Thursday, January 19, 2012

..ဟယ်....ဟယ်....ဟယ်တော့...

လက်သရမ်းဖို့အချိန်တန်
အိမ်မပြန်ခင် ကဗျာစပ်
ကာရံတွေထပ်ပြန်တော့
အသစ်တစ်ဖန် အကြံမှာ
နဘေတွေကပ်ရအောင်
လက်ကွက်ခလုတ်မှာ လက်ကိုထပ်
ဟယ်တော့...............
မီးပြတ်သွားပြီ တော့...

Thursday, March 18, 2010

RECYCLER ဗိုင်းရပ်ကို ဖြေရှင်းခြင်း ...

ဘလော့ကိုမဝင်ဖြစ်တာကြာတော့ ဘာရေးရမယ်လဲမသိဖြစ်နေတယ်လေ.. ဟဲဟဲ...
ကြုံရာလေးပါးငါးပါးပဲတင်လိုက်ပါတယ်.. သိပြီးသားဖြစ်ရင်လဲ ဖြစ်နေမှာပေါ့လေ.. 
သည်းခံပီးတော့ပဲ အားနာပါးနာလေး ဆုံးအောင်ဖတ်ပေးကြပေါ့နော်....

Pen Drive တို. Hard Disk ထဲမှာတို. RECYCLER ဆိုတဲ့ ဗိုင်းရပ်က ကြိုပြီးနေရာရာထားရင် ယူထားနေလောက်ပါပြီ။ အဲဒီ RECYCLER ဆိုတဲ့ ဗိုင်းရပ်က autoun.inf ဆိုတဲ့ ဖိုင်လေးနဲ.အတူ Drive တွေကို အကုန်လုံးကို ကူးစပ်တာ အရမ်းမြန်လွန်းပါတယ်။ အဲဒီ RECYCLER ဆိုတဲ့ဖိုင်  Delete လုပ်လို.လည်းမရပါဘူး... ကဲ..ဘယ်လိုလုပ်မလဲ...:PPPPPPPPPPPP
ဘာမှမပူပါနဲ.။ အောက်ကလိပ်စာလေးကိုသွားပြီး unlocker 1.87 Free Version လေးကို ဒေါင်းလော့ဆွဲပါ။
http://ccollomb.free.fr/unlocker/unlocker1.8.7.exe
ပြီးရင်တော့ ဖျက်လို.မရတဲ့ဖိုင်တွေကို Unlocker က ဘယ်လို Action မှာ Delete လိုရွေးပြီး Ok လို.သာပြောပေးလိုက် အဲဒ RECYCLER ဗိုင်းရပ်ပြုတ်ပါ ထွက်သွားလိမ့်မယ်။ 
 
 အဆင်ပြေကြပါစေ....

Tuesday, January 26, 2010

ღღ တောင်းဆု ღღ



တောင်းဆု ဆန္ဒ

ပြည့်ဝလျှင်မူ

ချစ်သူ့ စကား

နားဆင်ကြား၍

ချစ်သူ့ ပုံလွှာ

နှလုံးအိမ်မှာ

တည်မြဲစေကာ

ချစ်အားတသက်

အချစ်စစ်ချစ်

ရိုးမြေကျအောင်

ပေါင်းရပါစေ

တောင်းဆုချွေသည်...



Sunday, January 17, 2010

ချစ်သူကဗျာ

ချစ်သူအကြည့်
ကြိမ်ဖန်များစွာ
မြင်လာရသော်
ငါ့နှလုံးသား
လှုပ်ခတ်လာဧ။်
ချစ်သူအသံ
ကြိမ်ဖန်များစွာ
ကြားလာရသော်
ငါ့နှလုံးသား
လှိုင်းထန်လာဧ။်
ချစ်သူအပြုံး
ကြိမ်ဖန်များစွာ
မြင်လာရသော်
ငါ့နှလုံးသား
ချစ်တတ်လာဧ။်


 

မမေ့ကြေး


သူငယ်ချင်းတွေနဲ့
မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြ
မထင်မှတ်ဘဲ ပြန်ခွဲခဲ့ရ
ရင်ထဲမှာတော့ ထာဝရ
ခင်မင်မပျက် ခင်နေဆဲပါ
မင်းတို့လဲတို့ကိုမေ့မသွားနဲ့
တို့လဲမင်းတို့ကို ဘယ်တော့မှ
မမေ့ဘူး......
တို့တွေအားလုံး ဘယ်တော့မှ
မမေ့ကြေးနော်....






Friday, January 15, 2010

ဓါတ်ပုံလှလလေးတွှေဖန်တီးရအောင်........

သူငယ်ချင်းတို့ရဲ့ ဓါတ်ပုံလေးတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုပြင်ကြည့်ရအောင်......
မိုးစက်လေး သိသလောက် website တွေ ပြောပြမယ်နော်....ကျန်နေသေးရင် သူငယ်ချင်းတို့က ထပ်ဖြည့်ပေးပေါ့..........
ဓါတ်ပုံလေးတွေ ကလိကြည့်တာပေါ့........
 မိုးစက်လေးကတော့ လျှောက်ကလိကြည့်ပါတယ်...
နောက်သိတာရှိရင် ထပ်တင်ပေးပါ့မယ်.......
ပျော်ရွှင်မှုလေးတွေရပါစေလို့ ဆုတောင်းပေးတယ်နော်..........
1. www.photofunia.com

2. http://www.makesweet.com

3. http://imikimi.com/

4. http://www.faceinhole.com/us/

5. http://clubdud.com

6. http://bighugelabs.com

7. http://www.pizap.com

8. http://www.dumpr.net

9. http://www.pikipimp.com


Thursday, January 14, 2010

အချိန်ကိုအသုံးချခြင်းနှင့် ဖြုန်းတီးခြင်း

သူငယ်ချင်းအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်ရှင်.....
အချိန်ကိုအသုံးချခြင်းနှင့် ဖြုန်းတီးခြင်း ဆိုတာလေးကို တင်ပြမို့ ပါချင့်... :PPPPP
အားနာပါနာနဲ့ ပဲ နားထောင်တွားကြပါနော်...
အချိန်သည်ငွေပင်ဖြစ်သည်။ အချိန်ကို ငွေနှယ်ဖြုန်းတီး၍မရ။
ငွေတကျပ်ကို မလွှင့်ပစ်နိုင်သလို အချိန်တနာရီကိုလည်းလွှင့်ပစ်၍မရ။ အချိန်ဖြုန်းတီးခြင်းသည် စွမ်းအင်ကိုဖြုန်းတီးခြင်း၊ ရှင်သန်မှုကိုဖြန်းတီးခြင်း၊ အကျင့်စာရိတ္တကို ဖြုန်းတီးခြင်းပင်ဖြစ်သည်။ အချိန်ကိုဖြုန်းတီးခြင်းသည် မကောင်းသူများ နှင့် ပေါင်းသင်းသလို အကျင့်ဆိုးများကို လက်ခံသလိုမျိုးဖြစ်တယ်။
ပြန်မရတော့တဲ့ အခွင့်အလမ်းများကို စွန့့် ပစ်ခြင်းသာဖြစ်သည်။ သင်၏အနာဂတ်သည် အချိန်တွင်တည်ရှိနေသဖြင့် အချိန်ကို မည်သို့သုံးမည်ဖြုန်းမည်ကိုဂရုစိုက်ပါ။
အချိန်သည် လူတစ်ယောက်အား သူ့ကိုသူ အသုံးဝင်သူဖြစ်ရန် ၊ဂုဏ်သိက္ခာရှိသူဖြစ်စေရန်၊
ပျော်ရွှင်သူဖြစ်စေရန်အတွက် ပင်ကိုအသိတရားဖွံ့ဖြိုးစေခြင်း၊ တိုးတက်ရာတိုးတက် ကြောင်းကို မျက်ခြည်မပြတ်စောင့်ကြည့်နေခြင်း၊ မြူဆွယ်မှုများကိုငြင်းပယ်ခြင်း၊သာယာမှုများကို ပစ်ပယ်ခြင်းတို့ဖြင့် ပြီး မြောက်စေပါသည်........
 

ရွှေညာသူလေး ရဲ့  ပေါက်ကရ အတွေးများ © 2008. Design By: SkinCorner