Thursday, October 8, 2009

့♥♥ အဖြူရောင်အချစ် ♥♥

နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ တောက်ပနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။

 ဖြစ်နိုင်မယ်ဆိုရင်…
 နင့်နာမည်  စာသုံးလုံးကို
 စီရီသီကုံးပေးချင်တယ်…။
နင့်ကို   ချစ်တတ်အောင် ပြုစားဖို့

ဘယ်လိုများဆုတောင်းလာခဲ့သလဲ  ....

သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ အရာတခုပါပဲ …။
ချစ်သူကို မြတ်နိုးယုံ

ချစ်နေယုံ နဲ့  
ဘဝဆိုတာ မပြီးပြည့်စုံနိုင်ပါဘူး......
နေနဲ့လက…
တယောက်ကိုတယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…ငါတို့ဝေးလိုက်ကြပါစို့ ...
ဂစ်တာတီးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင်း …
နင်.. …ငါ့ကို မေ့သွားမှာပါ …..
ဘာပဲဖြစ်ဖြစ်
 အားလုံးအတွက်
သေချာတဲ့... ငါ့…ကြေညာချက်ကတော့

ကာလာမပါတဲ့  အဖြူရောင်ချစ်ခြင်းတွေနဲ့ 

နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။
မနက်ဖြန်ခါတိုင်းမှာ ပျော်ရွှင်နေပါစေ... 


 

4 comments:

. said...

ကဗျာလေးးတွေ ပိုကောင်းလာပြီ

Beauty Studio USA Branded Store said...

အဖြူရောင်သူငယ်ချင်းအချစ်လေးပဲကောင်းတယ်။

နွေဆူးလင်္ကာ said...

အဖြူရောင်အချစ် တဲ့။ ကောင်းပါတယ် အဲလို တကယ် ချစ်တတ်ရင်။

Unknown said...

အဆင်ပြေပါစေလို့ဆုတောင်းပေးကာမှ
ဘီရိုဖစ်တွားတာတုန်း
း)
ကဗျာလေးကောင်းတယ်ဝေး

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner