Thursday, January 7, 2010

Online Friend

သူငယ်ချင်း .......
ခင်မင်မှုကိုတန်ဖိုးထားတတ်မယ်ဆိုရင်
ရိုးသားမှုနဲ့ အတူဝင်လာခဲ့ပါ
လွပ်လပ်စွာနားခိုနိုင်သလို
အတားအဆီးမဲ့စွာပဲပြန်ထွက်သွားခွင့်ရှိတဲ့
ကိုယ်ကမ္ဘာဟာ
မင်းအတွက်တော့
ပျော်စရာနေရာလေးတခုဖြစ်မှာပါ။

သူငယ်ချင်း ......
ဒီနေရာမှာ
မင်းဝမ်းနည်းတဲ့အခါ
မင်းကိုနှစ်သိမ့်ခွင့်ပြုပါ .....
မင်းပျော်ရွင်တဲ့အခါ
မင်းနဲ့ အတူခံစားခွင့်ပေးပါ .....
မင်းစိတ်ညစ်တဲ့အခါ
မင်းကိုအားပေးခွင့်ပြုပါ ....။

သူငယ်ချင်း ......
အောင်မြင်ခြင်း ၊ ရှုံးနိမ့်ခြင်း
ကြင်နာခြင်း ၊ နာကျင်ခြင်း
ချစ်ခြင်း ၊ မုန်းခြင်း
အတက်အကျဒီရေလှိုင်းတွေ
မင်းရင်ကိုရိုက်ခတ်လာချိန်
ဝေဒနာမှန်သမျှ
ဒီနေရာလေးမှာဖွင့်ချခဲ့ပါ။

သူငယ်ချင်း ......
ခံစားချက်တွေနဲ့ မွန်းကျပ်လာခဲ့ရင်
မင်းတယောက်အတွက်
ဒီကမ္ဘာရဲ့ တနေရာမှာ
ရှင်သန်နေတဲ့ကိုယ့်ကို
သတိရလိုက်ပါ

0 comments:

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner