Thursday, January 14, 2010

အချိန်ကိုအသုံးချခြင်းနှင့် ဖြုန်းတီးခြင်း

သူငယ်ချင်းအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်ရှင်.....
အချိန်ကိုအသုံးချခြင်းနှင့် ဖြုန်းတီးခြင်း ဆိုတာလေးကို တင်ပြမို့ ပါချင့်... :PPPPP
အားနာပါနာနဲ့ ပဲ နားထောင်တွားကြပါနော်...
အချိန်သည်ငွေပင်ဖြစ်သည်။ အချိန်ကို ငွေနှယ်ဖြုန်းတီး၍မရ။
ငွေတကျပ်ကို မလွှင့်ပစ်နိုင်သလို အချိန်တနာရီကိုလည်းလွှင့်ပစ်၍မရ။ အချိန်ဖြုန်းတီးခြင်းသည် စွမ်းအင်ကိုဖြုန်းတီးခြင်း၊ ရှင်သန်မှုကိုဖြန်းတီးခြင်း၊ အကျင့်စာရိတ္တကို ဖြုန်းတီးခြင်းပင်ဖြစ်သည်။ အချိန်ကိုဖြုန်းတီးခြင်းသည် မကောင်းသူများ နှင့် ပေါင်းသင်းသလို အကျင့်ဆိုးများကို လက်ခံသလိုမျိုးဖြစ်တယ်။
ပြန်မရတော့တဲ့ အခွင့်အလမ်းများကို စွန့့် ပစ်ခြင်းသာဖြစ်သည်။ သင်၏အနာဂတ်သည် အချိန်တွင်တည်ရှိနေသဖြင့် အချိန်ကို မည်သို့သုံးမည်ဖြုန်းမည်ကိုဂရုစိုက်ပါ။
အချိန်သည် လူတစ်ယောက်အား သူ့ကိုသူ အသုံးဝင်သူဖြစ်ရန် ၊ဂုဏ်သိက္ခာရှိသူဖြစ်စေရန်၊
ပျော်ရွှင်သူဖြစ်စေရန်အတွက် ပင်ကိုအသိတရားဖွံ့ဖြိုးစေခြင်း၊ တိုးတက်ရာတိုးတက် ကြောင်းကို မျက်ခြည်မပြတ်စောင့်ကြည့်နေခြင်း၊ မြူဆွယ်မှုများကိုငြင်းပယ်ခြင်း၊သာယာမှုများကို ပစ်ပယ်ခြင်းတို့ဖြင့် ပြီး မြောက်စေပါသည်........

1 comments:

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်..
မိုးရွာတုန်း ရေခံတာကောင်းတယ်
မိုးလွန်မှထွန်ချရင် တော့ နောက်ကျနေပြီပေါ့....
ပျော်ပါစေ

Post a Comment

ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....

 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner