ပြာလဲ့လဲ့မိုးကောင်းကင်အောက်
ငါတယောက်တည်း
ယောင်လည်လည်နဲ့ 
လမ်းလျှောက်ထွက်ခဲ့တယ်
ညင်သာတဲ့လေအဝှေ့ မှာ
ကပ်ညှိပါလာတဲ့  ကိုယ်သင်းနံ့ လေး
ငါ မက်မက်မောမော
လှိုက်ရှူမိသွားတယ်..
ရနံ့ လေးရယ်
ရနံ့ လေးရဲ့ သခင် ကို
ငါ တမ်းတမ်းတတ ရှာဖွေ မိနေတယ်...
အမှတ်တမဲ့ဆိုပေမဲ့ 
ငါ့အတွက်တော့
အမှတ်တရ လေး ဖြစ်သွားတယ်
ရနံ့ သခင်လေးရယ်
ဘယ်ဆီဘယ်နေမှန်းမသိတဲ့ 
ရနံ့ သခင်လေးကို
တမ်းတ မက်မောနေတဲ့
ငါဟာ
တကယ်ဆို
မဖြစ်နိုင်တဲ့ ဘဝတခုကို
အိမ်မက်မက်နေတာပါလား
အိမ်မက်လေးရယ်
ငါဘယ်တော့မှ
အိမ်မက်လေးကနေ
မနှိုးထချင်ဘူးကွယ်
ငါ့ရနံ့ သခင်လေး ကို
အိမ်မက်ထဲမှာပဲ
ထာဝရ တွေ့ ချင်နေမိတယ်......
အိမ်မက်လေးကနေ
ဘယ်တော့မှ မနှိုးထပါရစေနဲ့ နော်....
4 comments:
ရနံသခင်လေးနဲ့ အပြင်လောကမှာဆုံဆည်းပါစေဗျာ။
ကဗျာကောင်းပဲဗျာ။
ရနံသခင်တဲ့လားးးးးးးးးးးးးးခံစားချက်လေးကောင်းတယ်
မိုးစက်ပွင့်လေးရေ
ကဗျာ လာဖတ်တယ် အညာသူလေးရေ ဘိုင် တာ့တာ
ဒီမမ တော့ ဒီအလွမ်း အဆွေးထဲကကို မထွက်တော့ပါလား အဟီး ဘာပဲဖြစ်ဖြစ် ရင်တွင်းဖြစ်တွေဆိုတော့ ကာ ကောင်းပါ၏ ကဗျာကလည်းကောင်း ခံစားချက်ကလည်း ကောင်းဆို တော့ အဟီး ဘာမှ မလိုတော့ဘူးပေါ့နော်
Post a Comment
ဖတ်ပီးရင်တော့ နဲနဲလောက် မန့် ခဲ့နော်....