုက်နဲ့ သူတို့ ကြီးပြင်းလာကြတယ်။
ကောင်မလေးရဲ့ အအော်အငေါက်တွေကို ခံရင်း စလိုက်ချော့လိုက်နဲ့ ….
ကောင်လေးအရမ်းကို ချစ်မိနေပြီ…..ကောင်မလေးရဲ့ စက်ဘီးလေကိုလျော့ပြီး
ကောင်မလေးနားမှာနေခွင့် ရအောင် ကောင်လေးဖန်တီးခဲ့တယ်….
ကောင်လေးစက်ဘီးလေးကို တွန်းရင်း ကောင်မလေးက ငြီးငြူတယ်….
ဒါနဲ့ ကောင်လေးက “sorry ပါ.. ငါမှားပါတယ်….”
ကောင်မလေးက နောက်ဆိုဒီလိုမလုပ်ဖို့ပြောတယ်…ကောင်လေးခေါင်းကလေးကိုညိမ့်ပြီး
သူတို့ရဲ့ အပြုံးနဲ့ နေ့ရက်တွေကို ဖြတ်သန်းတယ်…ပျော်ရွှင်ခြင်းရဲ့ sorry
ကျောင်းလဲပြီး နှစ်ယောက်လုံးအလုပ်တွေရတော့ တွေ့ဖို့ အချိန်တွေနည်းလာတယ်….
ကောင်မလေးနဲ့ ပထမအကြိမ်ရန်ဖြစ်ကြတယ်… ကောင်လေးက အလုပ်အတွက်လို့ပြောတော့
ကောင်မလေးအလျော့ပေးလိုက်တယ်… ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ ရန်ဖြစ်လိုက်ပြန်ခေါ်လိုက်နဲ့…..
ကောင်မလေးရဲ့မွေးနေ့ကို အတူတူဖြတ်သန်းမယ်လို့ကတိပေးခဲ့တဲ့ ကောင်လေးဟာ
ကောင်မလေး စောင့်တာ မနက်ရောက်တော့ မျက်ရည်စက်နဲ့အတူ အိပ်ပျော်သွားခဲ့တယ်…
မျက်ရည်စက်နဲ့ အိပ်မောနေတဲ့ ကောင်မလေးကို သူအရမ်းသနားသွားတယ်….
“sorry ငါ့ကိုလက်ထက်ခွင့်ပေးပါလား”
ချိုမြန်တဲ့တာဝန်ယူမှုရဲ့ sorry
လက်ထပ်ပြီးနောက် ကောင်လေးအလုပ်အကိုင်တွေအရမ်းအောင်မြင်လာတယ်… အမြဲတမ်း
ဧည့်သည်တွေနဲ့ ညစာစားလိုက်နဲ့ အိမ်မှာပြင်ထားတဲ့ထမင်းတွေကိုသွန်ပစ်လိုက်ရတဲ့ အထိ….
ကောင်မလေး ဈေးကနေ ပုဇွန်းလေးတွေ ၀ယ်လာပြီး ငယ်စဉ်ကို အောက်မေ့ပြီး မွေးထားတယ်…
ဒီလိုနဲ့ ကောင်လေးပြန်လာရင် ရေမွေးနံ့တွေပါပါလာတယ်….
ကောင်မလေးမေးတာကို ကောင်လေးက “ဟာ…ဧည့်သည်တွေများလို့ပါ…”
ကောင်မလေး အဲဒီကနေစပြီး စကားသိပ်မပြောတော့ဘူး….အရင်တုန်းက ကောင်မလေးမဟုတ်တော့ဘူး…
ကိုးရီးယားဇာတ်ကားတွေကို ကြည့်ရင်း ခံစားရင်း ငိုရင်း နဲ့ ……ကောင်လေးပြန်လာရင်လဲမမေးတော့ဘူး..
ဒါနဲ့ ကောင်လေးက “အလုပ်အရမ်းများတော့ ထမင်းသွားသွားစားနေရတယ်
အလုပ်သဘောတွေပေါ့.. sorryပါ”
လိမ်ညာခြင်းရဲ့ sorryဒီလိုနဲ့ ကောင်လေးမပြန်လာတဲ့ညတွေများလာတယ်။ အိမ်ပြင်မထွက်.. တစ်ယောက်ထဲ
အထီးကျန်နေတယ်….. ကောင်လေးကို ဖုန်းဆက်ပေးတော့…
“sorry အလုပ်အရမ်းရှုပ်နေတယ်” ကောင်မလေးဖုန်းချလိုက်ရတယ်…. ဒါနဲ့
ကောင်လေးဘယ်အချိန်ပြန်လာမှာကို သူဖုန်းဆက်မမေးတော့ဘူး။
ဖုန်းကွယ်ခြင်းရဲ့ sorryကောင်မလေး ရုပ်ရှင်ထဲကလို အလှတွေပြင်လာတယ်.. အော် ကောင်လေး သူ့အပေါ်
ငြီးငွေ့နေတာများလားပေါ့။ သူ့ရဲ့ပျော်ရွှင်မှုကို သူဖန်တီးယူမယ်။ ဒါနဲ့သူတစ်ခါမှာမသွားဘူးတဲ့ ကောင်လေးရဲ့ ရုံးကိုသွားခဲ့တယ်။
ကောင်လေးရဲ့အောင်မြင်မှုတွေကို သူတအံ့တသြနဲ့ ကြည့်ရင်း
ကောင်လေးရုံးခန်းဆီကို သူဦးတည်သွားခဲ့တယ်….ကောင်လေးအံ့သြသွားအောင်တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်…
သူတွေ့တာတော့ ပုဇွန်တွေကို လာပေးတဲ့ အရင်ကကောင်လေးမဟုတ်ဘူး….
အခြားကောင်မလေးနဲ့ ဖောက်ပြန်နေတဲ့…. အသိတရားမရှိတော့တဲ့ လူကို သူတွေ့တော့… ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်…
အတော်ကြာမှ ကောင်လေးသတိထားမိသွားတယ်… ကောင်မလေးထွက်ပြေးသွားတယ်…
ကောင်လေးအရမ်းလန့်ပြီး ကောင်မလေးနောက်ပြေးလိုက်တယ်….
ကောင်လေးအော်နေတာကို မကြားနိုင်တော့ဘဲ ပြေးသွားတယ်
“sorry ငါနင့်ကိုပဲချစ်တာပါ sorry ပါ”
နာကျင်မှုတွေပေးတဲ့ " sorry "
ကောင်လေးကောင်မလေးကို အဲဒီအချိန်ကနေစပြီး ရှာမတွေ့တော့ပါဘူး။ ကောင်လေးလဲ
မစားနိုင်မသောက်နိုင် အလုပ်တွေမလုပ်နိုင်ဖြစ်ကုန်တယ်။ ဖုန်းကို ၂၄
ဖွင့်ထားပြီး ကောင်မလေးဆီက ဖုန်းလာတာကို မျှော်တာ နှစ်ဝက်ရှိသွားပြီ…
တရက်မှာ ကောင်လေးဘူးတစ်ခုလက်ခံရရှိတယ်…
ဖွင့်ကြည့်လိုက်တော့ … ပုဇွန်ပုံတွေကို မျိုးစုံပါပဲ….. ဘေးနားမှာ
စာတစ်စောင်ကိုတွေ့တယ်။
“ ငါနင့်ကို တွေ့ဖို့ မ၀ံ့ရဲဘူး။ ငါဘက်က ပျော့ညံ့လွန်းတယ်။ ငါနင့်ကို
မတွေ့ချင်တာလဲဖြစ်နိုင်တယ်။ နင်ကတော့ ခါတိုင်းလိုပဲထင်တယ်။
နင်မရှိတဲ့နေ့ရက်တွေကို ငါဖြတ်သန်းနိုင်စွမ်းရှိသွားပြီ။
ငါရပ်တည်နိုင်ပြီ။ နေ့တိုင်း နင်ပြန်လာမဲ့အချိန်ကိုစောင့်ရင်း
ဖြတ်သန်းနေရတဲ့နေ့ရက်တွေကနေ ငါလွတ်မြောက်လာခဲ့ပြီ။
ငါဖုန်းလဲမကိုင်တော့ဘူး။ နင့်အတွက်နဲ့ ငါဖုန်းမပိတ်ပဲ
နင့်ဖုန်းကိုမျှော်နေရတဲ့ညပေါင်း…. ခုတော့ ငါကိုယ်ကို
တန်ဖိုးထားတတ်သွားပြီ။ ငါနင့်ကို မေ့သွားနိုင်မှာပါ။ ဘာလို့လဲဆိုတော့
ငါ့ရဲ့နှလုံးသားကို ပြန်ဆက်လို့မရအောင် အစိတ်စိတ်အမြွှာမြွာခွဲချေခဲ့တယ်။
ငါ့အချစ်တွေ ပြာကျသွားပြီ။ကွာရှင်းစာချုပ်လဲထည့်ပေးလိုက်တယ် လက်မှတ်ထိုးပြိး
ဒီလိပ်စာအတိုင်းပြန်ပို့ပေးလိုက်ပါ။”
" Sorry "ငါပင်ပန်းသွားပြီ” တဲ့ လေ
နိဂုံးချုပ်လိုက်တဲ့ sorry
ကောင်လေးမျှော်လင့်ရင်း............
ကောင်မလေး အထီးကျန်ဖြတ်သန်းရင်း..............
ဘ၀ ဟာ ပလတ်စတစ်ပန်းပင်လို မဖြစ်စေရဘူး။ မျိုးစေ့ကနေ ပေါက်လာပြီး ရှင်သန်
ကြီးထွားနေတဲ့ ပန်းပင် ဖြစ်ရမယ်။ လှနေရုံ မဟုတ်ဘူး။ အသက် ရှင်နေရမယ်...ဖူးပွင့်နေရမယ်။
(သူငယ်ချင်းတယောက် ပို့ ပေးလာသော ပို့ စ်လေးကိုပြန်တင်ထားတာပါ... ဖတ်ပီး မမန့်ပဲ ပြန်သူများ နောက်ဘဝထိ လူပျိုကြီး ...အပျိုကြီးများ ဖြစ်ပါစေရှင်...ခစ်ခစ်ခစ်..ချိတ်ချိုးနဲ့နော်...အဟိ.. )
ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner